Friday, September 29, 2006

29.09.2006

စိတ်ညစ်တယ်။ စကားလုံးတွေ များများ မရှိပါဘူး။ စိတ်ညစ်တယ်။ ဘဝအဆက်ဆက်မှာ ဘာမှ မခံစားတတ်တဲ့သူ ဖြစ်ချင်တယ်။ ညက အိပ်မက်ထဲမှာ မိုးဖြူရောက်လာတယ်။ သူမိုးဖြူဆိုတာ အိပ်မက်ထဲမှာ သိပေမယ့် တကယ့်အပြင်မှာ မိုးဖြူဆိုတာ မရှိဘူးဆိုတာလည်း ကျွန်တှော သိနေတယ်။ ဒီလို စိတ်ညစ်တဲ့ ညတွေတိုင်းမှာ မိုးဖြူဟာ ရောက်ရောက် လာတတ်တယ်။ သူဟာ ကျွန်တှော့ ဘေးမှာထိုင်ပြီး စကားနဲနဲ ပြောတတ်တယ်။ ဒါလောက်ပဲ။ အချိန်တန်လို့ သူပြန်ရတော့ မယ်ဆိုရင် သူပြန်သွားတယ်။ ကျွန်တှောလည်း မတားဘူး။ သူက ကျွန်တှော့ကို စိတ်ညစ်နေလားလို့ တစ်ခါမှ မမေးဘူး။ ကျွန်တှောကလည်း စိတ်ညစ်စရာ အကြောင်းတွေ တစ်ခါမှ မပြောဘူး။ ဒီလိုပဲ ကျွန်တှောတို့ နှစ်ယောက်သား ထိုင်နေကြတယ်။ တစ်ခါတစ်ခါတော့လည်း အိပ်မက်ထဲက လေလေးတွေ တိုက်နေတဲ့ နေရာမှာ ကျွန်တှောတို့ ရောက်နေတယ်။ သိပ်ငြိမ်းချမ်းတယ်။ သူ့ဆံပင် ပါးပါး ပျော့ပျော့လေးတွေက လေမှာ လွင့်နေတယ်။ သူတစ်ခါ ကျွန်တှော့ကို ပြောဖူးတယ်။ သူ့မှာ စိတ်ညစ်စရာတွေ အများကြီးပဲတဲ့။ ကျွန်တှောနဲ့ တွေ့ရင် စိတ်ညစ်တာတွေ ပေါ့ပါးသွားလို့ ကျွန်တှော့ဆီ လာချင်တယ်တဲ့။ ဒီလိုပဲ သူပြောပြီး အကြိမ်ပေါင်းများစွာ ကျွန်တှော့ဆီ သူရောက်လာတယ်။ သူစိတ်ညစ်နေတာ ကျွန်တှော သိတယ်။ ကျွန်တှော စိတ်ညစ်နေတာလည်း သူသိမှာပါ။ ဒါပေမယ့် ကျွန်တှောတို့ နှစ်ယောက်စလုံး ဘယ်သူကမှ ဘယ်သူ့ကို ဘာအကြောင်းမှ မမေးဖြစ်ပါဘူး။ ဒီလိုပဲ ကျွန်တှောတို့ တွေ့ကြတယ်။ ထိုင်နေကြတယ်။ သူ့ကို ချစ်လားလို့ မေးတယ်။ ချစ်တယ်လို့ ကျွန်တှော ဖြေလိုက်တယ်။ အင်း ကောင်းတယ်လို့ ပြန်ပြောတယ်။ ဒီလိုပဲ ကျွန်တှောတို့ ထိုင်နေကြတယ်။ ကျွန်တှော့ကိုလည်း သူချစ်တယ်လို့ ပြောတယ်။ အင်း ကောင်းတယ်လို့ ကျွန်တှော ပြန်ပြောလိုက်တယ်။

ဒီလိုပဲ ကျွန်တှောတို့ ထိုင်နေကြတယ်။ လေတွေ တိုက်နေတယ်။ သူဝတ်ထားတဲ့ အကဿငျီအဖြူနဲ့ ထမီအနက်လေးက သူနဲ့ သိပ်လိုက်တယ်။ လေတိုက်ရင် ဆံပင် အနားသတ်လေးတွေ လှုပ်နေတတ်တယ်။ သူ့ကို နားလည်ပါလို့ ကျွန်တှော့ကို မကြည့်ဘဲ သူပြောတယ်။ နားလည်တာပေါ့လို့ သူ့လက်သည်း ဖြူဖြူလေးတွေကို ကြည့်ပြီး ကျွန်တှော ပြန်ပြောလိုက်တယ်။ ဘာကို နားလည်တာလည်းလို့ သူက မမေးသလို ကျွန်တှော့မှာလည်း အဖြေမရှိဘူး။ ကျွန်တှော နားလည်တယ်။ အဲဒီ နားလည်မှုကို ကျွန်တှောတို့ နှစ်ယောက် သိတယ်။ သူကျွန်တှော့ အိပ်ယာမှာ အိပ်ကြည့်ချင်တယ်လို့ ပြောတယ်။ ဒါနဲ့ ပိတ်ထားတဲ့ အခန်းလေးထဲက အိပ်ယာကို သူ့ကို ကျွန်တှော ပြလိုက်တယ်။ ကျွန်တှော့ ခေါင်းအုံး အိအိလေးမှာ သူမျက်လုံးမှိတ်ပြီး ခဏအိပ်တယ်။ ခေါင်းအုံး ပျော့ပျော့လေးတွေကို ချစ်တယ်လို့ သူပြောတယ်။ သူမျက်လုံးဖွင့်ကြည့်တယ်။ အခန်း မျက်နှာကျက်မှာ ကပ်ထားတဲ့ ကြယ်လေးတွေကို သူလိုက်ရေနေတယ်။ ကျွန်တှော့ လက်သူကြွယ်မှာ ဝတ်ထားတဲ့ လက်စွပ်လေးကို အမှတ်တရ သူ့ကို လက်ဆောင် ပေးလိုက်တယ်။ ကျွန်တှော့ နှုတ်ခမ်းတွေ ဆေးလိပ်သောက်လို့ သိပ်မရဲတော့ဘူးလို့ သူပြောတယ်။ အင်း နောက်ဆို မသောက်တော့ဘူးလို့ ကျွန်တှောပြော လိုက်တယ်။ သူရှိတဲ့အခါ ဘယ်လို ခံစားရသလဲလို့ ကျွန်တှော့ကို မေးတယ်။ ဘာမှမရှိသလို ခံစားရတယ်လို့ ကျွန်တှော ဖြေလိုက်တယ်။ အင်း ကောင်းတယ်လို့ သူပြုံးပြီး ပြောတယ်။ သူ့အိပ်ထဲက လက်ကိုင်ပုဝါ အဖြူလေးကို ထုတ်ပြီး ကျွန်တော့ကို ပေးတယ်။ ကျွန်တှော ပြုံးပြီး ခေါင်းညိမ့်လိုက်တယ်။ သူ ပြန်တော့မယ်လို့ ကျွန်တှော့ကို ပြောတယ်။ အင်း ကောင်းတာပေါ့လို့ ကျွန်တှော ပြောလိုက်တယ်။ ဒီလိုနဲ့ သူထွက်သွားတယ်။ ကျွန်တှောဟာ အိပ်ယာလေး ဘေးမှာ ထိုင်နေရင်း ပြူတင်းပေါက်ကို ငေးကြည့်နေမိတယ်။ သူထွက်သွားတဲ့ အရပ်ကို မဟုတ်ပါဘူး။ ခဏလေးပဲ သူပြန်ရောက်လာတယ်။ တစ်ချက်နမ်းပြီး ရထားတစ်စင်းရဲ့ အသံဟာ လိုက်ပါသွားသူနဲ့ ကျန်နေရစ်သူ နှစ်ယောက်ထဲမှာ ဘယ်သူ့ကို ပိုဝမ်းနည်း စေသလဲလို့ မေးတယ်။ ကျွန်တှော့ကိုလို့ ကျွန်တှော ပြောလိုက်တယ်။ သူပြုံးပြီး ပြန်ထွက် သွားတော့တယ်။

အခုထက်ထိ ကျွန်တှော သူနမ်းသွားတဲ့ ခေါင်းအုံးပှေါက နှုတ်ခမ်းရာလေးကို သိမ်းထားတုန်းပဲ။ အိပ်မက် ထဲမှာလား အပြင်မှာလား ဆိုတာကိုတော့ ကျွန်တှော တစ်ခါမှ မစဉ်းစားဖူးဘူး။ ဒါပေမယ့် သူ့ကို အိပ်မက်ထဲမှာ မဟုတ်ဘဲ အပြင်မှာ မတွေ့ပါရ စေနဲ့လို့ ကျွန်တှော ဆုတောင်း နေမိခဲ့တယ်။


Technorati Tags: , ,

No response to “29.09.2006”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz