Tuesday, September 5, 2006

Tawteetaw(1) : ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၁)

ယခု ဖတ်ရှုရမည့် အကြောင်းအရာ များတွင် ဘာဗဟုသုတမှ ပါမည် မဟုတ်ပါ။ သူငယ်ချင်းများကို သတိရ သောကြောင့် ပေါက်တတ်ကရ ရေးထားခြင်းမျှသာ ဖြစ်ပါသည်။ အင်တာနက် ပှေါကနေ အပြတ်ဆှော လိုက်မယ် သေပေတော့ ရောင်းရင်းများ။


နေ့အိပ်ညပျှော တှောတီးတှောနှင့် မြေကြီးငလျင် ပြည်ကြီးဝင်စနေငပေ ဇာတ်လမ်းတှောကြီး


သူ့အကြောင်းသည် လွန်စွာမှလည်းထူးဆန်းသည်။
လွန်စွာမှလည်း အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်။
လွန်စွာမှလည်း စိတ်တက်ကြွခြင်းကိုဖြစ်စေသလို
ဗဟုသုတများဖြင့်လည်းပြည့်နေသည်။

ဤဖြစ်ရပ်များကို သူက သူမသေခင် မည်သူ့ကိုမှ မပြောပါရန်နှင့် မရေးပါရန် အတန်တန်တောင်းပန် ခဲ့သောကြောင့် ကျွန်ုပ်၏ စိတ်သနဿတာန်ကို လွန်စွာမှ ချုပ်တီး ခဲ့ရသည်။ တကယ်တော့ ဤသာယာလှသော မြန်မာ ပြည်ကြီးတွင် လွန်ခဲ့သော အနှစ်၂ဝလောက် ကတည်းက မင်းသိခဿင၏ စနေမောင်မောင် မှတခြား နေ့အိပ်ညပျှော တှောတီးတှော ဆိုသော လူတစ်ဦးရှိခဲ့ခြင်း အကြောင်းကို ယနေ့မှ ထုတ်ဖှောခွင့် ရခြင်းအပှေါ ကျွန်ုပ်အနေဖြင့် အလွန်တရာမှပင် ဝမ်းနည်းမိကြောင်း စာဖတ်သူတို့ကို သိစေလိုပါသည်။

ထိုစဉ်က ဖြစ်ရပ်များကို ထိုခေတ်စာနှင့် ရေးမည်ရှိသှော စာဖတ်သူတို့ အလွန့်အလွန့် အခက်အခဲ ရှိနေမည် စိုးသောကြောင့် ယနေ့ခေတ် မှောဒန် စာသားများနှင့် ကိုက်ညီစေရန် ကျွန်ုပ်က ပြင်ဆင် လိုက်ရပါသည်။ (စာရေးသူ)

-------------------------------------------------------------------------------------------

အချိန်ကား မြန်မာသကဿကရာဇ် ၁၃၄ရခု

အပိုင်း(၁)

ဂနဿဓလရာဇ်မောင်ယော နှင့် သိကြားမင်း၏ ခွေးရေပုရပိုဒ်


၁ ၁လီ ၁
၁ ၂လီ ၂
၁ ၃လီ ၃
၁ ၄လီ ၎

ကျောင်းစာသင်ခန်းအပြင်သို့ မောင်ယောတစ်ယောက်မျှောကြည့်လိုက်တယ်။
အပြင်မှာလည်းနေကခပ်ပူပူရယ်။
လမ်းတလျောက်ပေါက်နေကြတဲ့ ထနောင်းပင်တွေက ကျိုးတိုးကျဲတဲ။

“အင်း ဘယ်တော့များမှ ဒီလောက်ခက်ခဲတဲ့ စာတွေကနေလွတ်ပါ့မလဲမသိဘူး”

စဉ်းစားကြည့်လျှင်လွန်စွာမှ ထူးဆန်းတာကို တွေ့ရပါလိမ့်မယ်။ ၅ နှစ်သား  ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ ဒီ ၁အလီပေါင်း ဇယားလေးကိုတောင် မကျက်ချင်တော့လောက်အောင် လောကကြီးကို စိတ်ကုန် နေသောသူက နောင်တစ်ချိန်မှာ ဂနဿဓာလရာဇ် မောင်ယောလို့ လျှမ်းလျှမ်းတောက် နာမည်ကြီးလာမယ့် နီဂရိုး ခှေါ မောင်မောင် ခှေါ သူငယ်တန်း ကျောင်းသားလေး မောင်ယော ဖြစ်ပါတယ်။ ဒီလို အတွေးအခှေါ တွေကပဲ နောင်တစ်ချိန်မှာ သူ့ကို တစ်ကမဿဘာလုံးက မျက်ခြေမပြတ် စောင့်ကြည့်ရသူကြီး ဖြစ်လာအောင် လုပ်ပေး လိုက်တယ်နဲ့ တူပါတယ်။ ဘာလို့ တစ်ကမဿဘာလုံးက စောင့်ကြည့်ရတယ် ဆိုတာကိုတော့ နောက်ပိုင်းမှာ စာဖတ်သူတွေ တွေ့လာမှာ ဖြစ်ပါတယ်။ ဒီမောင်ယော အကြောင်းကို ဒီနေရာမှာ တကူးတက ဖှောပြနေရတဲ့ အကြောင်းကိုလည်း စာဖတ်သူတွေ အနေနဲ့ အနည်းငယ် သိချင်နေ ပါလိမ့်မယ်။ ဟုတ်ကဲ့ ဒီသူငယ်လေးဟာ ဒီဇာတ်လမ်းကြီး တစ်လျှောက်လုံးမှာ အလွန်အရေးပါတဲ့ အခန်းကဏဿဍ ကနေ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ သူမရှိဘဲနဲ့ နေ့အိပ်ညပျှော တှောတီးတှောဆိုတဲ့ လူထူးဆန်း တစ်ယောက်ဟာလည်း ဘယ်လိုမှ ပှေါပေါက်လာစရာ အကြောင်းမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တှောက ဒီနေရာကနေ မချစ်သှောလည်း အောင့်ကာနမ်း ဆိုသလို လက်အညောင်းခံပြီး တကူးတက တင်ပြနေရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့အကြောင်းတွေကို သင်ကျှောဖတ်မယ် ဆိုရင်တော့ ဒီဇာတ်လမ်းကြီးကို သင်ဘယ်လိုမှ နားမလည် နိုင်ဘူးဆိုတာ ကျွန်တှော အလေးအနက် ပြောလိုပါတယ်။ သီးခံပြီးသာဖတ်ပါတော့ စာရှုသူတို့ ။

“ဒေါက်”

ပူထူသွားတဲ့ ခေါင်းကို အသာလေး မော့ပြီး ပေကလပ် ပေကလပ် မျက်လုံးများနဲ့ မဝင့်မရဲ ခိုးကြောင်ခိုးဝှက် သနားစဖွယ် ကြည့်လိုက်တော့ သူ့အပှေါကနေ မိုးကြည့်နေတဲ့ ဆရာမကို တွေ့လိုက် ရပါတယ်။

“ငယော ဘာတွေ ငေးနေတာလည်း ။ ၁အလီကို ကျက်နေတာ ၃ ရက်ရှိပြီ မရသေးဘူးလား။ လာ.လာစမ်း.. အခုလာဆိုစမ်း”

“ကျွန်.ကျွန်.ကျွန်တှော..မ.မ.မရ.သေး.ဘူး.ဆ.ရာ.....”

စကားပင် ဆုံးအောင် မပြောလိုက် ရရှာပါ။ ကျောင်းဘေး သစ်ပင်မှ ငှက်တသိုက် ဖျတ်ကနဲ လန့်ပျံ သွားကြသည်။

ထိတ်လန့်လှပေစွ လောက။ ဤလောကကြီးသည် မိုက်လုံးကြီးလှ ပါကလား။ ၁အလီလေး မရရုံမျှနှင့် ခက်ခဲလှသော လူ့ဘဝရဲ့ ရခဲလှစွာသော အရေပြား လေးကို ရိုက်ရက် ကြပါကလား။ စပါးလုံး တစ်ထောက်စာမျှ မရှိသော ဒီအရေပြားလေးကို ၄လက်မ တုတ်နှင့် ရိုက်ရက်သော ဤလောကကြီးကို ငါကား စိတ်ပျက်ခဲ့ပေပြီ။ ငါတိတ်တဆိတ် သံဓိဌာန် ပြုသည်။ ဤလောကဝယ် မသေသမျှကာလပတ်လုံး (တရားထူး ရှာတော့မည်ဟု သင်တို့ထင်နေသော အတွေးများကို မြန်မြန်လေး ရုတ်သိမ်းလိုက်ပါ။ ။ စာရေးသူ) ငါကား ဘယ်တော့မှ သူတစ်ပါး အရိုက်မခံတော့။ သူများကိုသာ ရိုက်တော့မည်။ ဟီဟိ။ ကောင်းလေစွ။

မောင်ယောရဲ့ ဘဝပထမဆုံး ပြင်းထန်တဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း နောင်အခွင့်သင့်တဲ့ အချိန်မှာ သူက ပြန်ပြောပြ ခဲ့ပါတယ်။ ပြင်းထန်ပေစွ ဂနဿဓာလရာဇ်ကြီး။

နောင်နှစ်ရက်အကြာမှာ မောင်ယောကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့သော ဆရာမ၏ ခြင်းတောင်း အတွင်း ဖားပြုတ်အကောင် ၂၀ ခန့်တွေ့ရခြင်း။ ဆရာမ ထိုင်ခုံပှေါသို့ အထိုင် ပေါင်ကို ကင်းမီးကောက် အထိုးခံရခြင်း။ ကျီးကန်းကို လောက်လေးခွနှင့် ပစ်၍ ဆရာမအိမ်အနီး သစ်တိုင်ကြီး၌ ချိတ်ထားရာ ဆရာမ အိမ်အပှေါဝယ် ကျီးကန်း ၂၀၀ ခန့် ဝိုင်းရံခံနေရခြင်း စသောစသော အကြောင်းများ ကတော့ ကျွန်တှောတို့ ဇာတ်လိုက်ကျှောကြီး မောင်ယော နှင့် လုံးဝ သက်ဆိုင်မှု မရှိကြောင်းကိုတော့ စာဖတ်သူများ ယုံကြည်မှာ ဖြစ်တာမို့ အထူး မပြောလို တော့ပါဘူး။


ပထမပိုင်း ပြီ၏။


Technorati Tags: , ,

No response to “Tawteetaw(1) : ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၁)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz