Thursday, September 7, 2006

Tawteetaw(3) : ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၃)

နေ့အိပ်ညပျှော တှောတီးတှော အပိုင်း (၃)

တိတ်ဆိတ်သောတောင်ထိပ်မှ သမိုင်းဝင်စာရင်းရှင်းပွဲကြီး


တောင်ထိပ် တစ်ခုလုံး မြူတွေနဲ့ဖုံးလို့နေတယ်။ လက်က နာရီသံ တစ်ခနဲ မြည်သွားသံ နဲ့အတူ အရိပ်မည်း တစ်ခုက သူ့ရှေ့ကို လွှားခနဲ ရှေ့ကိုရောက်လာတယ်။ အေးစက်နေတဲ့ လေထုတွေ ကြားမှာမှ အမျိုးအမည် မသိတဲ့ ကြောက်မက်ဖွယ် ချမ်းစိမ့်မှုတစ်မျိုးက ပျံ့နှံ့လို့နေတယ်။ ခုနက ပတ်ဝန်းကျင်မှာ တိုက်ခတ်နေတဲ့ လေပြည်တွေတောင် ရပ်တန့်နေသလိုပဲ။ မုန်တိုင်း မတိုက်ခတ်ခင် ငြိမ်သက် နေခြင်းမျိုးနဲ့ ဆင်ဆင်တူပါတယ်။ အနားက ရေစက်တွေခိုနေတဲ့ သစ်ပင် ပှေါကနေ ငှက်ဆိုး တစ်ကောင်က ဂစ်ခနဲ အှောမြည်ရင်း အလန့်တကြား ထပျံသွားတယ်။

မြူတွေကလည်းသဲသဲမဲမဲ ခုမှပိုကျလာသလိုလို။ ပေ၁၀၀ ဝန်းကျင် ပြန့်ပြူးတဲ့ ဒီမြေကွက်လေးမှာ လူသားနှစ်ဦး ရပ်လို့နေတယ်။ တစ်ဦးက အဖြူရောင်ဝတ်စုံ ကို ဝတ်ဆင်ထားပြီး တစ်ဦးက ဝတ်စုံနက်နဲ့ ဖြစ်ပါတယ်။ နှစ်ဦးစလုံးရဲ့ နောက်ကျောမှာ အဝတ်နဲ့ ပတ်ထားတဲ့ ရှည်မျောမျော အထုပ်ကိုယ်စီလွယ်လို့။ မျက်စိပေါက် သေးသေးလေး ဖောက်ထားတာက လွဲလို့ တစ်ကိုယ်လုံး ဝတ်ရုံဖုံးနေလို့ နှစ်ဦးစလုံးရဲ့ မျက်နှာကို မမြင်နိုင်ပါဘူး။

တိတ်ဆိတ်မှုကို အဖြူရောင်ဝတ်ရုံရှင်က စတင်ဖြိုခွင်းလိုက်တယ်။

“မင်းရောက်တာ ငါးမိနစ်နောက်ကျတယ်” (လက်ထဲမှ ရိုမန်ဆင် နာရီကို ပြရင်းပြောလိုက်သည်)
“အေး ငါ ငါးမိနစ်နောက်ကျတော့ မင်းငါးမိနစ် ပိုကံကောင်းသွားတာပေါ့ကွာ အက်အက်အက် (ခြောက်ကပ်ကပ်ရယ်သံ)
“ဟားဟား.. အပြောသိပ်မကြီးပါနဲ့လေ၊ ဒီနေ့ အဖြေဘာလဲဆိုတာ သိရမှာပေါ့၊ ကဲ ကျန်တဲ့ကောင်တွေလည်း ခှေါလိုက်ပါဦး ဟားဟားဟား”

စကားသံပင် မဆုံးလိုက် အနက်ရောင် အရိပ်နှစ်ရိပ် ဝှစ်ကနဲ ထပ်ရောက်လာတယ်။ အဖြူတစ် အနက်သုံး ၄ ဦးဆုံမိကြပြီ။ (တကယ်တော့ ထိုမျှနှင့် မလုံလောက်သေး) ရုတ်တရက် ဆိုသလို သူတို့ ရှေ့ကို အပြာရောင် အရိပ်တစ်ခုက ထပ်ကျလာတယ်။ ဒုတိယလူက အလန့်တကြားမေးလိုက်တယ်-

“မင်း ... မင်း ဘယ်သူလဲ.. ဘာလာရှုပ်တာလဲ”
“ဟားဟားဟား မကြောက်ပါနဲ့ ဘူတရီးကျုတ်ရယ်.မင်းတို့ ဒီမှာ တိတ်တဆိတ်ချိန်းပြီး ဟတ်လိန်းလိန်း နဲ့ စာရင်းရှင်းမယ် ကြားလို့ ငါတကူးတက စုံစမ်းပြီး အမီလာခဲ့ရတာ”

လို့ပြောပြီး ခေါင်းပှေါက ခမောက်ကို ချွတ်လိုက်တယ်။

“အှော..ဟင်းဟင်း ဘယ်သူများလဲလို့ လက်စသတ်တော့ နေမီးညမီးအတီးကိုး ဟင်းဟင်း မင်းလာရဲ သေးတယ်နှော အံ့ပါရဲ့ကွာ”

အတီးလို့ ခှေါခံရတဲ့ ဝတ်စုံပြာနဲ့လူက မခိုးမခန့် ပုခုံးတွန့် ပြလိုက်တယ်။

“ဟားဟားဟား တကူးတက မချိန်းရဘဲ လူတွေစုံသွားပြီ။ ဒီနေ့မှ အရင် စာရင်းဟောင်းကို မရှင်းရင် နောက်တစ်ခါ အခွင့်အရေးဆိုတာ ရဖို့ သိပ်ကိုရှားသွားပြီ။ အခါသင့် လိုက်လေကွာ ဟားဟားဟား”

ဟတ်လိန်းလိန်း ရဲ့ အူလှိုက်သဲလှိုက် ရယ်မောသံအဆုံးမှာ ကျန်လေးဦးက ရွံရှာစက်ဆုပ်တဲ့ မျက်လုံးတွေနဲ့ သူ့ကို ဝိုင်းကြည့်လိုက်တယ်။

“ကဲစကားပြောနေတာ ကြာပါတယ် မင်းတို့လည်း မင်းတို့အစွမ်းရှိသလောက် ငါလည်း ငါအစွမ်းရှိသလောက် ပေါ့ကွာ။ ဒါပေမယ့် ဒီတစ်ခါပြီးရင်တော့ ဘုရင် ဘယ်သူလဲဆိုတာ အားလုံး အသိအမှတ်ပြုရမယ်။ အဲဒါမင်းတို့ သဘောတူရဲ့လား”

ကျန်လူငါးဦးက မတိုင်ပင်ရဘဲ ခေါင်းတွေကိုဆတ်ခနဲ့ ညိမ့်လိုက်တယ်။ ပြီးတော့ နေရာအသီးသီး ယူလိုက်ကြတယ်။ နောက်ကျောမှာ လွယ်ထားတဲ့ အရာတွေကို ဖြုတ်လိုက်တယ်။ ဝန်းကျင် တစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားတယ်။

စာဖတ်သူများ တုံဖန်းပု နဲ့ လင့်ဟူချုန်းကို သိမယ် ထင်ပါတယ်။ ဂနဿတဝင်တွင်လောက်တဲ့ သိုင်းဝတဿထုရှည်ကြီး။ တီဗီ ဇာတ်လမ်းတွေကို မလွတ်တမ်း ကြည့်သူတွေ ဒီနာမည်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် အခု ဒီတောင်ထိပ်မှာ ရောက်နေတဲ့ သူတွေရဲ့ နာမည်တွေက သိပ်စိမ်းနေလို့ တရုတ်ပြည်က အခုမှ ပှေါလာတဲ့ နောက်ဆုံးပှေါ ဇာတ်ကောင်တွေလို့ မထင်လိုက် ကြပါနဲ့။ သူတို့အားလုံး မြန်မာစစ်စစ်တွေ ဖြစ်ကြပါတယ်။ အနှစ်နှစ် ကာလက ရှင်းခဲ့ကြတဲ့ ဇာတ်လမ်းတစ်ခု ဘယ်တော့မှ မဆုံးနိုင်လို့ ဒီနေ့ ဒီနေရာမှာ ထပ်ချိန်းပြီး စာရင်း ထပ်ရှင်း ကြမလို့ပါတဲ့။ နေရာအတိအကျက မြန်မာပြည် အရှေ့တောင်ဘက် ကလောအနီး မြင်းမထိတောင်ထိပ် ၊ ပင်လယ်ရေပြင် အထက် ပေ ၅၀၀၀ ကျှော။

ရာဇဝင်ကြွေး ဆိုတာမျိုးကလည်း ကျေရိုး ထုံးစံမှ မရှိတာ။ အားလုံးရဲ့ရင်ထဲမှာ ဟိုးအတိတ်က အကြောင်းတွေ ပြန်တွေးပြီး တနုံ့နုံ့ဖြစ်နေပုံ ရပါတယ်။ ဟိုးအတိတ်က သူတို့ကို အပြတ်အသတ် သမသွားတဲ့ ဟတ်လိန်းလိန်း၊ ခင်မင်ခဲ့တဲ့ သူငယ်ချင်း သံယောဇဉ်ကိုမှ မထောက် အားလုံး စားစရာတောင် မရှိအောင် လုပ်ရက်ခဲ့တဲ့ကောင်။ သူတို့ရဲ့ မျက်လုံးတွေမှာ တစ်ခုခုကို ယတိပျက် ဆုံးဖြတ်ချက် ချထားတဲ့ဟန်နဲ့ တလက်လက် ဖြစ်နေပါတယ်။ ဘယ်သူမှ မတားကြတော့ဘူးလား။ ပထမဆုံး အသက်ဝင် လာသူက ဟတ်လိန်းလိန်း။ သူက လက်မှာကိုင်ထားတဲ့ အထုပ်ကြီးကိုဖြေလိုက်တယ်။ ပြီးတော့ ရှေ့မှာ ဖြန့်ခင်းလိုက်တယ်။ သူစတင် လှုပ်ရှားတယ်ဆိုရင်ပဲ ကျန်လေးဦးလည်း အားကျမခံ သူတို့အထုပ်တွေကို ဖြေချလိုက်ပြီး အသီးသီး ဖြန့်ခင်း လိုက်ပါတယ်။ တစ်ယောက်ကို တစ်ယောက် စူးစူးစိုက်စိုက် ကြည့်ပြီး ကိုယ့်နေရာ အသီးသီးမှာ ထိုင်ချလိုက်ကြတယ်။ စပါပြီ။ ကမဿဘာမကျေသော သမိုင်းဝင် စာရင်းရှင်းပွဲကြီး။ သမဿမာဒေဝ နတ်တွေသာ ပတ်ဝန်းကျင်မှာ ရှိတယ်ဆိုရင်တော့ ဒီပွဲကြီးကို တားဖြစ်အောင် တားကြမှာပါ။ အခုတော့ သူတို့တောင် ရွံမုန်းလို့ ပြေးပြီထင်ပါရဲ့။

“ဘယ်သူစမလဲ”
“ထုံးစံအတိုင်းပေါ့”
“အိုး အချိန်ကြာပါတယ်.မင်းပဲစလိုက်စမ်းပါ. အရေးမဟုတ်ပါဘူး”

.........................................................................


ငါးအိမ်အတိအကျ တဖျတ်ဖျတ် လွင့်နေသော ဖဲချပ်ကလေးများ။ ကျင့်သားရ ဓါးသမား တစ်ဦးလို အနှုတ်အသိမ်း မှန်စွာနဲ့ တိတိကျကျ ဝေနေသူက ဟတ်လိန်းလိန်း။ ရှိုးလိန်းလိန်းလို့ သူငယ်ချင်း တွေကတောင် မဲ့ရွဲ့ပြီး ခှေါခြင်းခံရတဲ့ သူ့ရဲ့လက်တွေက တွေဝေခြင်း အလျင်းမရှိဘဲ ဟောတစ်ချပ် ဟောတစ်ချပ်နဲ့ကို နေတာပါပဲ။ ကျန်လူတွေရဲ့ မျက်လုံးတွေကလည်း တက်လာမယ့် ဖဲချပ်လေးတွေကို ပထမဆုံး ရည်းစားစကား ပြောစဉ်က ရင်ခုန်မှုမျိုးထက် သာတဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ စောင့်ကြည့် နေပါတယ်။ ပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ ဂရုပြုစရာမလို။ ဒီတောဒီတောင် တစ်ခုလုံး ဒီကောင်တွေ အှောသံတွေနဲ့ပဲ ညံနေပါတော့တယ်။

ပြောရဦးမယ်။ နေ့မီးညမီး အတီးဆိုတာက ရှမ်းကိုးမီး ဆော့လွန်းအားကြီးလို့ ခှေါကြတဲ့ နာမည်။ ဒီကောင်က ရှိုးကို အဲလောက် ကြိုက်လှတာ မဟုတ်ဘူး။ ဒါပေမယ့် မခံချင်စိတ်နဲ့ လာဆော့တာ။ ဘူတရီးကျုတ် ဆိုတာကလည်း ဖဲဆော့တိုင်း ရှုံးလွန်းလို့ အားလုံးက ဘူကောင်လို့ ခှေါရတဲ့ကောင်။ ဒါပေမယ့် ဘယ်လောက်ရှုံးရှုံး ဒီကောင်က ဆော့တာပဲ။ အိမ်ကလည်း သားလေး တစ်ယောက်တည်း ရှိတာဆိုတော့ သူ့အလိုကို လိုက်ထားတယ်။

စာဖတ်သူတွေ နဲနဲ မျက်စိလည်သွားမယ် ထင်ပါရဲ့။ ဒီမြင်းမထိတောင်ပှေါ အထိလာပြီး ဖဲရိုက်ရလောက်အောင် မဟုတ်မဟတ် လုပ်ဇာတ်ဆင်ပြီး ကျွန်တှောက ရေးတယ်လို့များ ထင်နေကြရင်ဖြင့် ဒီဇာတ်လမ်းကြီးက ပျက်ရတော့မယ်။ ဒီတော့ ရေရေလည်လည် သဘောပေါက်အောင် ကျွန်တှောက အစကနေစပြီး ရှင်းပြချင် ပါသေးတယ်။

ရှိုးလိန်းလိန်းရယ် ဘူတရီးကျုတ်ရယ် နေ့မီးညမီးအတီး ဆိုတာရယ်က တစ်မြို့ထဲသား တစ်ရပ်ထဲနေတွေ။ မွေးလာကတည်းက ဆေးရုံကလည်း တစ်ခုထဲ။ စာသင်တော့လည်း တစ်ကျောင်းတည်း။ တကဿကသိုလ် တက်တော့လည်း မေဂျာက အတူတူ။ ဒိုးတူဘောင်ဘက် လည်ပင်းဖက်ပေါင်းလာကြတဲ့ကောင်တွေ။ စာကလည်း တှော ဉာဏ်လေးတွေကလည်း အထက်သား ဆိုတော့ မိဘတွေဆိုတာ သူတို့သားတွေကို ကြည့်ပြီး ကျေနပ်လိုက်ကြတာလွန်ရော။ ယောက်ျားလေးတွေမို့။ မိန်းခလေးသာ အဲဒီအထဲ ပါလာရင် ရုပ်ရှင်တွေ ဇာတ်လမ်းတွေ ထဲကလို ပေးစားကြဦးမှာ။ အဲဒါက တကဿကသိုလ် ပထမနှစ်အထိ။

ဒီလို ညီအကိုတွေလို့တောင် သူများတွေ ထင်ကြတဲ့ သူတို့ကို တစ်ယောက် မျက်နှာတစ်ယောက် မကြည့်ချင် လောက်အောင် မုန်းတီးဖို့ အကြောင်း စပြီး ဖန်တီးပေးခဲ့တာက ဟိုအကောင်။ ကျှောကျှောဝင်း ဆိုတဲ့အကောင်။ ဒီကောင် စခဲ့တဲ့ ဇာတ်လမ်းက မီးခိုးကြွက်လျှောက် အရူးအမဲသား ကျွေးသလို ဖြစ်ခဲ့ရတာ။


အပိုင်း(၃) ပြီး၏။
အပိုင်း(၂)ကို ဒီနေရာမှာ ဖတ်ပါ [Click]

Technorati Tags: , ,

No response to “Tawteetaw(3) : ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၃)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz