Friday, September 15, 2006

Video Art : What's your Identity?



ဒီနေ့ မြန်မာတွေနဲ့ သိပ်မရင်းနှီးတဲ့ ဗွီဒီယိုအတ် ဆိုတာလေးကို ပြောပြပါမယ်။ ဒါကတော့ ကျွန်တှော ပရောဂျတ်လုပ်ဖို့ တင်တဲ့ ပုံစံကြမ်းလေးပါ။ တီဗွီ ၈ လုံးကို တဆက်တစပ်တည်း ပတ်ပတ်လည် စက်ဝန်း ပုံသဏဿဍာန် စီထားပါတယ်။ ဒီအတ်ကို ခံစားမယ့်သူဟာ အဲဒီ စက်ဝန်းရဲ့ အလယ်မှာ ရပ်နေရမှာ ဖြစ်ပါတယ်။

တီဗွီ ဂလုံးကို ကွန်ပြူတာနဲ့ ချိတ်ဆက်ထားပြီး တစ်လုံးစီမှာ မတူညီတဲ့ အကြောင်းအရာတွေ ဆက်တိုက် ပြသထားပါတယ်။ ကျွန်တှော စီစဉ်ထားတာက -

၁. မိန်းခလေး တစ်ယောက် အိပ်ယာထဲမှ လူးလိမ့် အိပ်စက်နေပုံ
၂. လူတစ်ယောက် မီးတွေကြားမှာ ပြေးလွှားနေပုံ
၃. ပင်လယ်ရေ ပြာပြာထဲမှာ လူတစ်ယောက် ပက်လက်လှန် စိမ်နေပုံ
၎. တစ်နေရာမှာ ထိုင်ပြီး တစ်ခုခုကို စားသောက်နေတဲ့ လူတစ်ယောက်ပုံ
၅. တီဗွီစကရင်မှာ အစက်အပျောက်တွေပဲ ပြထားမယ်
၆. လူတစ်ယောက် စိတ်ပျက်လက်ပျက် လမ်းလျှောက် နေတဲ့ပုံ
၇. တိမ်တွေ လွင့်နေပုံ
၈. တောတွေကို ခုတ်ထွင် ရှင်းလင်းနေတဲ့ သူတစ်ယောက်ရဲ့ ပုံ

အဲဒီလို ဗွီဒီယို ပြကွက်တွေကို တောက်လျှောက် ပြထားပါမယ်။ အဲဒီအချိန်မှာ ပိုစ့်ပရိုဒတ်ရှင်းနဲ့ ကျွန်တှော့ ပုံကို အဲဒီ တီဗွီ ရှစ်လုံးမှာ တစ်လုံးကနေ တစ်လုံး ဆက်တိုက် ပှေါစေပါမယ်။ အဲဒီအခါ ကျွန်တှော့ကို ရှာဖွေသူဟာ အဲဒီ တီဗွီ ရှစ်လုံးကို ပတ်ချာလှည့် မြင်နေရမှာ ဖြစ်ပါတယ်။ ကျွန်တှောက မီးလျှံတွေထဲ ရောက်သွားမယ်။ ခဏကြာရင် ရေထဲ ရောက်သွားမယ်။ ခဏကြာရင် တစ်ခုခုကို စားနေမယ်။ နောက်ဆုံး အဲဒါတွေ အားလုံးကို လိုက်ကြည့်ရတာ ခက်ခဲလာတဲ့ ကြည့်ရှုသူဟာ အလယ်စက်ဝန်းရဲ့ တစ်နေရာကနေ သူစိတ်အဝင်စားဆုံး စကရင် တစ်ခုကိုပဲ စောင့်ကြည့်တော့မှာ ဖြစ်ပါတယ်။ အဲဒါဟာ ဒီလူရဲ့ ကိုယ်ပိုင် အတွင်းစိတ်ပဲ ဖြစ်ပါတယ်။ ဒီပြကွက်တွေက သကေဿငတ ဝါဒနဲ့ ဆက်စပ်နေတယ်။ ကောင်မလေး အိပ်စက်နေပုံဟာ လိင်စိတ်ကို ဖှောညွှန်းတယ်၊ တိမ်တွေ လွင့်နေတာဟာ လူတစ်ယောက်ရဲ့ မျှောလင့်ချက်တွေ အိပ်မက်တွေကို ဖှောညွှန်းတယ်။ အစားအသောက်ဟာ လူတစ်ယောက်ရဲ့ မရှိမဖြစ် လိုအပ်သော အရာဖြစ်တယ်။ သေချာ စဉ်းစားမယ်ဆိုရင် ဒါတွေ အားလုံးဟာ ကျွန်တှောတို့ နေ့စဉ် ကြုံတွေ့နေရတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ အဲဒီ အထဲကမှ ဘာကို စိတ်အဝင်စားဆုံးလည်း ဆိုတာကို ဖှောထုတ်တာ ဖြစ်ပါတယ်။ အစားအစာ ငတ်မွတ်နေသူဟာ ကျွန်တှော အားပါးတရ စားသောက် နေတာကို သူစောင့်ကြည့်မှာ ဖြစ်ပါတယ်။ ဒီလိုပဲ စိတ်ညစ်စရာတွေ များနေတဲ့သူဟာ မီးလျှံတွေကြားမှာ ကျွန်တှော ပြေးလွှားနေတဲ့ ပြကွက်ကို သူစိတ်ဝင်စားမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တှောတို့ဟာ တစ်ချိန်တည်းမှာ အရာအားလုံးကို တစ်ပြိုင်နက် စိတ်ဝင်စား လုပ်ကိုင်နိုင်ဖို့ ခက်ခဲလို့ပါပဲ။ ဒီ ပြကွက်ရဲ့ နာမည်က Identiy လို့ ခှေါပါတယ်။

မြန်မာပြည်မှာ ဒီအတ်ပါဖှောမန့်ကို ဘယ်သူမှ မလုပ်သေးပါဘူး။ ကျွန်တှော သိပ်လုပ်ချင်တယ်။ ဒါပေမယ့် လုပ်နိုင်ဦးမယ် မထင်ပါဘူး။ အနည်းဆုံး ဒီ တီဗွီ ရှစ်လုံးအတွက် စပွန်ဆာတောင် ဘယ်လို ရနိုင်မလဲဆိုတာ အခက်အခဲ ရှိနေပြန်ပါတယ်။

Technorati Tags: , ,

No response to “Video Art : What's your Identity?”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz