ကျွန်တှော အကြိုက်ဆုံး ပရိုဂရမ်တွေထဲမှာ Screen Capture ပရိုဂရမ်လည်း ပါတယ်။ အသုံး အရမ်းဝင်တဲ့ ပရိုဂရမ်ပါပဲ။ အဲဒီလို စကရင်ကို ပုံရိုက်တဲ့ ဆော့ဖ်ဝဲလ် တှောတှောများများ ရှိတယ်။ အားလုံး နီးပါးကို စမ်းသုံးဖူးပါတယ်။ တစ်ခုချင်းစီမှာ အားသာချက် အားနည်းချက်တွေတော့ ရှိတယ်။ တစ်ချို့လည်း အခမဲ့ ဆော့ဖ်ဝဲလ် ဖြစ်ပြီးတော့ အချို့ကတော့ ပိုက်ဆံပေးရတဲ့ ဆော့ဖ်ဝဲလ်တွေပါ။ ကျွန်တှောကတော့ စမ်းသပ်တဲ့ အနေနဲ့ အားလုံးကို ခရက်လုပ်ထားတဲ့ ဖိုင်တွေ အနေနဲ့ စမ်းဖူးပါတယ်။ အဲဒီအထဲမှာ စိတ်တိုင်းအကျဆုံးနဲ့ အကောင်းဆုံးလို့ သတ်မှတ်မိတဲ့ ဆော့ဖ်ဝဲလ်ကတော့ FastStone Capture ပဲဖြစ်ပါတယ်။
FastStone Capture

ဒီဆော့ဖ်ဝဲလ်ဟာ သာမန် အသုံးပြုသူများအတွက် အခမဲ့ ဆော့ဖ်ဝဲလ် ဖြစ်ပြီးတော့ စီးပွားရေးအတွက် အသုံးပြုမယ် ဆိုရင်တော့ ပိုက်ဆံပေး ဝယ်ယူရပါမယ်။ အခမဲ့ဖိုင်နဲ့ လိုင်စင်ဖိုင်ဟာ ဘာမှ မကွဲပြားပါဘူး။ အားလုံး အတူတူပဲ ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲလ်ဟာ သာမန်စကရင်ကို ပုံရိုက်ကူးခြင်း သာမက ဝဘ်ဆိုဒ် တစ်ခုလုံးကိုလည်း ရိုက်ကူးပေး နိုင်ပါတယ်။ ရိုက်ကူးထားတဲ့ ပုံပှေါမှာလည်း စာသားသွင်းခြင်း၊ အညွန်းတပ်ခြင်းများ လွယ်လွယ်ကူကူ ပြုလုပ် နိုင်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး အားသာချက်ကတော့ ရိုက်ကူးထားတဲ့ ပုံအထဲကို နောက်ထပ်ပုံ ထည့်သွင်း နိုင်ခြင်းနဲ့ ဆိုဒ်တစ်ခုလုံးကို ရိုက်ကူးနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ [FastStone]
HyperSnap

HyperSnap ကတော့ ၃၅ဒှေါလာတန် ပိုက်ဆံနဲ့ ဝယ်ရတဲ့ ဆော့ဖ်ဝဲလ်ပါ။ အစမ်းအနေနဲ့လည်း ပေးသုံး ထားပါတယ်။ သူ့မှာကတော့ ဖန်ရှင်တွေ တှောတှော စုံပါတယ်။ စကန်နာကနေလည်း တိုက်ရိုက် ပုံရယူနိုင်ပါတယ်။ သူ့ရဲ့ အကောင်းဆုံး ဖန်ရှင်တွေကတော့ စာသားတွေကို ပုံတွေဖယ်ထားပြီး စာသားအနေနဲ့ ကူးယူနိုင်ခြင်းပါ။ အသံနဲ့လည်း အမိန့်ပေး နိုင်ပါတယ်။ နောက်ထပ် ကောင်းတာက ခဲဖျက် ပါတဲ့အတွက် မမြင်စေချင် တာတွေကို ဖျက်လို့ ရပါတယ်။ သူ့ဆိုဒ်ကနေ အစမ်း သုံးကြည့် ကြပါဦး။ [HyperSnap]
FullShot

FullShot လည်း ကောင်းမွန်တဲ့ ဆော့ဖ်ဝဲလ် တစ်ခုပါ။ အထက်ကပါတဲ့ ဖန်ရှင်တွေ အကုန်ပါသလို ရိုက်ကူးထားတဲ့ ပုံကို smpt မေးလ်သုံးပြီး တိုက်ရိုက် ပို့လို့ ရပါတယ်။ သူ့မှာ ပါတဲ့ အခြား ထူးခြားချက်ကတော့ ရိုက်ကူးထားတဲ့ ပုံကို ပြုပြင်နိုင်ခြင်း၊ Blur ဖန်ရှင် အသုံးပြုနိုင်ခြင်း၊ စကရင်ပှေါက အိုင်ကွန်းတွေ ပီအန်ဂျီတွေစတဲ့ Obj တွေကို ရိုက်ကူးနိုင်ခြင်း တွေပါပဲ။ သူ့စကရင်မှာ Tab ဖန်ရှင် ထည့်သွင်းထားပြီး ရိုက်ကူးထားတဲ့ ပုံအချင်းချင်းလည်း ရောစပ်လို့ ရပါတယ်။ သူ့ရဲ့ ဈေးကတော့ ၃၄ဒှေါလာပါ။ အစမ်းအနေနဲ့လည်း ပေးသုံးထားပါတယ်။ [FullShot]
အထက်က ဆော့ဖ်ဝဲလ်တွေဟာ ကောင်းမွန်ပေမယ့် ပိုက်ဆံနဲ့ ဝယ်ယူရတဲ့ ဟာတွေ ဖြစ်တာမို့ ခရက်ဗားရှင်း မသုံးရင် စိတ်တိုင်း မကျလှပါဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ စွမ်းဆောင်ရည် မြင့်သလို၊ အခမဲ့ ပေးသုံးထားတဲ့ FastStone ကိုသာ သုံးစွဲသင့်ပါတယ်။ ကျွန်တှော အရင်က သုံးစွဲခဲ့တာ MWSnap ဆိုတဲ့ ဆော့ဖ်ဝဲလ်ပါ။ သူကလည်း ပေါ့ပါးတဲ့ အခမဲ့ ဆော့ဖ်ဝဲလ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေနဲ့ ယှဉ်လိုက်တဲ့ အခါကျတော့ သူက တှောတှော ညံ့နေတာကြောင့် အခုဆို FastStone ကိုပဲ သုံးစွဲ ဖြစ်ပါတော့တယ်။ အခုတော့ ပျင်းလို့ ခရက်ဖိုင်တွေ တင်မပေးတော့ပါဘူး။ စမ်းသုံးကြည့်လို့ နှစ်သက်တယ်၊ အဲဒါတွေကိုပဲ သုံးချင်တယ် ဆိုရင်တော့ ကျွန်တှော နောက်များ တင်ပေးပါဦးမယ်။

Technorati Tags: Best Screen Capturing Softwares, FullShot, FastStone, HyperSnap, Download
No response to “Best Screen Capturing Softwares”
Post a Comment
Trackbacks
Leave a trackback