Thursday, August 17, 2006

Poem - ကျွန်တှော အဝေးဆုံး ရောက်သွားတဲ့အခါ

ကျွန်တှော အဝေးဆုံး ရောက်သွားတဲ့အခါ


ကျွန်တှော အဝေးဆုံး ရောက်သွားတဲ့အခါ
ညီမလေးရယ် လေတိုးသံလေးတွေ နားဆင်ပါ
မျက်စိကို မှိတ်ပြီး နာကျင်စွာ ပြုံးရယ်ပါ
ချစ်ခြင်းတရားဟာ မြက်ဖျားကနှင်းလို
မကြွေချင်ဘဲ ကြွေကျ
ကျွန်တှော့စိတ်များ လွင့်နေခဲ့တာက
လူတကာမသိအောင် ပင်လယ်ထဲ ရွာသွန်းခဲ့သောမိုးတိမ်လို
ချစ်လား မချစ်ဘူးလား စကားသံများက ဆူးပင်လို
ငြိတွယ်မိတဲ့အခါ ဆူးမယ်
ကျွန်တှောက ကိုယ့်စိတ်ကူးနဲ့ ကိုယ်ရူးတယ်
သစ်ရွက်တွေ ကြွေတဲ့အခါ ကျွန်တှောလွမ်းတယ်
အိပ်စက်နေရင်း ကျွန်တှော ရယ်မောတယ်
ဘာမှမရှိတဲ့ အပြင်ဘက်ကိုကြည့်ရင်း ကျွန်တှောနာကျင်တယ်
ကိုယ်ခနဿဒာထဲက သွေးဆိုးများ ဖောက်ပြန်ပြောင်းလဲတဲ့အခါ
ကျွန်တှောမိုက်မဲတယ်
ဆုပ်ကိုင်ထားတဲ့ ညီမလေးလက်များမှာ ယုံကြည် ကိုးစားခြင်းရှိတယ်
ဆုပ်ကိုင်ထားတဲ့ ကျွန်တှော့လက်များမှာ နာကျင်ခြင်းနဲ့ စိတ်မကောင်းခြင်းရှိတယ်
ညီမလေးဟာ ဖြူစင်တယ်
ကျွန်တှောက ဖြူစင်ချင်တယ်
ညနေခင်းက နေရောင်အလင်းတန်းတွေလို
အရာရာဟာ မပြီးဆုံးခင်မှာ လှပါတယ်
ကျွန်တှောက ညကိုကြောက်တယ်
မှားယွင်းပစ်ခံရတဲ့ ငှက်တစ်ကောင်လို
ကျွန်တှော့ရင်ဘတ်က အရာဟာ ပျောက်မသွားဘူး
မှားယွင်းပစ်ခံရတဲ့ ငှက်တစ်ကောင်လို
ကျွန်တှော့ အကြည့်များက ပိုပို လေးလံလာ
လှုပ်ရှားမှုများက နှေးကွေးလာ
တစ်ခုသောအရာကို အခါတစ်ထောင် စူးစမ်းနေမိတဲ့အခါ
ကျွန်တှောဟာ အရာရာမှာ နောက်ကျလာ
စကဿကူလှေငယ်လေးလည်း ရေပြင်မှာ မျောပါ
ကျွန်တှော့ကို တပါတည်း ခှေါဆောင်သွားတယ်
ကျွန်တှောဟာ တရားခံ
ကျွန်တှောဟာ တရားလို
ကျွန်တှောဟာ အမိန့်ပြန်တမ်း
ကိုယ့်ကိုယ်ကို ဒဏ်ခတ်တယ်
ဘဝမှာ ဘာမှ မလုပ်နိုင်တဲ့အခါ ကိုယ့်ကိုယ်ကို ဒဏ်ခတ်မယ်
နာကျင်မှုဟာ ကျွန်တှော့ရဲ့ ချိုမြတဲ့ အတိတ်စိမ်း ဖြစ်တယ်
ကံကို မကိုးစားပဲ ကျွန်တှော ထီတစ်စောင် ထိုးထားခဲ့တယ်
မမျှောလင့်ဘဲ ပေါက်သွားမှာ စိုးရိမ်မိလာတဲ့အခါ
မိုက်မဲစွာ ဆုတ်ဖြဲ ပစ်ခဲ့တယ် အနာဂတ်များ
ကျွန်တှောဟာ ဆုတံဆိပ်များနဲ့ မထိုက်တန်သူပါ ညီမလေး။

လင်းဆက်


Technorati Tags: ,

No response to “Poem - ကျွန်တှော အဝေးဆုံး ရောက်သွားတဲ့အခါ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz