Friday, October 20, 2006

Profit

ကျွန်တှောက ရှောင်ပြေးစရာ အကြောင်း မရှိပါဘူး။ ကျွန်တှောနဲ့ ရင်းရင်းနှီးနှီး သိသူတိုင်း သူငယ်ချင်းတိုင်း ကျွန်တှော့အကြောင်း ကောင်းကောင်း သိပါတယ်။ သူများတွေ ဘယ်လောက် ဝေဖန်ဝေဖန် ကဲ့ရဲ့ကဲ့ရဲ့ သိပ်ဂရု မစိုက်တတ်ပါဘူး။ အခုလည်း ဘာရယ် မဟုတ်ပါဘူး။ တချို့ တချို့သော အရာတွေအတွက် စိတ်ပျက်လက်ပျက် ဖြစ်သွားတာ။ ကျွန်တှော မေဗလပ်စ်ပိုစ့်ကို ဖတ်လိုက်တာ စာတစ်လုံးချင်းစီကို ဘာသာ လိုက်ပြန် မနေပါဘူး။ အဓိက အနှစ်သာရကို ကျွန်တှော ယူလိုက်တယ်။ ကျွန်တှောနဲ့ ခင်ဗျားတို့ မြင်တဲ့ မြင်ပုံခြင်း မတူဘူး။  ကျွန်တှောလည်း သာမန် ဘလော့ခ်ဂါ တစ်ယောက် အနေနဲ့ ကိုယ့်အမြင်ကို ကိုယ်ရေးတာ ဖြစ်ပါတယ်။ ဒါလုပ်ရမယ်၊ ဒါမလုပ်ရဘူး ဆိုတဲ့ အသုံးအနှုံး တစ်ခါမှ မသုံးဖူးဘူး။ "လုပ်သင့်တယ် ထင်တယ်" လို့ပဲ ကျွန်တှော သုံးတယ်။ ခင်ဗျားတို့ ပြောနေတဲ့ လွတ်လပ်စွာ ရေးသားခွင့် ရှိတယ်ဆိုရင် ကျွန်တှောကလည်း ကိုယ့်အမြင်ကို လွတ်လပ်စွာ ရေးလိုက်တာပါပဲ။ အဲဒီအတွက် လွတ်လပ်စွာ ကွဲလွဲလို့ ရပါတယ်။ ဒါပေမယ့် အဲဒါက ပုဂဿဂိုလ်ရေး တိုက်ခိုက်တာနဲ့တော့ မဆိုင်ဘူး ထင်တယ်။ ဥပမာ ကျွန်တှောက ကယ်လဖိုးနီးယားမှာ နေတယ်။ အာနိုးလ်ကို အချို့အရာတွေမှာ မကြိုက်တာ ရှိကောင်း ရှိနိုင်ပေမယ့် သူက သူများထက်တော့ ကျွန်တှော့ အမြင်မှာ ကောင်းနေတဲ့အတွက် မဲထည့်လိုက်တယ်။ ဒါပါပဲ။

လူတွေဆီကနေ အများကြီး သင်ယူလိုက်ရတယ်။ သူတို့အကြောင်း ချီးကျူး စကား၊ ညွှန်းဆိုစကား ပြောတဲ့အခါ မျက်နှာဝင်းပပြီး တပြုံးပြုံး ဖြစ်နေတတ် ကြပေမယ့် ဝေဖန်မိရင်တော့ ရန်သူလို ဆက်ဆံ ခံရပါရော။ အဲဒီလို ဝေဖန်ရေးကို ဘာလို့ အကောင်းဘက်က မမြင်ကြတာလဲ ဆိုတာ ကျွန်တှော နားမလည်နိုင်ဘူး။ ကျွန်တှောက ခင်ဗျားတို့နဲ့ အပြင်မှာလည်း မမြင်ဖူးဘူး။ တှောတှောနဲ့လည်း တွေ့ကြမှာ မဟုတ်ဘူး။ နာမည်ကြီးအောင် လုပ်ဖို့လည်း မြန်မာပြည်မှာ နေနေတဲ့ကောင် မဟုတ်ဘူး။ ကျွန်တှောက အပင်ပှေါ တင်ပေးပြီးမှ ရိုက်ချတယ်လို့ တစ်ယောက်ပြောတယ်။ ထားပါတော့။ ဒါပေမယ့် အပင်ပှေါ တက်မယ်ဆိုရင် လက်မြဲဖို့တော့ လိုပါလိမ့်မယ်။ သူများခှေါတိုင်း လိုက်တာ နာမည် မကောင်းပါဘူး။ ကိုယ်က လက်မမြဲရင် ပြုတ်ကျမှာပါပဲ။

အမ တစ်ယောက်က မေးလ်နဲ့ ပြောပါတယ်။ ကိုယ်ထင်တာ မှန်တယ်ဆိုရင် ရှောင်ထွက်စရာ မလိုပါဘူးတဲ့။ မှန်တယ်လို့ ယုံကြည်ရင် ဆက်ရေးပါလို့ ပြောတယ်။ ကျွန်တှော မှန်တယ် မမှန်ဘူးဆိုတာ အဓိက မကျပါဘူး။ အချိန်ကြာလာတာနဲ့ သိလာပါလိမ့်မယ်။ ဒါလုပ်ရမယ် ဒါမလုပ်ရဘူးဆိုတဲ့ တင်းကျပ်တဲ့ စည်းတွေ မရှိပါဘူး။ ကိုယ့်ဘလော့ခ်မှာ ကိုယ်ကြိုက်တာ ရေးလို့ရပါတယ်။ ကျွန်တှောပြောတာ အဲဒီစည်းတွေ တစ်ခုမှ မဟုတ်ဘူး။ သေချာဖတ်ကြည့်ရင် သိပါလိမ့်မယ်။ ဒါပေမယ့် လူဟာ ကိုယ်မခံစားရ သေးရင် မနာတတ်သေးဘူးဆိုတာ ကျွန်တှော သိတယ်။

နောက်ဆုံးကတော့ ကျွန်တှော ပြောတာတွေ လိုက်လုပ်ပါလို့ ဘယ်တုန်းကမှ မဆိုခဲ့ဘူး။ ကျွန်တှောသိတာ နဲနဲကိုပဲ ဝေမျှတာ ဖြစ်တယ်။ မနှစ်သက်ရင် ကွဲလွဲလို့ရတယ်။ ကျွန်တှောကလည်း အယူအဆ တူသူများနဲ့သာ ခရီးသွားလိုတယ်။ အဖှောမပါလည်း သွားလို့ရတယ်။ တစ်ခုပဲ ကျွန်တှောတို့ မြန်မာတွေက အစစ အရာရာ နောက်ကျတယ်။ အဲဒီလို နောက်ကျတာကို သာမန် ရိုးရိုးလိုက်နေရင် ပိုနောက်ကျမယ်။ အဲဒီတော့ ဖြတ်လမ်းနည်း သုံးပြီးမှ မလိုက်ရင် ပိုလို့ ပိုလို့ နောက်ကျ နေတော့မှာပါ။ ဘာပဲ ဖြစ်ဖြစ် အားလုံးကို ကျေးဇူးတင်တယ်။ ခင်ဗျားတို့ အမြင်တွေ သိခွင့် ရလို့လည်း ဝမ်းသာတယ်။ ကျွန်တှော့ ရေးတဲ့ တောက်တိုမယ်ရတွေကို အားပေးသူများနဲ့ ကျွန်တှော့ ငယ်သူငယ်ချင်း တွေကိုလည်း ကျေးဇူးပဲ။ ခြင်အကြောင်း ပြောပြတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးပဲ။ ဒီအကြောင်းကနေ စကားတွေ အခြေအတင် ဖြစ်ကြပေမယ့် အနည်းဆုံး ဒီလို မတူတဲ့ အတွေးအမြင် တွေကြောင့် ငြိမ်သက် နေတာတွေတောင် လှုပ်သွားနိုင်တယ် ဆိုတာသိရင် အကျိုးအမြတ် ရနိုင်ပါလိမ့်မယ်။ ကျွန်တှောလည်း တစ်ခြားဆိုဒ်တွေ ဖတ်တဲ့အခါ အကျိုးအမြတ် ရတဲ့ ပိုစ့်မှ ဖတ်တယ်။ မရရင် မဖတ်ဘူး။ ဒီတော့ ကျွန်တှော့ဆိုဒ်ကို လာလည် ဖြစ်ရင်လည်း အကျိုးရှိနိုင်တာ တွေ့ရင် ယူသွားလိုက်ပါ။ မရှိဘူးထင်ရင် လာမဖတ်ပါနဲ့။ အဲဒီအတွက် ခင်ဗျားတို့ အချိန်ကုန် သက်သာသလို ကျွန်တှောလည်း အများကြီး သက်သာပါတယ်။ ကျေးဇူးတင်တယ်။


No response to “Profit”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz