Friday, September 29, 2006

Diary : မပျှောရွှင်သော အချိန်များအကြောင်း

ကျွန်တှော့ကို အီးဘွခ် တောင်းတဲ့ သူတွေရော၊ သီချင်းခွေ တောင်းတဲ့ သူတွေရော၊ ဓါတ်ပုံ အပ်တဲ့ သူတွေရော၊ ဒီဇိုင်း လုပ်ခိုင်း သူများရော တကယ်ကို ဆောရီးပါဗျာ။ ဘယ်လိုမှ နေရထိုင်ရတာ မုဒ်မလာလို့ပါ။ စိတ်တွေ နောက်လို့ အီးမေးလ်တွေလည်း တစ်ရက်နေမှ တစ်ခါလောက်ပဲ ဖတ်ဖြစ်တယ်။ မပြန်ဖြစ်ရင်လည်း ဆောရီးပဲဗျာ။ မြန်မာ အီးဘွခ်တွေကိုတော့ သက်ဆိုင်ရာ ဝဘ်ဆိုဒ်တွေကနေသာ ဒေါင်းလုဒ် လုပ်ယူ ကြပါတော့လို့။ အပျင်းတကာ့ အပျင်းဆုံး အလုပ်ထဲမှာ အဲဒီ အပ်လုဒ်ဒင်း ပါနေလို့ပါ။ ဒီက ကွန်နက်ရှင် မကောင်းတာ ကြောင့်လည်း ပါပါတယ်။ ဒီရက်ပိုင်းထဲမှာ ဒီဘလော့ခ်ကို ရောက်လာတဲ့သူတွေ အရမ်းတိုးလာတယ်။ photoshopit ဆိုဒ်က ကျွန်တှော့ရဲ့ ဖိုတိုရှောပ့် ကျူတိုရီရယ်လ် နှစ်ခုကြောင့်လည်း ပါပါတယ်။ အရင်ကဆို အဲဒီလို လူတွေ များလာရင် ပျှောမိတယ်။ အခုနောက်ပိုင်း ဘာမှ သိပ်မခံစားရ တော့ဘူး။ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ဆုံးရှုံးလာတယ်။ အရင်ကလို စိတ်ရှိလက်ရှိ ကိုယ်ပိုင် ခံစားချက်တွေ ရေးချင်ပေမယ့် ရေးလို့ မရတော့ဘူး။ ဘယ်သူနဲ့မှလည်း စကား မပြောချင်ဘူး။ အေးအေး ချမ်းချမ်းလေး နေချင်တယ်။ ဘဝမှာ တိုးတက် အောင်မြင်စရာတွေ ကြုံမယ် ကြံတိုင်း ပျက်ခဲ့ရတဲ့ ကျွန်တှော့ အကုသိုလ်ကလည်း တှောတှောကြီးတယ်။ ဘယ်သူ့ကိုမှ အပြစ်မတင်လို တော့ပါဘူး။ ဒါနဲ့ မြန်မာဘလော့ခ် လုပ်ချင်သူများလည်း ဒီဘလော့ခ်ရဲ့ ညာဘက် အပှေါဆုံးမှာ ဘယ်လို လုပ်ရမယ်ဆိုတာ လင့်ခ်လေးတွေ ပေးထားပါတယ်ဗျာ။ တစ်ယောက်ချင်းစီကို မကူညီနိုင်တာ ခွင့်လွှတ်ပါ။ အဲဒီမှာ အသုံးဝင်မယ့် ပိုစ့်တွေ စုပေးထားပါတယ်။

လောလောဆယ် စိတ်ပျက်လက်ပျက် လုပ်နေတဲ့ အလုပ်များ

  • မှန်အိမ်လေး သီချင်းကို တစ်နေ့လုံး တစ်ညလုံး ဖွင့်နားထောင်တယ်။ [Lamp]
  • Amitav Ghosh ရဲ့ The Glass Palace ဆိုတဲ့ မနဿတလေးအကြောင်း စာအုပ် ဖတ်နေတယ်။
  • တစ်နေ့ကို ကှောဖီ ငါးခွက်လောက် သောက်ဖြစ်တယ်။
  • ညဆို အစောကြီး အိပ်တယ်။
  • သိပ်ပီပြင်လွန်းတဲ့ အိပ်မက်တွေ ခဏခဏ မက်တယ်။
  • ဆေးလိပ်ကို သေအောင်ပြန်သောက် ဖြစ်နေတယ်။ ရင်ဘတ်အောင့်တယ်။
  • ကံမကောင်းတဲ့ ကိုယ့်ကိုကိုယ် ဗေဒင် ပြန်တွက်ကြည့်တော့ အဖြေတွေက ရယ်စရာ ကောင်းလောက်အောင် သိပ်ကောင်းနေလို့ ထိုင်ရယ်နေမိတယ်။
  • အာရှနဲ့ ဥရောပ အနုပညာများဆိုတဲ့ စာအုပ်အတွက် အချက်အလက် ရှာနေတယ်။
  • ဗိုက်အောင့်လို့ ဆေးလှိမ့်သောက်နေရတယ်။ (ရောဂါတွေထဲမှာ အဲဒါကို သောက်ရမ်း မုန်းတယ်)
  • ဝဘ်ဆိုဒ်အတွက် ဒီဇိုင်း ဆွဲနေတယ်။ [sample]
  • သီချင်းတစ်ပုဒ် ရီမစ် လုပ်နေတယ်။

တှောပြီဗျာ။ စိတ်နဲ့လူနဲ့ သိပ်မကပ်ဘူး။ ဘာမှလည်း ခံစားလို့ မရဘူး။ အကြံဉာဏ်တွေလည်း မထွက်ဘူး။ ပိုက်ဆံလည်း မဝင်ဘူး။ အလုပ်ပေးမယ့် သူလည်း မရှိဘူး။ ဘာမှလည်း မတတ်ဘူး။ တွေးမိရင် ကိုယ့်ကိုကိုယ်တောင် ရင်လေးလာပြီ။

Technorati Tags: ,

No response to “Diary : မပျှောရွှင်သော အချိန်များအကြောင်း”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz