Monday, October 2, 2006

Dream : အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင် (၃)

အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင် (၃)
ဒုတိယပိုင်းမှအဆက်- [Link]


သူထိုင်သွားရာ နေရာလေးမှာ စာအုပ်လေး တစ်အုပ် ကျန်နေခဲ့တာ တွေ့ရတယ်။
ကျွန်တှော အဖုံး ဖွင့်လိုက်တော့ အဦးဆုံး စာမျက်နှာမှာ လှပတဲ့ လက်ရေး
လေးတွေနဲ့ သို့ နဲ့ မှ ဆိုတဲ့ စာသားလေး နှစ်ကြောင်းကို တွေ့လိုက်တယ်။
ကျန်စာမျက်နှာတွေကတော့ ဗလာတွေပါ။ ကျွန်တှော ပြုံးလိုက်မိတယ်။


အိပ်မက်ထဲမှာကြည့်ခဲ့မိသော ရုပ်ရှင် (၃)

ဒီလိုနဲ့ ကာလအတန်ကြာ သူမဟာ ပျောက်ကွယ်နေခဲ့တယ်။ သူမကို ကျွန်တှော သိနေပေမယ့် သူမ ဘယ်သူလဲဆိုတာ ကျွန်တှော မသိခဲ့ပါဘူး။ သူမနဲ့ ကျွန်တှောဟာ အိပ်မက်လို့ သူများတွေခှေါတဲ့ မသိခြင်း များထဲမှာ သိနေခဲ့ကြတယ်။ သူမ ရောက်မလာတဲ့ နေ့ရက် တှောတှောများများမှာ ကျွန်တှောဟာ ပန်းချီကားတွေ အများကြီး ဆွဲဖြစ်တယ်။ ကဗျာတွေ အများကြီး ရေးဖြစ်တယ်။ ကျွန်တှော သူမကို သတိရလားဆိုရင် သတိမရ ပါဘူး။ သတိမရဘူးလားဆိုရင် သတိရပါတယ်။ တကယ်တမ်းက ကျွန်တှောက ကျွန်တှော သတိရတာကို သူမကို မသိစေချင်တာပါ။ မဟုတ်သေးဘူး....။ ကျွန်တှော့ကို ကျွန်တှောလည်း မသိစေချင်တာပါ။ အဲဒီအတွက် ဘယ်သူ့ကိုမှ မလိမ်ချင်တဲ့အခါ ကျွန်တှော့ကို ကျွန်တှော လိမ်နေမိတယ်။ ကျွန်တှော့ကို ကျွန်တှော လိမ်တာ ကျွန်တှော သိနေတာကတော့ တှောတှော ဆိုးရွားတဲ့ ခံစားမှု တစ်မျိုးပဲ ဖြစ်ပါတယ်။ မင်းသားလေး ဝတဿထုထဲကလို ဘာဖြစ်လို့ အရက်သောက်တာလဲ မေ့ချင်လို့ သောက်တယ်၊ ဘာကို မေ့ချင်တာလဲ ရှက်ရွံ့တာကို၊ ဘာကို ရှက်ရွံ့တာလဲ အရက်သောက်တာကို ဆိုသလိုမျိုး ကျွန်တှောကလည်း ကိုယ့်ကိုကိုယ် သိသိကြီးနဲ့ လိမ်နေတယ်။ ဒါပေမယ့် သူများကို ဒုကဿခပေး နေတာထက် ကိုယ့်ကိုကိုယ် ဒုကဿခပေးတာက ပိုပြီး တရားမျှတမှု ရှိတယ်လို့ ကျွန်တှော ထင်တယ်လေ။

ဒီနေ့ကတော့ ဆောင်းဦးပေါက်လေတွေ စတင်တိုက်ခတ်တဲ့ နေ့တစ်နေ့ပါပဲ။ ကျွန်တှော့ အိမ်ရှေ့က လမ်းလေး တလျောက်လုံးမှာ သစ်ရွက်ဝါတွေ ပြည့်လို့နေတယ်။ ကျွန်တှောဟာ တီးခတ်လက်စ ဂစ်တာလေးကို ထောင်ထားလိုက်ပြီး သစ်ရွက်လေးတွေ ဝဲကြွေကျနေတာကို ကြည့်နေမိတယ်။ အမြဲတမ်း အစာကျွေးနေလို့ ငှက်ကလေးတွေက ကျွန်တှော့အနားမှာ ပတ်ပျံနေကြတယ်။ ဆောင်းတွင်းဝင်လာရင် သူတို့ အရမ်း အေးကြမှာပဲလို့ တွေးမိပြီး သူတို့အတွက် သစ်သား အိမ်ကလေးတွေ ဆောက်ပေးဖို့ ကျွန်တှော စိတ်ကူး နေမိတယ်။ အိမ်ဆိုတဲ့ စကားလုံးရဲ့ လေးနက်မှု ကို ကျွန်တှော ကောင်းကောင်း ခံစားဖူးတယ်။ မြို့တှောမှာ မိဝေး ဖဝေး ကျွန်တှော ခြေချ ခဲ့ရစဉ်က ကျောအိပ်စရာ နေရာလေး တစ်နေရာ ရဖို့ ကျွန်တှော ဒုကဿခ အများကြီး ခံခဲ့ရဖူးတယ်။ အိမ်မရှိလို့ မျက်နှာငယ်ခဲ့ရတယ်။ ဝမ်းနည်း ခဲ့ရတယ်။ အဲဒီအတွက် ကျွန်တှော ခံစားရသလို ငှက်ကလေးတွေကို မခံစားရစေချင်ဘူး။

အဲဒါလေးကို တွေးမိရင်း ကျွန်တှော့ စိတ်တွေက အတိတ်ဆီကို အငွေ့ပျံသွားတယ်။ ဒီလို သတိရမိတိုင်း စိတ်တွေက ထုံထိုင်းလာတယ်။ ကျွန်တှော့ မျက်လုံးထဲမှာ တက်ကြွ ဖျတ်လတ် ဉာဏ်ကောင်းပြီး ရည်မှန်းချက်တွေ တစ်ပုံတစ်ပင်နဲ့ လူငယ်တစ်ယောက်ရဲ့ ပုံသဏဿဍာန် ပှေါလာတယ်။ ကျွန်တှော သူ့ကို မှတ်မိသလိုပဲ။ ခင်ဗျား ဘာတွေ လုပ်နေလဲလို့ သူကမေးတယ်။ ငါဘာမှ မလုပ်ဘူးလို့ ကျွန်တှော ပြန်ပြောလိုက်တယ်။ သူက ကျွန်တှော့ဘေးမှာ လာထိုင်ရင်း သူ့စိတ်ကူးတွေ အကြောင်းကို တခမ်းတနား ပြောပြနေတယ်။ ကျွန်တှော နားထောင်ချင်တာပေါ့။ လူငယ်တွေဆိုတာ ဒီလိုပဲ တက်ကြွ နေရမယ်။ လူငယ်တွေဟာ အနာဂတ်အတွက် ခေါင်းဆောင်တွေ ဖြစ်တယ်။ အနာဂတ်ကို ထုဆစ်မယ့် သူတွေ ဖြစ်တယ်။ ဒါကြောင့် သူပြောတဲ့ စကားတွေကို ကျွန်တှော အလေးအနက်ထား နားထောင် ဖြစ်ပါတယ်။ ဆိုးတာက ကျွန်တှော မျက်လုံးတွေ မှေးစင်းလာတာပါပဲ။ ခင်ဗျား မအိပ်ပါနဲ့ဦးဗျာ၊ ကျွန်တှော့ မျှောလင့်ချက်တွေကို နားထောင်ပါဦးလို့ သူပြောတယ်။ ကျွန်တှော ကြိုးစားပြီး ခေါင်းငြိမ့်လိုက်ပေမယ့် ခဏအကြာမှာ ကျွန်တှော အိပ်ပျှောသွားခဲ့တယ်။ တဝဲဝဲကျနေတဲ့ သစ်ရွက်တွေကြားမှာ၊ ကျွန်တှော အခန်းဘေးက မြက်ခင်းပှေါ၊ ညနေရီတရော ၅ နာရီလောက်ပေါ့။

------------------------------------------------------------------

တိတ်ဆိတ်ခြင်းရဲ့ အသံတွေကို ခင်ဗျား သိလား
ဟင့်အင်း .. မသိပါဘူး


သူသည် တိတ်ဆိတ်ခြင်း၏ အသံများကို မြတ်နိုးသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူ့အား မထိခိုက်စေရန် တတ်နိုင်သမျှ တိတ်ဆိတ်စွာနေပါသည်။ (သူပြောသော တိတ်ဆိတ်ခြင်း အသံများကို သိလို၍လည်း ဖြစ်ပါသည်။)

တိတ်ဆိတ်ခြင်းတွင် ပိုမိုကျယ်လောင်သော အသံရှိသည်။ သင်သိပါသလား။

သူ့ထံမှ အသံများကို ကြားလိုသဖြင့် ပို၍တိတ်ဆိတ်စွာနေပါသည်။ ကြာလာသောအခါ မိမိထံမှ ကြားရသော အသံများကို ခံနိုင်ရည် မရှိတော့ပါ။ ကြေကွဲစွာ ငိုရှိုက်သံများသည် ကျယ်လောင်သထက် ပို၍ ကျယ်လောင် လာပါသည်။ ထို့ကြောင့် ယခုအခါ ယခင်ထက်ပို၍ ပေါက်ကွဲဆူညံသော ဘဝတွင် နေထိုင်လျှက် ရှိပါသည်။ တိတ်ဆိတ်ခြင်း၏ အသံများကို သူမ အလွန်ပင် မုန်းပါသည်။


မိုးတိမ်

တိမ်ကပြောတယ်။
ငါကလွတ်လပ်စွာ ပျံသန်းလွင့်မြောချင်တာတဲ့။
မိုးကပြောတယ်။
ငါရွာချပေးမှာပါတဲ့။
ဒီလိုနဲ့ ရွာချပေးလိုက်တယ်။
...

ဒီလိုနဲ့ပဲ
ကမဿဘာကြီးခမျာ
စိုရွှဲသွားခဲ့ရတော့တယ်။


သူမသည် မိုးတိမ်တစ်ခုဖြစ်ပါသည်။ တိမ်နှင့် သွားရောက် ငြိတွယ်လိုသည်နှင့် တပြိုင်နက် တည်းမှာပင် ၎င်းအား လွတ်လပ်စွာ ပျံသန်းလွင့်မြော နေစေချင်သူ ဖြစ်ပါသည်။ သူမသည် အမြဲတမ်းရွာချရန် အဆင်သင့် ဖြစ်နေသော မိုးတိမ်တစ်ခုပင် ဖြစ်ပါသည်။

သူမသည် သော့ပိတ်ထားသောအခန်းတစ်ခုအတွင်းနေထိုင်သူဖြစ်ပါသည်။ သော့မှာလည်း သူမ လက်ထဲမှာပင် ရှိပါသည်။ မဝင်လာစေလို၍ မဟုတ်ပါ။ မျှောလင့်ခြင်း ဆိုသည်မှာ နှလုံးသားတစ်ခုကို ကြေမွသွားစေရန် လုံလောက်သော လက်နက်တစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် မည်သည့်အခါမှ ဖွင့်ဖြစ်မည် မဟုတ်သော သော့ပိတ်ထားသော အခန်းအတွင်း သူမ နေထိုင်လျှက် ရှိပါသည်။


မိုးချစ်
၃၀.၉.၂၀၀၆

----------------------------------------------------------------------------

ခဏ နေဦးလေလို့ ကျွန်တှော တားလိုက်ပေမယ့် မမှီတော့ပါဘူး။ သူထွက်သွားခဲ့ပြီ။ ကျွန်တှော တိတိကျကျ နိုးလာတဲ့ အချိန်မှာ ကျွန်တှော့ ရင်ဘတ်ပှေါမှာ အဲဒီစာလေး ရောက်နေတယ်။ အဲဒီ စာလေးကို ဖတ်ပြီး ကျွန်တှော တစ်ချက် သက်ပြင်း ချလိုက်မိတယ်။ ကျွန်တှော တစ်ခါမှ မသိခဲ့တဲ့ သူ့ရဲ့ နာမည်ကို မိုးချစ်ဆိုတာ သိလိုက်ရတယ်။ တဆက်တည်းမှာပဲ ဘာလို့ ခုတလော သူပျောက်နေတာလည်း ဆိုတာကို ကျွန်တှော အနည်းငယ် သိလိုက်တဲ့အတွက် ပြုံးလိုက်မိတယ်။ ဟုတ်တယ်။ တိတ်တိတ်လေး နေရင် အသံတွေ ကြားရတယ်။ အဲဒီအသံတွေ ကြားနိုင်ဖို့ ခင်ဗျားတို့ တိတ်ဆိတ်ခြင်းကို မြတ်နိုးတတ်ဖို့ လိုတယ်ဗျာ။


ဒီဝတဿထုလေး ဆက်ရေးဖြစ်တဲ့အတွက် ကျေးဇူးပဲ မိုးချစ်ရေ။

Technorati Tags: , ,

No response to “Dream : အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင် (၃)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz