
ကိုယ့်ကိုကိုယ် မှန်ထဲ ပြန်ကြည့် မိတဲ့အခါမှ မိုဒီဂလျာနီရဲ့ နံရံပှေါက စာလေး သွားသတိရမိတယ်။
" You are not alive unless you know you are living "အင်း ဆံပင်တောင် တှောတှောရှည်နေပြီ။ ပေပေတေတေ ဆက်လို့ နေလိုက်ဦးမယ်။ ထိုင်နေလို့တော့ ဘာမှ ဖြစ်မလာဘူး။ ထသွားမှ တစ်ခုခု ဖြစ်တာ။ ထိုင်နေရင် အကောင်းသား ထပြီး တံခါးဖွင့်လိုက်တာ လက်ကညပ်ပြီး ကျွတ်ထွက်သွားတဲ့ လက်သည်းက အခုထိ ပြန်မပေါက်နိုင်သေးဘူး။ လက်သည်း မရှိဘဲ ဂစ်တာ တီးရတာ တှောတှော ဖီးလ် အောက်တယ်။ တစ်လလောက် မတီးဖြစ်တဲ့ ဂစ်တာကို ကောက်ကိုင်လိုက်တော့ ကြိုးတွေက သံချေး တက်နေတယ်။ အသစ်ဘယ်မှာ ဝယ်ရမှန်း မသိလို့ သံချေးတွေ ခြစ်ထုတ်ပြီး ကာလ အတှောကြာ မတီးဖြစ်တဲ့ သီချင်းတစ်ပုဒ် တီးဖြစ်တယ်။ ထုံထုံထိုင်းထိုင်း အသံတွေပဲ ထွက်လာတယ်။ အမှတ်တရ အသံသွင်းထားလိုက်တယ်။ ဒီသီချင်းက စုံတွဲဆိုဖို့ ရေးထားတဲ့ သီချင်း။ ဆိုမယ့် မိန်းမ မရှိလို့ ကိုယ့်ဘာကိုယ်ပဲ အားလုံး ဆိုပစ်လိုက်တယ်။ အသံတွေလည်း အောက်နေတယ်။ ဆေးလိပ်တန်ခိုးတွေ။ အဆုပ်ဟာ အားသိပ်မရှိဘူး။
သိနိုင်မလား
Technorati Tags: Nyi Lynn Seck, Photo, Diary, Song, Download
No response to “Long Hair, Weird Mind and Blurred Emotion”
Post a Comment
Trackbacks
Leave a trackback