Thursday, September 7, 2006

Tawteetaw (4) : ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၄)

ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၄)


ကျှောကျှောဝင်း ဆိုတာက လူလည်။ ပုံစံလေးက သနားကမားလေးနဲ့ အလွန် မလည်ရှုပ် လုပ်တတ်တဲ့ အကောင်။ ဒီကောင်က ရန်ကုန်သားဆိုတော့ ဟိုဟိုဒီဒီကလည်း နှံစပ်တယ်။ ဖြစ်ချင်တော့ တကဿကသိုလ် ပထမနှစ်မှာ ဟိုအကောင်တွေနဲ့ စတွေ့တော့တာပဲ။ ဟတ်လိန်းလိန်းရယ်၊ တရီးကျုတ်ရယ်၊ အတီးရယ်က မြေလတ်သားတွေ။ ရန်ကုန်မှာ ကျောင်းတက်ဖို့ဆိုပြီး အိမ်ကနေ ငွေထုပ်ပိုက် ချီတက်လာကြတဲ့ ကောင်တွေ။ ပထမတော့ မအူမလည်နဲ့ လှည်းတန်းက အဆောင်လေးတွေမှာ ငှားနေကြသေးတယ်။ နောက်ပိုင်း အဲဒီကနေ ပြောင်းပြေးရ တော့တာပဲ။ အဖြစ်ကဒီလို။ တစ်ရက် ဒီကောင်တွေ သုံးယောက်သား ကျောင်းက ကင်န်တင်း တစ်ခုမှာ ထိုင်ပြီး ဘောလုံးပွဲ အကြောင်း ပြောနေကြတယ်။ သူတို့ ပြောနေတာက ပြည်နယ်နဲ့တိုင်း ဘောလုံးပွဲတွေအကြောင်း။ သန်းတိုးအောင်က ဘယ်လို၊ မျိုးလှိုင်ဝင်းက ဘယ်လို စတာတွေပေါ့။ အဲဒီအချိန်မှာ သူတို့ဝိုင်းကို လူတစ်ယောက်က လာထိုင်တယ်။ 

“မင်းတို့က စီအက်စ်ကပဲ မဟုတ်လား။ ဘီခန်းကလား။”
“အေး ဟုတ်တယ်ကွ ငါတို့က ဘီခန်းက၊ မင်းကရော”
“ငါက အေခန်းကကွ. မင်းတို့ကို တွေ့နေတာတော့ ကြာပါပြီ။ အခု ဖြတ်သွားရင်းနဲ့မှ ဘောလုံးပွဲအကြောင်း ပြောနေတာ ကြားလို့ ဝင်လာတာကွ။ ငါ့နာမည်က ကျှောကျှောဝင်း။ ရှစ်မိုင်မှာ နေတယ်”
“ဟာ ဟုတ်လား။ အေး တွေ့ရတာ ဝမ်းသာတယ်ကွာ။ ငါက အတီး၊ ဟိုဘက် ဝတုတ်တုတ်နဲ့ ခပ်အူအူကောင်က တရီးကျုတ်၊ ကလန်ကလားကောင်က ဟတ်လိန်းလိန်းတဲ့။ ငါတို့အားလုံး ပြည်က တက်လာတာကွ”
“အေး တွေ့ရတာ ဝမ်းသာတယ်ကွာ ငါက ကျှောကျှောဝင်းတဲ့ ဘောလုံးအရမ်း ဝါသနာ ပါတာကွ။ ငယ်ငယ်တုန်းကတော့ မြို့နယ်အသင်း လက်ရွေးစင် ပေါ့ကွာ(လျှောက်ဖောနေတာ)၊ အခုတော့ ပေါင်ခြံမှာ ဒဏ်ရာရလို့ နားလိုက်တာ။ မင်းတို့နဲ့ ခင်ရတာ ပျှောစရာကြီးကွာ။ မှာကြ စားကြ သူငယ်ချင်းတို့။ အဝသာ တွယ်ကွာ။ ဒီနေ့ ငါကျွေးမယ်”

ပြောပြောဆိုဆို ဒီကောင်ကစပြီး မှာပါတော့တယ်။ ခဏအတွင်း တစ်ဝိုင်းလုံး စားစရာ သောက်စရာတွေနဲ့ ပြည့်သွားတယ်။ အမှန်တော့ ဒီကောင်က ထောင်မြင်လို့ ရာစွန့်လိုက်တဲ့ သဘော။ ဟိုအကောင်တွေ တောက တက်လာတယ် ဆိုတာ သိတယ်။ အကြံရှိလို့ ဒီလောက် စေတနာ ကောင်းနေတာ။ တကယ်တမ်း ကျှောကျှောဝင်း ဆိုတာ ကောင်မလေးတွေ ကြားထဲမှာတောင် အော့ကြောလန် ကပ်စီးနဲလွန်းလို့ အားလုံးက ဝေးဝေးက ရှောင်ကြတဲ့ အကောင်။ ရုပ်ကလေးကတော့ သနားကမားလေးပါ။  အကျင့်လေးက မကောင်းတာ။ အဲဒီလို စားသောက်နေရင်းနဲ့က-

“မင်းတို့ ဘောလုံး ဝါသနာ ပါတယ်ဆိုပြီး အဂဿငလိပ် ပရီးမီးယားလိဂ်တွေ၊ အီတလီ စီရီးအေတွေ မကြည့်ကြ ဘူးလားကွ”
“အာဘာကြီးတွေတုန်း။ အဲဒါတွေ ငါတို့ မသိဘူးကွ။ ငါတို့က ပြည်နယ်နဲ့တိုင်း ပွဲတွေလောက်ပဲ သိတာ။ လုပ်စမ်းပါဦး”
“တောက် မင်းတို့ တှောတှော ခေတ်နောက်ကျနေပြီ”

အစချီပြီး သူသိတဲ့ အသင်းတွေအကြောင်း လျှောက်ပြော ပါတော့တယ်။ မန်ချက်စတာက ဘယ်လို။ လစ်ဗာပူးလ်က ဘယ်ဝါ၊ အာဆင်နယ် အသင်း မန်နေဂျာကို အာကြီးလို့ ခှေါတဲ့ အကြောင်း၊ ဆိုးလ်ကမ်းဘဲလ်ကြီးက အသား အရမ်းမည်းတဲ့ အကြောင်း၊ နစ်တယ်လ်ရွိုင်းက မြင်းမျက်နှာနဲ့ တူပြီး အွန်နရီက မျောက်ခေါင်းနဲ့ တူတဲ့ အကြောင်း၊ ဘောလုံး သမားတွေ ကွင်းထဲမှာ တံတွေး တပျစ်ပျစ် ထွေးတတ်တဲ့ အကြောင်း၊ ပြီးရင် အဲဒီ ကွင်းထဲမှာပဲ လူးလှိမ့် တတ်တဲ့ အကြောင်း၊ ခြေတံတိုပေမယ့် သတိထားရမယ့် မိုက်ကယ်လ် အိုဝင်အကြောင်း၊ အက်ရှ်လေကိုးနဲ့ တွဲနေတဲ့ သူ့ကောင်မလေး မတန်တဲ့ အကြောင်း စုံလို့ပါပဲ။ ဟိုကောင်တွေဆိုတာ မျက်လုံးကြီးတွေ အပြူးသား ပါးစပ်ကြီးတွေ အဟောင်းသားပေါ့။ အခုမှ ဒီအကြောင်းတွေ သိရတာကိုး။ ကျေးဇူးတင်လိုက်ကြတာ ဆိုတာ ပြောမနေနဲ့။ သူတို့ရဲ့ စိတ်တွေက ပြည်နယ်နဲ့ တိုင်းက ထွက်ပြီး ကမဿဘာအနှံ့ ခြေဆန့် ချင်နေပြီကိုး။

“အရမ်း အရမ်း ကျေးဇူး တင်တယ်ကွာ၊ ဒါနဲ့ အဲဒီ ပွဲတွေကို ငါတို့ ဘယ်နေရာမှာ ကြည့်လို့ရလဲ”
“ဟာ ဝေးဝေးလံလံ ရှာလို့ကွာ။ ဒီမှာ မင်းတို့ရဲ့ အသစ်စက်စက် သူငယ်ချင်းကြီး ကျှောကျှောဝင်းဆိုတာ ရှစ်မိုင် တစ်ဝိုက်မှာ အဲဒီ ဘောလုံးပွဲ ပြစားနေတာပေါ့ကွ။ ပွဲတွေက စနေ၊ တနဂဿငနွေ ညတိုင်း လာတယ်။ မင်းတို့ ကြည့်ချင်ရင် ငါ့အိမ်မှာ လာကြည့်ကွာ။ ငါ မင်းတို့ကို ပိုက်ဆံ မယူပါဘူး။ သူငယ်ချင်းတွေပဲ”

ဟိုသုံးကောင်သား အူတွေ မြူးသွားတယ်။ အဲဒီ နေ့ကစပြီး ဒီကောင် သုံးကောင်သား ဘောပွဲ အကြောင်းပြောရင် အဂဿငလန် မြေကနေ မခွာတော့ဘူး။ အချိန်တိုတိုနဲ့ ရန်ကုန်က အကောင်တွေကို အမှီလိုက်မယ် ဆိုပြီး ဝယ်ဖတ်လိုက်ရတဲ့ အားကစား ဂျာနယ်ဆိုတာတွေလည်း အခန်းထဲမှာ အပြည့်။ သုံးကောင်သား  ကြိုက်တဲ့ အသင်းတွေကလည်း တစ်သင်းစီ။ တရီးကျုတ်က လစ်ဗာပူးလ်မှ လစ်ဗာပူးလ်။ ကြိုးကြာတွေဟာ ရိုးစင်းပေမယ့် အမိမြေကို ချစ်တတ်တယ်ဆိုတာ ဒီကောင် တီထွင်ထားတဲ့ လစ်ဗာပူးလ်အတွက် ဆောင်ပုဒ်ဆိုပဲ။ ဟတ်လိန်းလိန်းက မန်ချက်စ်စတာ ယူနိုက်တက်။ ရဲရဲနီတဲ့ သွေးစက်တွေဟာ မင်းတို့ကို ခြောက်လှန့်ဖို့ ဆိုပြီး အခန်းထဲမှာတောင် စာရေးပြီး ကပ်ထားသေးတယ်။ အတီးကတော့ အာဆင်နယ်အသင်း ကသာ ဘောလုံးအသင်းလို့ ထင်တဲ့ အကောင်။ အာကြီးသာမြန်မာပြည်လာရင် ငါ့နှမနဲ့ ပေးစားပစ်မယ်ဆိုတာ ဒီကောင် အမြဲ ပြောနေကြစကား။ ဒီလိုနဲ့ ဒီကောင်တွေ ရောဂါ တက်သွားတယ် ဆိုကြပါစို့။ စနေ တနဂဿငနွေ ညတွေဆိုရင် ကြေးအိုး ထုတ်လေး ဆွဲပြီး ကျှောကျှောဝင်း အိမ်ကို ချီတက်ကြတယ်။ ဟိုအကောင်က ဘောလုံးပွဲအတွက် ပိုက်ဆံတော့ မပေးနဲ့ ငါက ကြေးအိုး သိပ်ကြိုက်တော့ တစ်ပါတ်မှာ နှစ်ရက်တော့ ငါ့အတွက် ကြေးအိုး ဝယ်ကျွေးကွာလို့ မှာထားတာကိုး။ ဒီလောက်ကတော့ ဒီကောင်တွေလို တော့သူဌေးသား တွေအတွက် အကင်းပဲ ရှိသေးတယ်။

ဒီလိုနဲ့ နှစ်လလောက် ကြာတော့ ဒီကောင်တွေ အတှောကြီး နားလည်လာတယ်။ ကစားကွက်တွေ ဘာတွေ သိလာတယ်။ လူနာမည်တွေ မှတ်မိလာတယ်။ စကား နှစ်ခွန်းပြောရင် တစ်ခွန်းက ဒီကောင်တွေ ကြိုက်တဲ့ ဘောအသင်းနဲ့ ဘောသမား နာမည်တွေ ကပ်ကပ် ပါလာတယ်။ တရီးကျုတ်ဆို ကျောင်းမှာ သူတိတ်တိတ် ခိုက်နေတဲ့ ကောင်မလေး တွေ့ရင်တောင် ဟေ့ကောင်တွေ ဟိုမှာ မို့မို့ဝင်း တွေ့လား။ သူလမ်းလျှောက် ပုံလေးက စတီဗင် ဂျရတ် ကွင်းထဲဝင်တဲ့ ပုံစံလေးနဲ့ တစ်ပုံစံထဲပဲတဲ့။ ကျန်တဲ့ နှစ်ကောင်ကတော့ အဲဒီ စတီဗင် ဂျရတ်ကို ခြေထောက် ချိုးချင်တဲ့ ဘောလုံး သမားတွေလို မျက်လုံးတွေနဲ့ ကြည့်ကြတာပေါ့။ အဲဒီလိုကို ရူးသွားကြတာ။ တကယ်တော့ ဒါတွေက ကျှောကျှောဝင်းရဲ့ ပထမအဆင့် အကွက်တွေပဲ ရှိသေးတယ်။ ဒီကောင်တွေကလည်း ကျှောကျှောဝင်းကို ကျေးဇူးတင်လို့ မဆုံး။ သူတို့ရဲ့ သူငယ်ချင်း ကောင်းကြီးလို အားကိုး ယုံကြည်တယ်။ သူသာ မပြောပြရင် သူတို့တွေ မြန်မာ့အားကစား ကမဿဘာကို လွှမ်းရမည်နဲ့ပဲ ပြီးနေတော့မှာကိုး။ ဟိုအကောင်ကလည်း ကြေးအိုးတွေ နင်းကန်သောက်ပြီး ပြုံးပြုံးကြီး ကြည့်နေတတ်တယ်။ ဒီ တောသားတွေ ငါ့အကွက်ထဲတော့ ဝင်လာပြီ ဆိုတဲ့ ပုံမျိုးနဲ့။ တကယ်တမ်း ဒီကောင့်မှာက ရေရှည် အကြံကြီးနဲ့။ သူတို့တွေသာ မသိကြတာ။ ကျှောကျှောဝင်း ဆိုတာက ဘောလုံးပွဲတွေနဲ့ လောင်းကစား လုပ်စားနေတဲ့ ဒိုင်အသေးစားကြီးလေ။


တတိယပိုင်းကို ဒီနေရာမှာ ဖတ်ပါ [Click]

Technorati Tags: , , ,

No response to “Tawteetaw (4) : ေန့အိပ္ညေပ်ာှေတာှတီးေတာှ (၄)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz