Tuesday, September 12, 2006

Tawteetaw (5) : ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၅)

ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၅)

ထိပ်တင်မောင်မောင်တုတ်ခန့်
(ဟဲဟဲ သေပေတော့ မန်းမြေက ယောက်ဖကြီး)


မန်းလေး တစ်ဝိုက်မှာ သူ့ကို မသိသူ မရှိ။ တစ်ချို့က ထိပ်တင်တုတ်လို့ ခှေါကြတယ်။ တစ်ချို့က ကိုကိုခန့်တဲ့။ တစ်ချို့ကလည်း တုတ်တုတ်တဲ့။ တကယ်တမ်း သူ့ဇစ်မြစ်ကို ဘယ်သူမှ ရေရေ ရာရာ မသိကြပါဘူး။ တစ်ချို့က သီပေါမင်း လက်ထက်တှောက ရနောင်မောင်မောင်တုတ် အမျိုးဆက်လို့ ဆိုကြလေရဲ့။ တစ်ချို့ကလည်း အိမ်နိမ့်စံ မင်းသမီး တစ်ပါးရဲ့ အနွှယ်တှောတဲ့။ တစ်ချို့ကတော့ မင်းမျိုးမင်းနွယ်လို့ မယုံကြဘူး။ ထူးဆန်းတာက ဘယ်သူတွေ ဘယ်လိုမေးမေး မောင်မောင်တုတ်ခန့်တို့က ဘယ်တော့မှ ပြန်မပြောဘူး။ ဝင်းဦးလို မခန့်ပြုံးလေးနဲ့ စွေစွေ စောင်းစောင်းလေး ပြန်ကြည့်နေတတ်တယ်။ လျှို့ဝှက်ချက်ဆိုတာ အသက်နဲ့ အမျှ ထိန်းသိမ်းရတယ်ဗျ ဆိုတာ သူ့လက်သုံးစကား။ အဲဒီတော့လည်း သူ့အကြောင်းက မရေမရာ ဝါးတားတားပေါ့။ မန်းမြေ ဆိုတာကလည်း မြန်မာပြည်ကြီးရဲ့ နောက်ဆုံး မင်းဆက်တွေ အခြေချ နေထိုင် သွားကြတဲ့ မင်းနေပြည်တှော ဟောင်းကြီးဆိုတော့ အဲဒီက လူတွေက မင်းဆီမင်းသွေးနဲ့ ပတ်သတ်တယ်ဆို လေးလေးစားစား ဆက်ဆံ ကြတုန်းပဲ။ အဲဒီအချက်နဲ့ပဲ ဒီကောင်က လုပ်စားနေတာ။

တကယ်တော့ ထိပ်တင်တုတ် ဆိုတဲ့ နာမည် ဖြစ်လာတာက ဒီလို ဒီလို။ သူ့ကို မွေးတာက အရှေ့ပြင်ထဲမှာ။ ပထမဆုံး သားယောက်ျားလေးဆိုတော့ မိဘတွေမှာ ချစ်လိုက်ကြတာ တုန်နေတာပဲ။ ဝဝကစ်ကစ်နဲ့ မွေးလာကတည်းက ၈ ပေါင်ခွဲ ရှိတယ်။ ချမ်းသာတဲ့ အမျိုးဆက် ဆိုတော့လည်း သားလေးကို မြန်မာ့ရိုးရာ ထုံးတန်း စဉ်လာတွေနဲ့ အညီ ခေါင်းဆေး၊ ကင်ပွန်းတပ်၊ ပုခက်တင် စတဲ့ မဂဿငလာတွေ အကုန် လုပ်မယ်လို့ မိဘတွေက စိတ်ကူး ထားကြတယ်။ ဒီလိုနဲ့ သူ့ကို ကင်ပွန်းတပ်ပွဲ လုပ်မယ်ဆိုတော့ သူ့အဖွား ရောက်လာတယ်။ တကယ်တော့ သူတို့ မျိုးဆက်က မင်းဆွေ မင်းမျိုးတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် သူ့အဖွားက မန်းသူ စစ်စစ်ဆိုတော့ ထီးဆန် နန်းဆန်ချင်တယ်။ ဒါနဲ့ သူ့ကို နန်းဆန်ဆန် နာမည် ပေးရမယ်လို့ တစ်ချက်လွှတ် အမိန့်ချတယ်။ အဲဒီတော့ နာမည်တွေ ရွေးရတာပေါ့။ ဖြစ်ချင်တော့ ကောင်လေးက ဝဝကစ်ကစ်ပေမယ့် သူ့လက် သူ့ခြေထောက်တွေက သာမန် ကိုယ်အဂဿငါ အစိတ်အပိုင်းတွေထက် တုတ်ခဲနေတယ်။ ထိပ်လေးတွေ တုတ်နေတယ် ဆိုကြပါတော့။ ဒါနဲ့ပဲ ထိပ်တင်တုတ် ဆိုတဲ့ နာမည် ဖြစ်လာတာ။ အသက်လေး ကြီးလာတော့ အဲဒီ နာမည်ကြီးက နဲနဲ တုံးတယ်ဆိုပြီး သူ့ဘာသာ မောင်မောင်နဲ့ ခန့်ဆိုတဲ့ နာမည်ကို ထပ်ဖြည့်လိုက်တယ်။ ဒါနဲ့ပဲ ၁၀ တန်းအောင်တော့ ထိပ်တင်မောင်မောင်တုတ်ခန့်ဆိုပြီး ဖြစ်သွားတယ်။ တုတ်လည်း တုတ်တယ် ခန့်လည်း ခန့်တယ် ဆိုတဲ့ သဘောပေါ့ဗျာ။

ပညတ်သွားရာ ဓါတ်သတ်ပါ ဒီအကောင်က အလွန်တရာ ထီးဆန် နန်းဆန်တယ်။ အသန့်အပြန့် ကြိုက်တာကလည်း ပြောမနေနဲ့တော့။ အနေအထိုင်ကလည်း ခန့်ငြားချင်သေးတယ်။ တစ်ခုပဲ အသက်ကြီး လာလေလေ ဒီကောင့် ခနဿဓာကိုယ်က ဝလာလေလေ ဖြစ်နေတာ။ နုထွားကြီးပေါ့ဗျာ။ အသက် ၁၉ နှစ်သားမှာ ဘယ်သူကမှ မလေးမစား မလုပ်ရဲလောက်အောင် ဝတုတ်လာတယ်။ သူ့ကို အားလုံးက တုတ်ကြီးလို့ ကွယ်ရာမှာ ခှေါကြတယ်။ ဒါပေမယ့်လည်း ရှေ့ကြရင်တော့ ထိပ်တင်ပေါ့။ ဒီလိုပဲ အကြိုက်လိုက်ပြီး ညာစားနေတဲ့ ကောင်တွေကလည်း သူ့ဘေးမှာ ဝိုင်းဝိုင်းလည်လို့။ ငွေကို ရေလို ဖြုန်းနိုင်လို့ ကောင်မလေးတွေ ဆိုတာလည်း ဝိုင်းဝိုင်းလည်နေတာပဲ။ ဒီကောင်ကလည်း ကောင်မလေးတွေနဲ့ဆို ငွေဆိုတာ အဝီစိတွင်းက ထွက်နေတဲ့ ရေလိုပဲ။ ဟောကနဲ ဟောကနဲ။ အစားအသောက်ကတော့ သောင်းကျန်းသလား မမေးနဲ့။ သူမစားဘူးတဲ့ အကောင်ဆိုလို့ အိမ်မြောင်သာ ရှိသတဲ့။ ရှောင်တာကလည်း ကုန်းမှာကုတင်၊ ရေမှာသဘေဿငာဆိုပဲ။ ဒါကြောင့်နဲ့ တူပါတယ်။ သူ့သွားစွယ်လေးတွေက ပေါရိဒါသဿသ ဓါတ်ပူးပြီး ချွန်ချွန်လေးတွေ ဖြစ်နေတယ်။ သူ့ကိုယ်သူကတော့ သွားတက်လေးနဲ့ လှတယ်ပေါ့။ လူတွေ့ရင် နှုတ်ခမ်းလေး တွန့်တွန့်ပြီး အဲဒါလေး ပှေါအောင် ပြရတာက အမော။

သူ့အကြိုက်ဆုံး မင်းသားက ဝင်းဦး။ သူ့ပုံစံကလည်း ဝင်းဦးနဲ့ တူတယ်။ အမူအယာကလည်း တူသေးတယ်။ စကားပြောရင် မပွင့်တပွင့် ပြောတတ်တယ်။ သူ့ကို သူ့သူငယ်ချင်းတွေက ဝင်းနူးလို့ ကွယ်ရာမှာ ခှေါတတ်ကြတယ်။ ယောင်လို့မှတော့ သူ့ရှေ့မှာ သြားမေခါှေလနဲ့။ မနဿတေလး တစ်မြို့လုံး အပေါင်းအသင်း မရှိဘဲ ဖြစ်သွားမယ်။ သူက အပေါင်းအသင်း အသိုက်အဝန်း အတှောဆန့်တဲ့ အကောင်။ ဆိုင်ကယ်ဆို စူပါကပ်မှ စီးတယ်။ တစ်ခြား ဒိုတွေ၊ ဒီတီတွေ၊ ကာဝါတွေက မခန့်ငြားဘူးတဲ့။ လူပုံဟန်ကို ပျက်စေသတဲ့။ သူတို့ မိဘ လက်ငုတ်လက်ရင်း စီးပွားရေးက ဆီစက် ဆန်စက် လုပ်တာ။ ရှေးပဝေသဏီထဲက လုပ်လာကြတာ။ သူ့လက်ထက်မှာ အတှောကြီး အောင်မြင်နေပါပြီ။ သူ့မိဘတွေကလည်း သူ့ကို ဒီအလုပ်ပဲ ဆက်လုပ် စေချင်ကြတယ်။ ဒါပေမယ့် ကံကြမဿမာ လမ်းကြောင်းတွေက တစ်ခါတစ်လေ အသင့်ရေးထား ပြီးသလားလို့တောင် ထင်ရတယ်ဗျာ။ မောင်မောင်တုတ်ဟာ ဒါတွေကို လုံးဝ ဝါသနာ မပါဘူး။ သူစိတ်ဝင် စားတာက ဂြိုဟ် နကဿခတ်တွေ၊ ဗေဒင်ကျမ်းစာတွေ၊ ရှေးဟောင်း ပစဿစည်းတွေ။ သူ့ဆီမှာ စုဆောင်းထားတဲ့ ရှေးဟောင်း ပစဿစည်းတွေ၊ ကျမ်းစာတွေ ဆိုတာ နဲတာ မဟုတ်ဘူး။ တစ်ချို့ကတော့ သူက ဒါတွေစုပြီး ထိုင်းတို့ တရုတ်ပြည်တို့ကို တရားမဝင် ရောင်းစားနေတာလို့ မရဲတရဲ ပြောကြတယ်။ ဘယ်သူမှတော့ လက်ဆုပ် လက်ကိုင် မပြနိုင်ပါဘူး။

တစ်နေ့။ မနဿတလေးရဲ့ ကောင်းကင်မှာ နေလုံးကြီး ပြင်းပြင်း ပူနေတဲ့ နေ့တစ်နေ့ပေါ့။ ထိပ်တင် မောင်မောင်တုတ်ခန့် အသက် ၂၀ ပြည့်တဲ့နေ့။ သူတို့ရဲ့ ခြံဝန်းကြီးထဲမှာ မွေးနေ့ပွဲ အခမ်းအနားကို စည်စည် ကားကားကြီး ကျင်းပနေတယ်။ ဂုဏ်ရည်တူ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အရမ်းကို သိုက်မြိုက်နေပါတယ်။ မောင်မောင်တုတ်ဟာ ဒီနေ့တော့ သူ့ခြံရှေ့ လာသမျှလူကို လှူမယ်ဆိုပြီး သူငယ်ချင်းတွေကို အထဲမှာ ခဏထားပြီး၊ ပိုက်ဆံ ထုပ်လေးကိုင်လို့ ခြံဝန်း အပြင်ထွက်လို့ အလှူပေးပါတယ်။ အနီးအနားက သတင်းကြားကြတဲ့ မရှိဆင်းရဲသားတွေလည်း အားရဝမ်းသာ လာတန်းစီ ကြတာပေါ့။ လာတဲ့ လူတွေကို ကြည့်ပြီး မောင်မောင်တုတ်ဟာ တစ်ခါမှ မခံစားဘူးတဲ့ ပီတိ တစ်မျိုးကို ခံစားနေရတယ်။ စိတ်ထဲမှာ ကြည်နူးနေတယ်။ အဲဒီလိုနဲ့ လူတွေလည်း တဖြေးဖြေး ပါးလာပါတယ်။ လက်ထဲမှာက လှူမယ်လို့ ကြံရွယ်ထားတဲ့ ပိုက်ဆံ ၁၀၀၀ ကကျန်နေသေးတယ်။ အဲဒီအချိန်မှာပဲ နေသာနေတဲ့ ကောင်းကင်ဟာ ရုတ်ချည်း တိမ်တွေ ညို့လာပြီး မိုးရိပ် ဆင်လာပါတယ်။ မရှေးမနှောင်းပဲ မိုးတွေ ရွာချပါတယ်။ မိုးရွာပေမယ့်လည်း ဒါလေးကုန်အောင် လှူမယ်ဆိုပြီး သူမိုးရွာထဲမှာ ဆက်လက် ရပ်စောင့်နေပါတယ်။ အဲဒီ အချိန်မှာ တောင်အရပ်ကနေ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ အဖိုးကြီး တစ်ယောက် ရောက်လာတယ်။ မောင်မောင်တုတ်က ဝမ်းသာအားရ လက်ထဲက တစ်ထောင်တန်ကို လှူလိုက်တယ်။ အဖိုးကြီးက ခန့်ညား အောင်မြင်လှတဲ့ အသံကြီးနဲ့ တဟားဟား ရယ်မောပြီး လက်ထဲက ငွေစကဿကူကို စုတ်ဖြဲ ပစ်လိုက်တယ်။ ပြီးတော့ သူ့လက်ထဲက တောင်ဝှေးနဲ့ မောင်မောင်တုတ် ရင်ဘတ်ကို ထောက်ပြီး လွယ်အိတ် အစုတ်လေးထဲကနေ စာအုပ်လေးတစ်အုပ် ထုတ်ပေးလိုက်တယ်။ ပြီးတော့ တလှုပ်လှုပ်နဲ့ လမ်းအတိုင်း ဆက်လျှောက်သွားပြီး မိုးတွေထဲမှာ ပျောက်သွားတော့တယ်။ အိမ်ထဲက လူတွေက မိုးရွာထဲမှာ တွေတွေကြီး ရပ်နေတဲ့ မောင်မောင်တုတ်ကို မြင်နေကြတယ်။ အဲဒီနေ့ညမှာပဲ ထိပ်တင်တုတ်ခှေါ၊ ဝင်းနူးခှေါ၊ ထိပ်တင်မောင်မောင်တုတ်ခန့်ဟာ မနဿဆလေး မြို့ကြီးကနေ ပျောက်ကွယ် သွားတော့တယ်။


အပိုင်း(၄)ကို ဒီနေရာမှာ ဖတ်ပါ။ [Click]

Technorati Tags: , , ,

No response to “Tawteetaw (5) : ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၅)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz