
ကျွန်တှော အရင်က သုံးတဲ့ ဖိုင်းယားဝေါလ်က ဇုန်အလမ်းပါ။ အခုနောက်ပိုင်း ဆစ်ဂိတ်ကို ပြောင်းလဲ သုံးစွဲပြီး တှောတှောလေး နှစ်သက်မိတယ်။ ကိုင်တွယ်ရ လွယ်ကူသလို စွမ်းဆောင်ရည်လည်း မြင့်မားပါတယ်။ ဖိုင်းယားဝေါလ်ဆိုတာ ကိုယ့်ကွန်ပြူတာက programs တွေ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ပေးတဲ့ ပရိုဂရမ်ပါ။ တစ်ချို့သူတွေ အဲဒီလို ဖိုင်းယားဝေါလ် ပရိုဂရမ်ကို သွင်းပြီး မသိဘဲနဲ့ အခြားပရိုဂရမ်တွေ၊ port တွေကို ပိတ်လိုက်မိတဲ့အခါ ဖိုင်တွေ ပို့မရတာတို့၊ မက်ဆင်ဂျာ သုံးမရတာတို့ ဖြစ်လာတတ်ပါတယ်။ ဒီဆစ်ဂိတ်နဲ့ အားလုံးကို ထိန်းချုပ်နိုင်ပါတယ်။ အိုင်ပီအက်ဒရက်စ် တစ်ခုချင်းစီ ပေးပြီးတော့လည်း ပိတ်ထားတာမျိုး လုပ်လို့ရပါတယ်။ ကိုယ်မသိတဲ့ ပရိုဂရမ်တွေ အလိုလို ထပြီးမပွင့်အောင် တားဆီးထားလို့လည်း ရတယ်။ သူများစက်ကနေ ကိုယ့်စက်ကို ဟိုင်ဂျက် လုပ်တာတွေကိုလည်း အလိုအလျောက် တားဆီးပေးပါတယ်။ အင်တာနက် သုံးသူတိုင်း အန်တီစပိုင်ဝဲလ် ပရိုဂရမ်တစ်ခု၊ ဖိုင်းယားဝေါလ် တစ်ခုတော့ ကိုယ့်ကွန်ပြူတာမှာ သွင်းထားပါတယ်။ ဒီပရိုဂရမ် မသုံးဘူးသူတွေ အလွယ်ကူဆုံး မှတ်သား နိုင်တာက ကိုယ်သိတဲ့ ပရိုဂရမ်တွေကို ခွင့်ပြုမလားလို့ မေးရင် ခွင့်ပြုပေးရမှာ ဖြစ်ပြီး၊ ကိုယ်မသိတဲ့ ပရိုဂရမ်တွေ တက်လာတယ်ဆိုရင်တော့ တားဆီးပေးရမှာ ဖြစ်ပါတယ်။ အောက်က ဖိုင်ထဲမှာ ကီးဂျန်နဲ့တကွ ပါပါတယ်။ အညွန်းစာကို ဖတ်ပြီး သွင်းယူပါ။
Download Sygate Personal Firewall Pro 5.6.3408 : 8Mb
Tnx Icezero for that link!!!
Technorati Tags: Sygate Personal Firewall Pro 5.6.3408, Download, Firewall, Sygate, Software
No response to “Download Sygate Personal Firewall Pro 5.6.3408”
Post a Comment
Trackbacks
Leave a trackback