ညီမလေး
ဘာကိုမှ ဖွင့်မပြောဖြစ်ခဲ့ဘူး
အတွေးများစွာနဲ့
ငါတို့ဝေးခဲ့ရတယ်
ဘာကိုမှ မပွင့်လင်းခဲ့ကြဘူး
တခါတခါ ဆုံခဲ့ကြတဲ့ မျက်ဝန်းတွေက
ဆွတ်ပျံ့ခြင်းများနဲ့ ရီဝေဝေ
ဘာကိုမှ မမျှောလင့်တော့ပါဘူး
လှပသောလက်ရေးတွေနဲ့
ညီမလေးရဲ့ စာရွက်လေးတွေက
နေရာယူနိုင်ခဲ့တာ ငါ့ဗီရိုလေးထဲမှာ
ဘယ်သူမှ မသိလိုက်ပါဘူး
အဖြူရောင်ဘောင်တွေထဲမှာ
ငါရူးသွပ်ခဲ့ရတာကအခါခါ
ဘာကိုမှ မတောင်းဆိုချင်တော့ပါဘူး
သတိတရ ဖြစ်နေချိန်တောင်မှ
ညီမလေးအနားမှာ
တစ်ခါမှ ရှိနေခွင့်မရခဲ့တာ။
တကဿကသိုလ် တက်တုန်းက ထုတ်ဖြစ်ခဲ့တဲ့ ကျွန်တှော့ ကဗျာစာအုပ် လေးထဲက ကဗျာ။
Have I told you lately that I love you
Rod Steward
Have I told you lately that I love you
Have I told you theres no one else above you
Fill my heart with gladness
Take away all my sadness
Ease my troubles thats what you do
For the morning sun in all its glory
Greets the day with hope and comfort too
You fill my life with laughter
And somehow you make it better
Ease my troubles thats what you do
Theres a love thats divine
And its yours and its mine like the sun
And at the end of the day
We should give thanks and pray
To the one, to the one

And have I told you lately that I love you
Have I told you theres no one else above you
You fill my heart with gladness
Take away my sadness
Ease my troubles thats what you do
Take away all my sadness
Fill my life with gladness
Ease my troubles thats what you do
Take away all my sadness
Fill my life with gladness
Ease my troubles thats what you do
ဒါက နားထောင်မိရင် ကြိုက်လွန်းလို့ ကျွန်တှော သိပ်နားမထောင်တဲ့ သီချင်း။ ဘာရယ် မဟုတ်ပါဘူး။ အမှတ်တရတိုင်းဟာ ဆက်စပ်မှုတွေ ရှိတာပေါ့။ ညတွေမှာ ကျွန်တှောရယ် ကျွန်တှော့သူငယ်ချင်း သူရထွေးရယ် ဂစ်တာတီးပြီး ဒီသီချင်းကို လွမ်းလွမ်း ဆွတ်ဆွတ် အခေါက်ပေါင်း များစွာ ဆိုခဲ့ကြတာတဲ့ အကြောင်းတွေ သတိတရ ဖြစ်မိတယ်။ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ ကိုယ်ပေါ့။ ဒါပေမယ့် ဒီသီချင်းဆိုလိုက်တာနဲ့ ဘာဆိုတာ သူငယ်ချင်း အချင်းချင်းက မပြောဘဲ အလိုလို သိကြတယ်။ ဪ ကျောင်းသား ဘဝလေး သတိရလိုက်တာ။ အထက်က ကဗျာနဲ့ သီချင်းက ဘာမှ မသက်ဆိုင်ပါဘူးဗျာ။ အဲလို သတ်မှတ်လည်း ရပါတယ်။ :)
သီချင်းကို ဒီနေရာမှာ ဒေါင်းလုဒ် လုပ်ယူနိုင်ပါတယ်။ [Download][4Mb]

Technorati Tags: Rod Steward, Have I told You Lately That I Love You, Lyric, Mp3, Download, Nyi Lynn Seck, Poem
No response to “Have I told you lately that I love you”
Post a Comment
Trackbacks
Leave a trackback