Tuesday, September 5, 2006

Tawteetaw 2 : နေ့အိပ်ညပျှော တှောတီးတှော (၂)

နေ့အိပ်ညပျှော တှောတီးတှောနှင့် မြေကြီးငလျှင် ပြည်ကြီးဝင် စနေငပေ ဇာတ်လမ်းတှောကြီး

အပိုင်း (၂)


မီးအိမ်ရွာကလေး

ဒီရွာကလေး ကတော့ မောင်ယောဆိုတဲ့ နီဂရိုးရဲ့ မွေးရပ်ဇာတိ ချက်ကြိုးမြှုပ်နှံရာ နေရာလေးပဲ ဖြစ်ပါတယ်။ ရွာအရှေ့ဘက် စပါးခင်းများ အလွန်မှာ သာသာယာယာ စီးဆင်းနေတဲ့ မလွယ်ကူး ချောင်းကလေး ကလည်း ဒီဒေသရဲ့ အသက်ပဲ ဖြစ်ပါတယ်။ ဒီမလွယ်ကူး ဆိုတဲ့ နာမကို မောင်ယောက သူ့ဘာသာ ၁၅နှစ်အရွယ်မှာ ပေးခဲ့ကြောင်း မှတ်သားဖူးပါတယ်။ ဒီနာမည်တွင်ပုံ အကြောင်းကလည်း သမိုင်း မတွင်ပေမယ့် ရင်မောစုတ်သပ် စရာတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာ စာဖတ်သူများ များမကြာခင် ဖတ်ရှုရမှာ ဖြစ်ပါတယ်။

မြောက်ဘက်တခွင် ကြည့်ပြန်တော့ စိမ်းမြမြ ပွတ်လုံး တောင်ထိပ်က စေတီငယ်ဖြူဖြူကို တွေ့ရမှာဖြစ်ပါတယ်။ မောင်ယောတို့ ဒေသမှာ ထိုကာလက ကားအသွားအလာ အလွန်ကို ရှားပါတယ်။ တနေ့ သူပျင်းပျင်းရှိလို့ တောင်ထိပ်ပှေါ တက်နေတုန်း ဝုန်းကနဲ အသံကြီးကို ကြားရပါသတဲ့။ အသံကြားရာနောက် အပြေး သွားကြည့်တော့ လားလား ကားကြီးတစ်စင်း ချောက်ထဲ ကျနေတာ တွေ့ရပါတယ်။ လောကမှာ သရဲကလွဲပြီး ဘာကိုမှ မကြောက်တတ်သူ ကျွန်တှောတို့ ဇာတ်လိုက်ကြီးဟာ အပြေးအလွှား ကားနားကို ရောက်သွားပါတယ်။ သတိမေ့နေတဲ့ ကားသမားကို တစ်လှည့် တုံးလုံးကြီး မှောက်နေတဲ့ ကားကြီးကို တစ်လှည့် ဘေးမှာ ဖရိုဖရဲ ပြန့်ကျဲနေတဲ့ ပွတ်လုံးတိုင်များကို တစ်လှည့် ခဏကြာ ငေးမောကြည့်နေ ပြီးနောက်မှ ဆုံးဖြတ်ချက် တစ်ခုကို လုံးလုံးကြီး ချလိုက်ပါတယ်။

အားကောင်းတဲ့ အဝေးကြည့် မှန်ပြောင်းနဲ့သာ ထိုနေရာကို လှမ်းကြည့်လိုက်မယ် ဆိုရင် အသက် ၇ နှစ်အရွယ် ကောင်လေး တစ်ယောက် မရှိမဲ့ရှိမဲ့ အားလေးနဲ့ သေးသွယ်တဲ့ သူ့လက်နှစ်ဖက်ကို အားပြုပြီး ပွတ်လုံး တိုင်တွေကို ချောက်ကြီးတစ်နေရာက ချုံပုတ်ကြီး တစ်ခုထဲကို အတင်းထိုးသွင်း နေတာကို မြင်ရမှာဖြစ်ပါတယ်။ စာဖတ်သူတို့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး တှောတှော မကောင်းတဲ့ ကလေးလေး ပါလားလို့ အလျင်စလို မထင်လိုက်ပါနဲ့ဦး။

ဒီအကြောင်းကို မောင်ယောက ဘာမှ ပြောမသွားပေမယ့် ကျွန်တှောသုံးသပ်မိတာတွေကို တင်ပြချင်ပါတယ်။ အဲဒီအချိန်က မောင်ယောဟာ လောက်လေးခွ ကောင်းကောင်းတစ်လက် ဝယ်မလို့ ပိုက်ဆံလို နေပါသတဲ့။ အဲဒီ သစ်ပွတ်လုံးတွေက သူတို့ရွာ အနီးက မတရားတဲ့ သူကြီးတစ်ဦး ပိုင်ဆိုင်တဲ့ အရာတွေလည်း ဖြစ်ပါသတဲ့။ မတရားမှုကို လားလားမှ မကြိုက်သူ မောင်ယောဟာ ပျောက်ကျားနည်းနဲ့ သူလည်း အကျိုးရှိစေ၊ ဘေးရွာက သူကြီးလည်း ဒုကဿခရောက်စေ ဆိုတဲ့ အတွေးမျိုး ဖြစ်ဟန် တူပါတယ်။ အဲဒီလိုကို ဘူဇွာလူတန်းစား ကို တိုက်ဖျက်ချင်တဲ့ ကျွန်တှောတို့ ဇာတ်လိုက်ကြီးပါ။ စာဖတ်သူတွေ အထင်မလွဲသင့်ပါဘူး။ အဲဒီတုန်းက အဲဒီ ပွတ်လုံးတွေကို ရောင်းလိုက်တာ လောက်လေးခွတင် မကဘူး လွယ်အိတ် အသစ်တစ်လုံးတောင် အပိုရ လိုက်သေးတဲ့ အတွက် ဒီတောင်တန်းကြီးကို သူက ပွတ်လုံးတောင်လို့ တခမ်းတနား ဂုဏ်ပြုချင်ဟန် တူပါတယ်။ ဤကားစကားချပ်။

ဒီလိုဒီလိုနဲ့ အဲဒီမီးအိမ်ရွာလေး တစ်ရွာလုံးဟာ မောင်ယောရဲ့ ကိုယ်ပိုင် သတ်မှတ်ချက်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။ မထူးတော့ မထူးဆန်းလှပါဘူး။ နောင်အခါ ကမဿဘာကြီး တစ်ခုလုံးကိုတောင် ပြောင်းလဲပစ်ဖို့ ကြိုးစားမယ့် သူတစ်ယောက်အတွက် ငယ်စဉ်ကတည်းကကို အဲဒီလို ဇာတိပြနေတဲ့ ကိစဿစတွေ ဆိုတာက သူ့ရာဇဝင်မှာ အကင်းပဲ ရှိပါသေးတယ်။

တချိန်ချိန် သင်တို့ ပတ်ဝန်းကျင်မှာ အဲဒီလို ကလေးတစ်ယောက် တွေ့တဲ့အခါ ဂရုမပြုဘဲ မနေပါနဲ့။ ဂရုမပြုဘဲ မနေပါနဲ့ဆိုတာ ကောက်ယူမွေးစားဖို့ ကျွန်တှောမဆိုလိုပါဘူး။ သေသေချာချာကြီးကို သတိထားပါလို့ ကျွန်တှောက သတိပေးချင် တာပါခင်ဗျား။


ဘုန်းကြီးကျောင်းသားလေးမောင်ယော


ကကြီး ကလေး ထမင်းကျွေး ( သူ့အမေ ကသူဆိုးလို့ဆိုပြီး ထမင်းမကျွေးဘဲ အပြစ်ပေးတတ်ပါတယ် )
ခခွေး ခွေးမိုက် အလွန်ကိုက် ( မောင်ယောနဲ့မတည့်တဲ့ ညိုကြီးဆိုတဲ့ ခွေးတစ်ကောင် ရွာမှာရှိပါတယ် )
ဂ ဂဏာန်းလုံး သောက်ရမ်းမုန်း ( သူ့ကို တခါအညှပ်ခံဘူးလို့ ဖြစ်ပါတယ် )
ဃ ဃဋီ ၁ နာရီ ( ရှေးဟောင်းမြန်မာ ၁ နာရီ = ၂၄ မိနစ် ကိုဆိုလိုဟန်တူပါတယ် )
င ငခုံးမ လွန်ပုပ်ပွ ( သူအမြဲစားနေတာဖြစ်မှာပေါ့ )
စလုံး စပါး တို့ရောင်းစား ( ခိုးလုပ်နေကျပါ )
ဆလိမ် ဆရာမိုက် တုတ်ကိုင်ရိုက် ( အထက်မှာတင်ပြခဲ့ပြီး )
ဇကွဲ ဇနီးအလွန်ကြီး ( ဘာကိုဆိုလိုမှန်းတော့ မသိပါဘူး )
ဈမျဉ်းဆွဲ ဈာပန မသာချ ( သူတစ်ခါမှမလိုက်ပါဘူး )
ည ညအခါ သရဲလာ ( တစ်ကမဿဘာလုံးမှာ မောင်ယော အကြောက်ဆုံး အကောင်ဖြစ်ပါတယ် )

“ဟဲ့ငယော လာခဲ့စမ်းဒီကို”
“တင်ပါ့ဘုရား”

ဘုန်းကြီး ကျောင်းတိုင်မှာ မှီပြီး စာအံနေသော မောင်ယောခမျာ ဦးသောဘိတရဲ့ ခှေါသံအဆုံးမှာ ကုပ်ကုပ် ကုပ်ကုပ်နဲ့ အနားတိုးလို့ သွားပါတယ်။ ကျောင်းမှာ ဆရာမနဲ့ ပြသဿသနာ ဖြစ်အပြီး အဲဒီကျောင်းကို မတက်ပါရ စေနဲ့တော့ဆိုပြီး တငိုငို တယိုယို ဖြစ်နေလို့ သူ့အမေက သူ့ကို ဘုန်းကြီးကျောင်း ပို့ထားတာ ဖြစ်ပါတယ်။ မောင်ယောလေး ယဉ်ကျေးမှု တိုးပွားလာအောင် ဖြစ်ပါသတဲ့။ ဦးသောဘိတ ဆိုတာကလည်း ဒီနယ်တဝိုက်မှာ နာမည်ကြီး ဘုန်းတှောကြီး။ တစ်နယ်လုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ဘုန်းကြီးပါ။ ဦးသောဘိတ စကားတစ်ခွန်း ဆိုရင် တစ်နယ်လုံးက ခေါင်းညိတ်ပြီးသား။ အဲဒီလောက်အထိ တန်ခိုးထွားပါတယ်။ ဗေဒင်၊ အင်းအိုင်၊ ခလှဲ့၊ လက်ဖွဲ့၊ ဂါထာ၊ မနဿတယား၊ လောကီ၊ လောကုတဿတရာ သူမသိ သူမတတ်တာမရှိ။ တှောတှောလေးကို နှံ့စပ်တဲ့ ဆရာတှောကြီးဖြစ်ပါတယ်။

“ငယော နင်ခုနဆိုနေတာကို နင့်ဘယ်သူသင်သလဲ ပြောစမ်းဟဲ့”
“မှန်လှပါဖျာ့။ ဘယ်သူမှမသင်ပါဘူးဖျာ့၊ တပည့်တှော စိတ်ထဲပှေါတဲ့အတိုင်း ဆိုနေမိတာပါဖျာ့”
“အောင်မာ နင်ကများ ...။ နေစမ်းပါဦး ပြန်ဆိုစမ်း ခုန သံပေါက်ကို”

မောင်ယောက ကြောက်ကြောက် လန့်လန့်နဲ့ ပြန်ဆိုပြ လိုက်ပါသတဲ့။ ဆရာတှောကြီးက မျက်စိကို အသာမှေးရင်း နားစိုက်ထောင်နေတယ်။ ဘာမှမပြောဘူး။ လက်ချောင်းတွေကို အသာချိုးရင်း ခေါင်းတညိတ်ညိတ် လုပ်နေတယ်။ အားလုံးပြီးသွားမှ-

“ဟဲ့ ကိုရင် ဇဝန ငါ့အခန်းထဲက ကြေးစုတ်နဲ့ ဆေးသွားယူချေစမ်း”
“လာဟဲ့ ငယော ငါ့နောက်ကိုလိုက်ခဲ့”
“တင်ပါ့ဖျာ့”

ဘဘုန်းကြီးက သူ့ကို ဘုရားခန်းထဲကို ခှေါသွားပါတယ်။ ဘဘုန်းကြီးက ဘုရားကို ဦးချပါတယ်။ သူကလည်း နောက်ကနေ ဘုန်းကြီးလုပ်သမျှ အကုန်လိုက်လုပ် ရတာပေါ့။ ခဏကြာတော့ ကိုရင်ဇဝနက ကြေးစုတ်ကြီး တစ်ချောင်းနဲ့ ဗူးတစ်ဗူးယူပြီး အခန်းထဲကို ဝင်လာတယ်။ ဘဘုန်းကြီးက အခန်းတံခါးကို ကိုရင်ဇဝနကို အပိတ်ခိုင်းလိုက်ပြီး အခန်းထဲကို ဘယ်သူမှ ဝင်မလာရလို့ အမိန့်ပေး လိုက်ပါတယ်။

“ကဲ ကိုရင်မောင်ယော ငါဆိုတာကို နောက်ကလိုက်ဆိုပေတော့” ဆိုပြီး တစ်နာရီ နီးပါးမျှ လွန်စွာ ရှည်လျားလှတဲ့ ဘာဘာသာနဲ့ သီကုံးထားမှန်း သေချာမသိတဲ့ မနဿတယားကြီး တစ်ခုကို ရွတ်ဆို ပါတော့တယ်။ အခန်းက အလုံပိတ်ထားတော့ လေကမဝင် အိုက်ကအိုက် ပျင်းကပျင်း အိပ်ကလည်းငိုက် ဆိုတော့ ချွေးတလုံးလုံးနဲ့ မဲလုံးလုံး ကိုရင်မောင်ယော တစ်ယောက် ဘယ်လို ဖြစ်နေမယ်ဆိုတာ စာဖတ်သူတွေ ရိပ်မိလောက်မှာပါ။ အခန်းထဲမှာလည်း အရိပ်တွေ မြင်နေရသလိုလို စကားသံ တိုးတိုးတွေ ကြားနေရသလို သူ့စိတ်ထဲ ထင်နေပါတယ်။ ကြောက်လိုက်တာဆိုတာ မပြောပါနဲ့တော့။ ဘဘုန်းကြီး ရှိနေလို့သာ။ ရှိများရှိမနေလျှင် သူအသက် ထွက်လောက်ပြီ လို့တောင် ထင်နေမိတယ်။ ဘဘုန်းကြီးက သူ့လက်ကို ဆွဲယူပြီး သူ့လက်နဲ့ ထပ်ကိုင်လိုက်တယ်။ မျက်စိမှိတ်ထား လို့လည်း ပြောတယ်။ အာရုံခံနေတာ ဖြစ်ပါလိမ့်မယ်။ တစ်ခါတစ်ခါ ဘုန်းကြီးကျောင်းကို လာကြတဲ့ တချို့သော အာဂနဿတုတွေ ၊ ဒါယကာရင်းတွေကို ဒီလိုလုပ်ပြီး ဗေဒင်တွေ ဟောတတ်တာ သူတွေ့ဖူး နေတယ်။ ဘာမှန်းတော့ သူလည်း သေချာမသိဘူး။ သူသိတာတစ်ခုက အရမ်းကို ပူအိုက်နေတာကိုပါပဲ။

“ကဲ မောင်ယော မှတ်ပေတော့ မင့်တသက်တာကို ငါပြောတော့မယ်”

အန် ငါတောင် ဘာမှ လုပ်ရသေးဘူး ဘဘုန်းကြီးက နောင်ဘာဖြစ်မယ် ပြောမယ်ဆိုပါလား ဘယ်လိုကြီးလဲဟ ဆိုပြီး မောင်ယောက ကြောင်စီစီနဲ့ တွေးနေမိသေးတယ်။ သူ့မျက်နှာက စပ်ဖြီးဖြီး ဖြစ်လာတယ်။

“တယ် ငါဖနောင့်နဲ့ ထပေါက် လိုက်ရလို့။ တောင်အီအီ မြောက်အီအီ လုပ်မနေနဲ့ သေချာမှတ်ထား”

“နင့်အသက် ၁ဂနှစ်သားမှာ နင်ဟာ အသားဖြူတဲ့ တိုင်းပြည်ကြီး တစ်ခုရဲ့ လူတွေဆီကနေ ထူးဆန်းတဲ့ ပညာရပ်တစ်ခု ရမဟဲ့၊  နင်ဘယ်သွားသွား လူတွေက နင့်ကို ဝိုင်းကြည့်တာခံရမယ်။ အလွန်ကြမ်းတမ်းတဲ့ ခရီးလမ်းကြီးကို သွားရမယ်။ ငါ့အာရုံထဲ ရေပြင်ကြီး တစ်ခုလည်းတွေ့တယ်။ ကမဿဘာအနွံကို နင္သြားရလိမ့္မဟဲ့။ လူထူးဆန်းကြီး တွေနဲ့လည်း တွေ့လိမ့်မယ်။ နေဦးမှန်းစမ်း ဘယ်နှစ်ယောက်ပါလိမ့်။ ၈ ယောက်။ ဟုတ်တယ်။ လူထူးဆန်းကြီး ဂဦးနဲ့ တွေ့လိမ့်မယ်။ သေသေချာချာမှတ်စမ်း။ အဲဒီလူတွေနဲ့တွေ့တဲ့အခါ နင့်ဘဝကြီးမှာ တစ်သက်နဲ့တကိုယ် မကြုံဘူးတဲ့ ထူးထူးဆန်းဆန်း အဖြစ်ကြီးတွေ ဖြစ်လာလိမ့်မယ်။ အလို ဘုရားဘုရား ငါ့သားမောင်ယော အဲဒီလူတွေထဲ စနေငပေဆိုတဲ့ လူဆိုးကြီး တစ်ဦးကိုတော့ နင်သတိထားပေတော့။ အဲဒီ စနေငပေဆိုတဲ့ လူတစ်ဦးကတော့ နင့် အသက်ကို အကြိမ်ကြိမ် လုပ်ကြံတာ နင်ခံရလိမ့်မဟဲ့။

အင်း ဘဝဘဝ မအိပ်မနေ အသက်ရှည်၊ ဒီလောကထဲမှာ အသက်ရှင် နေသ၍ တှောတီးတှောဆိုတဲ့ လူတစ်ယောက်ကို မတွေ့တွေ့အောင်သာ ရှာပေတော့။ သူတစ်ဦးသာ နင့်ကို အသက်အနဿတရာယ် ကနေ ကာကွယ်ပေး နိုင်လိမ့်မယ်။ ဘဘုန်းကတော့ ငါ့သား အနဿတရာယ်ကင်းအောင် တေနပုတကိ ဆိုတဲ့ မဟာအင်းကြီးကို ထိုးပေးလိုက်မယ်။ အများအကျိုးအတွက် သုံးပေတော့။ နင့်ခေါင်းထဲမှာ မှတ်ထားရမှာက စနေငပေကို လွတ်အောင်ရှောင် တှောတီးတှောကို တွေ့အောင်ရှာ။ အဲဒီစကားကို ဘယ်တော့မှ မမေ့လေနဲ့ ငါ့သား”

အဲဒီလိုပြောပြီးဘဘုန်းကြီးဟာ သူ့စာအုပ်ထဲမှာ ခုနက သူဆိုနေတဲ့ သံပေါက်လေးကို ချရေးလိုက်ပါတယ်။ ပြီးတော့မှ-

နေမာတသဿသ ဘဂဝေတာ အရဟေတာ သမဿမာသမဿဗုဒသဿသ။
ဤကမဿဘာဝယ် နောင်အနှစ် နှစ်ဆယ်မျှ ကြာသောအခါ ကလေးငယ်တို့ အငတ်ဘေးကြီး တစ်ခု ကြုံရလတဿတံ။
ခွေးနှင့်တူသော သစဿစာရှိ လူယုံတို့ ကိုပင် မယုံရလောက်အောင် လူတို့ ယုံကြည် အားကိုးခြင်းများ ပျက်လတဿတံ။
ဂဏာန်းကောင်သည် ဦးနှောက်မရှိသှောငြား လက်မ တကားကား ရှိသကဲ့သို့ လူ့ဗာလတို့ ရမ်းကားခြင်း ပြုလတဿတံ။
ငခုံးမ ပုပ်သောအနံ့သည် လှိုင်လှိုင် ထွက်သကဲ့သို့ လူတို့၏ မကောင်းမှုသတင်း ပျံ့ပြူးခြင်း သည်လည်း ဖြစ်လတဿတံ။
စပါးဈေးများ အဆမတန် တက်ကြလတဿတံ။
ပညာတတ်များ လျော့ပါးလတဿတံ။
မိန်းမတို့ ခေတ်ဆန်ခြင်းလည်း ဖြစ်လတဿတံ။
လူအသေအပျောက် အများအပြား ဖြစ်တတ်သော ကပ်ကြီးများ ကြုံရလတဿတံ။
ေမွာှယနဿတယား၊ ဂါထာမနဿတာန္တို့ကို ယုံကြည်သူလည်း များလတဿတံ။
ဤကား ငါမည်သော ရှင်သောဘိတဟောရာ ရှေ့ဖြစ်တည်း။
မှတ်လေတော့ငါ့သား။


ငယ်ရွယ်နုနယ် ဖြူစင်လှစွာသော ဘုန်းကြီး ကျောင်းသားလေး မောင်ယောရဲ့ စိတ်ထဲမှာ ထိုစကားသံများဟာ သံမှိုနှက်သကဲ့သို့ မထွက်နိုင်တော့ပြီ။

စနေငပေကို လွတ်အောင်ရှောင် တှောတီးတှောကို တွေ့အောင်ရှာ!!!
စနေငပေကို လွတ်အောင်ရှောင် တှောတီးတှောကို တွေ့အောင်ရှာ!!!
စနေငပေကို လွတ်အောင်ရှောင် တှောတီးတှောကို တွေ့အောင်ရှာ!!!
စနေငပေကို လွတ်အောင်ရှောင် တှောတီးတှောကို တွေ့အောင်ရှာ!!!
စနေငပေကို လွတ်အောင်ရှောင် တှောတီးတှောကို တွေ့အောင်ရှာ!!!
စနေငပေကို လွတ်အောင်ရှောင် တှောတီးတှောကို တွေ့အောင်ရှာ!!!

နောက်ဆုံး ဘဘုန်းကြီးက သူ့ကို သကဿငန်းအမ ခိုင်းပြီး စုတ်ကြီးနဲ့ မဟာတေနပုတကိ ဆိုတဲ့အင်းကြီးကို ရင်ဘတ်မှာ ထိုးပေးပါတယ်။ မီးအိမ် ရွာလေးတဝိုက် ကောက်စိုက်တဲ့ သူတွေတောင် ရွာထဲ ဘာဖြစ်နေသလဲ ဆိုပြီး အပြေးအလွှား လာကြည့်ရ လောက်အောင် ငှက်ဆိုးထိုးသံအလား အှောလိုက်တဲ့ မောင်ယောအသံဟာ ဘုန်းကြီးစုတ်ချက်တိုင်း ပဲ့တင် ထပ်လောက်အောင်ကို ဖြစ်နေပါတော့တယ်။


အပိုင်းနှစ် ပြီး၏။
အပိုင်း(၁)ကို ဒီနေရာမှာ ဖတ်ပါ။ [Click]

Technorati Tags: , ,

No response to “Tawteetaw 2 : နေ့အိပ်ညပျှော တှောတီးတှော (၂)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz