Thursday, August 3, 2006

Text+Sound - အသံတွေနဲ့ ဖွဲ့ထားတဲ့ ကဗျာ

အသံတွေနဲ့ ဖွဲ့ထားတဲ့ ကဗျာ


သင့်အခန်းတံခါးကို ပိတ်ပါ
ဖွင့်ထားသော သီချင်းသံများရှိလျှင် ပိတ်ပါ
ပြီးရင် ဒီကဗျာကို နားထောင်ပါ။
သီချင်းကို တိုက်ရိုက်နားဆင်ရန် ခလုတ်ပုံလေးကို နှိပ်ပါ။
သီချင်းကို ကူးယူလိုမှသာ စာသားကို နှိပ်ပါ။


ကျွန်တှောဟာ ဒီလိုမျိုး လူ့လောကထဲကို ဝင်လာခဲ့ [ Listen ]
ကျွန်တှော့စိတ်က ပေါက်ကွဲအားပြင်းတဲ့ လက်နက် [ Listen ]
အဲဒီအတွက် လိုအပ်တဲ့အခါမှသာ ကျွန်တှော့ကို စက်နှိုးပါ [ Listen ]
သင့်ကိုယ်သင် မရောင့်ရဲ နိုင်တဲ့အခါ ခံစားချက်ကို စက်သေနတ်လို ပစ်ခတ်ပါ [ Listen ]
ရထားတစ်စင်းလို ပြင်းထန်စွာ ခုတ်မောင်းပါ [ Listen ]
ထွက်ခွာသွားမယ်ဆိုရင် အချက်ပေးပါ [ Listen ]

ခေါင်မိုးအထက်ကို မိုးစက်ကြသံတွေ ကြားတဲ့အခါ
ကျွန်တှော့ ငယ်ဘဝကို လွမ်းဆွတ်စွာ တမ်းတမိတယ် [ Listen ]
ချစ်ခြင်းနဲ့ ရမဿမက်များကို သီးခြားစီ ခွဲထုတ်နိုင်ဖို့ရာ အသိဉာဏ်က နုံနဲ့တယ် [ Listen ]
ဒီလိုနဲ့ မိုးခြိမ်းသံတွေကြားတိုင်း ကျွန်တှော့ ခဏခဏ ဝမ်းနည်းရတယ် [ Listen ]
ကျွန်တှော့ ခံစားချက်တိုင်းက သူမအတွက်
ဘာကြောင့်များ ရယ်စရာ ဖြစ်နေခဲ့ရသလဲ [ Listen ]

တကယ်ပါ သာယာတဲ့ မနက်ခင်းလေး တစ်မှာ ကျွန်တှော နိုးထလာတယ် [ Listen ]
ဘဝဟာ မသိခြင်းအစပြုခဲ့ပြီး နာကျင်မှုနဲ့ အဆုံးသတ်တယ် [ Listen ]
ကျွန်တှော့ အနားကို သူတို့ရောက်လာတယ် [ Listen ]
အချိန်ဟာ ကျလာခဲ့ပြီပဲ [ Listen ]
ကျွန်တှောက မင်းသားလေးတစ်ပါးလား လူကြမ်းတစ်ယောက်လား
ဒါတွေလည်း ငါမစဉ်းစားနိုင်တော့ပါ
ဟော အပြင်မှာ မိုးတွေရွာနေပြီ [ Listen ] [ Listen ]
အားလုံးကို ကျွန်တှောနှုတ်ဆက်ခဲ့တယ်
ဒီတယ်လီဖုန်းဟာ ကိုင်သူမဲ့နေတော့မယ် [ Listen ]


ဒါဟာ ဗီဒီယိုအတ်လို့ ခှေါတဲ့ အနုပညာထဲက အသံ+စာသား ဖန်တီးမှု တစ်မျိုး ဖြစ်ပါတယ်။ စာသားတွေ အသံတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်နွယ်နေပါတယ်။ Intertextual လို့ခှေါတဲ့ စာသားများ ဆက်နွယ်မှု ပုံသဏဿဍာန်နဲ့လည်း သဘောသဘာဝ တူပါတယ်။ စကားလုံး အားလုံးဟာ ကျွန်တှော့ အကြောင်း ပြောနေတယ်။ အဲဒီစကားလုံးတွေကို အသံတွေနဲ့ သရုပ်ဖှောတယ်။ ဒါပါပဲ။ ဒီလို တစ်ပုဒ်ရဖို့ အရမ်း ပင်ပန်းပါတယ်။


Technorati Tags: , , ,

No response to “Text+Sound - အသံတွေနဲ့ ဖွဲ့ထားတဲ့ ကဗျာ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz