လူကလေးရဲ့ အမှတ်အသား
“ဆွမ်းချက်ထစို့ လူလေးရယ်
နာရီကြည့်ပေါ့ကွယ်”
“ငှက်ငယ်မြည်လို့ ရောင်နီမြူး
ကြည့်ဖို့လိုပါဘူး”
“သပြေသင်းတဲ့ သကြဿငန်ချိန်
ကြည့်ပါ့ ပြကဿခဒိန်”
“ဝင်းထိန်ဝေလို့ ပိတောက်မြူး
ကြည့်ဖို့လိုပါဘူး။”
သဘက်ဆေး
နွားရိုင်းသွင်းချိန် ပြင်မထွက်နဲ့၊
ဖုတ်သဘက်တွေ လိုက်တတ်တယ်။
ဖုတ်သဘက်တွေ ကြောက်တဲ့ဆေးကို၊
ဘုန်းကြီးပေးလို့ ရှိပါတယ်။
သူငယ်ချင်းရယ် သဘက်ဆေးကို၊
ကွဲရုပ်လေးနဲ့ လဲပါကွယ်။
ဗုဒဿဓံ၊ ဓမဿမံ၊ သံဃံရြတ္ကြဲ့၊
သရဲလွှတ်လို့ ပြေးလိမ့်မယ်။
ရွတ်ကွယ် ရွတ်ကွယ်။
ကျွန်တှောနဲ့ ကျွန်တှောတို့ မောင်နှမတွေ ငယ်ငယ်လေးကတည်းက နှုတ်တက် ရခဲ့တဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ မောင်ခွေးဖို့ ကဗျာလေးတွေပါ။ အင်မတန်မှ အသံချိုပါတယ်။ တန်ဖိုးလည်း ရှိပါတယ်။ မူရင်း အီးဘွခ်မှာ ဆရာကြီး ဂျီအိပ်ခ်ျလုစ် ရဲ့ အဂဿငလိပ်ဘာသာ ပြန်ဆိုချက်နဲ့ သရုပ်ဖှော ပုံလေးတွေ ဂီတနုတ်စ်တွေ ပါပါတယ်။ အဆင်ပြေရင်တော့ မူရင်းဆိုဒ်က ဒေါင်းလုဒ် လုပ်ယူကြပေါ့ခင်ဗျာ။ အီးဘွခ် အသစ်တွေလည်း ရှိပါတယ်။ မြန်မာပြည်က မူရင်း မြန်မာအိုင်အက်စ်ပီ ဆိုဒ်ကို ဘန်းထားလို့ ဒီအီးဘွခ်ကို ကူးယူမရဘူး ဆိုရင် ဒီနေရာမှာ ကူးယူ နိုင်ပါတယ်။ [Download][3.39Mb] ဝါဒ် ဖှောမတ်နဲ့ ကူးယူ ချင်သူများအတွက် ဒီနေရာမှာ ရယူနိုင်ပါတယ်။ [.doc]

Technorati Tags: Min Thu Won, Maung Khway, Poem, Myanmar, Download
No response to “Nursery Songs for Maung Khway”
Post a Comment
Trackbacks
Leave a trackback