Saturday, August 5, 2006

Ghost, Nun and Me

ကျွန်တှော အိပ်နေရင်းနဲ့ ရုတ်တရက် နိုးသွားခဲ့တယ်။ အိပ်မက်ထဲမှာ သီလရှင် ဆရာလေး တစ်ယောက် ကျွန်တှော့ဘေးမှာ ရပ်နေပြီး ဒကာလေး ဆရာလေးကို မှတ်မိလားလို့ ပုခုံးကို ပုတ်ပြီး မေးတယ်။ ကျွန်တှောလည်း တုန်ခနဲ ဖြစ်သွားပြီး အိပ်ယာက လန့်နိုးလာတယ်။ နိုးလာတော့ တှောတှော ဇဝေဇဝါ ဖြစ်သွားတယ်။ သိပ်ပြီး ပီပြင်လွန်းလို့ပါ။ ကျွန်တှော့ မျက်လုံးထဲမှာ သူ့ပုံကို မြင်ဖူးနေတယ်။ ဘယ်မှာမှန်း မသိဘူး။ ဒါနဲ့ ထိုင်စဉ်းစားတယ် မရဘူး။ သိခဲ့ဖူးတဲ့ သူတစ်ယောက်ယောက် သီလရှင် ဝတ်သွားတာလား ဆိုပြီး စဉ်းစားတယ် မရဘူး။ ဒါနဲ့ ခေါင်းခြောက်လာလို့ စာအုပ် ထိုင်ဖတ် နေရင်းက ကြက်သီး ရုတ်တရက် ထပြီး အလိုလို မှတ်မိသွားတယ်။ ဟုတ်တာပေါ့ အဲဒီ ဆရာလေးကို ကျွန်တှော တွေ့ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်တုန်းက။ ကျွန်တှော ရေကြောင်း သိပဿပံ တက်နေတဲ့ အချိန်။

တစ်ညမှာ ကျွန်တှောတို့ အပြင်ထွက်ခွင့်ရလို့ သူငယ်ချင်း တစ်ယောက် ရှိရာ မှောဘီဘက်ကို ထွက်လာခဲ့တယ်။ အမှန်က တှောတှော မှောင်နေပါပြီ။ ည ၁၁ နာရီ ကျှောနေပြီမို့ ကားကို အကြာကြီး စောင့်ရတယ်။ ကြားကားလေး တစ်စီးလာလို့ ရှေ့ခေါင်းခန်းကို အပြေးလေး တက်လိုက်တယ်။ ရှေ့ခေါင်းခန်းမှာ ကျွန်တှော့အရင် ဆရာလေး တစ်ပါး ရှိနေတယ်။ ကျွန်တှောလည်း ပင်ပန်း နေတာမို့ ကားကို အိပ်ပြီး စီးလိုက်လာခဲ့တယ်။ ခဏလောက် မှေးခနဲ ဖြစ်သွားပြီးမှ ကျွန်တှော သတိရလိုက်ပြီး ကိုယ်ဟန်ကို ပြန်ထိန်းလိုက် ပါတယ်။ တှောကြာ ဘေးက ဆရာလေး နေရထိုင်ရ ခက်မှာ စိုးလို့ပါ။ ကျွန်တှော နိုးလာတာ မြင်တော့ ဆရာလေးက ဒကာလေး နိုးလာပြီလားလို့ မေးပါတယ်။ ကျွန်တှောကလည်း တပည့်တှော ပင်ပန်းလို့ ခဏ မှေးခနဲ ဖြစ်သွားတာပါလို့ ပြန်ဖြေလိုက် ပါတယ်။ ဒါနဲ့ သူက ဒကာလေးက ဘယ်နေရာမှာ နေတာလည်းလို့ မေးပါတယ်။ ပြီးတော့ သူနေတဲ့ ကျောင်းကို ပြောပါတယ်။ သိလားတဲ့။ ကျွန်တှော သိတယ်။ အဲဒီ ကျောင်းက နာမည် နဲနဲ ကြီးပါတယ်။ အဲဒီအချိန်က ဘာလည်း မသိဘူး မြေကြီးထဲက တွေ့တယ်ဆိုပြီးတော့။  ဒီလို ပြောနေရင်းနဲ့ ဆရာလေးက ဆရာလေးမှာ ဒကာလေးကို သင်ပေးစရာ ဂါထာတစ်ခု ရှိလို့ အိပ်ယာနိုးအောင် စောင့်နေတာလို့ ပြောပါတယ်။ အမှန်ပြောရရင် ကျွန်တှောက အဲဒါတွေ သိပ်အလေးအနက် မရှိလှပါဘူး။ ဒါပေမယ့် ကျွန်တှောဟာ ရိုသေတတ်သူပါ။ ဒါနဲ့ သူက ကျွန်တှော့ကို ဂါထာတစ်ပုဒ် တိုင်ပေးပါတယ်။ အခေါက်ပေါင်းများစွာ။ ကျွန်တှော့ကို လိုက်ဆို ခိုင်းပါတယ်။ အမြဲရွတ်ပါလို့ ပြောပါတယ်။ ကျွန်တှောလည်း ရွတ်နေရင်း ရွတ်နေရင်းနဲ့ အိပ်ပျှောသွား ပြန်ပါတယ်။ ကျွန်တှော ဆတ်ခနဲ ပြန်နိုးလာတော့ ဆရာလေး မရှိတော့ပါဘူး။ ဆင်းသွားပြီနဲ့ တူပါတယ်။ မိုးတွေက ရွာနေပါတယ်။ ကျွန်တှော ဆင်းရမယ့် နေရာရောက်တော့ ည၁၂ နာရီ ကျှောနေပါပြီ။ မီးတွေကလည်း ပျက်နေပါတယ်။ ဖုန်းကြိုဆက် ထားတာမို့ သူငယ်ချင်းကတော့ စောင့်နေမှာပါ။

ဒါနဲ့ ကျွန်တှောလည်း ကျောပိုးအိတ်လေး လွယ်ပြီး လမ်းလျှောက် လာခဲ့တယ်။ ကားဂိတ်ကနေ သူ့အိမ်ရောက်ဖို့ ၁ မိုင်လောက် လမ်းလျှောက် ရပါသေးတယ်။ အဲဒီလမ်းကို အရင်က နေ့လည်ပိုင်းတွေ အခေါက်ပေါင်း များစွာ ဒီကောင်နဲ့အတူ လျှောက်ဖူးပါတယ်။ ဒီနေ့တော့ ညကြီးမိုးချုပ် ကျွန်တှော တစ်ယောက်တည်းပါ။ မိုးလေးကလည်း တပေါက်ပေါက် ကျနေတယ်။ တကယ်တော့ အဲဒီလမ်းက နာမည် အရမ်းကြီးပါတယ်။ သရဲခြောက်တယ် ဆိုပြီးတော့။ သူ့အိမ်က ကားဒရိုင်ဘာကြီးက မကြာခဏ အဲဒီ လမ်းမှာ သရဲ ရှိတယ် ဆိုတဲ့အကြောင်း ပြောတတ်တယ်။ ကျွန်တှောကတော့ မကြောက်ပါဘူး။ သရဲလာခြောက်ရင် ခံချမယ်ဆိုတဲ့ စိတ်က အမြဲ ရှိပြီးသားပါ။ ဒါပေမယ့် အဲဒီညကတော့ ချမ်းကလည်း ချမ်းစိမ့်စိမ့်၊ လူကလည်း ပြတ်လွန်းတာမို့ ခုနက ဆရာလေး သင်လိုက်တဲ့ ဂါထာလေးကို ဘာရယ်မဟုတ် ရွတ်နေမိပါတယ်။ ဒီလိုနဲ့ ကျွန်တှောလည်း ဆက်လျှောက် လာလိုက်တာ ခရီးတစ်ဝက်လောက် အရောက်မှာ ဘေးက လမ်းခွဲလေးကနေ လူတစ်ယောက် ထွက်လာပါတယ်။ ပြီးတော့ ကျွန်တှော့ နောက်ကနေ လိုက်လာပါတယ်။ ကျွန်တှောလည်း အဖှောလေး ရှိတယ် ဆိုပြီးတော့ နဲနဲ ဝမ်းသာ သွားပါတယ်။ ကျွန်တှောဟာ လမ်းလျှောက်ရင် အရမ်းမြန်သူပါ။ ဒါပေမယ့် ကျွန်တှော သတိရလို့ ကြည့်လိုက်တိုင်း အဲဒီလူက ကျွန်တှောနဲ့ ၁ဝပေ အကွာလောက်မှာပါ။ သူ့မျက်နှာကို မှောင်လွန်းလို့ မတွေ့ရပါဘူး။ ပုဆိုးတိုတို ဝတ်ထားပြီး အကဿငျီအဖြူနဲ့ ဆိုတာတော့ မှတ်မိပါတယ်။ ကျွန်တှောလည်း ဘုရားစာလေး ရွတ်ပြီး ဆက်လျှောက်လာရာက သူ့အိမ်နား ရောက်ဖို့ နဲနဲလိုတဲ့ အချိန်မှာ ဆေးလိပ် သောက်ချင် လာပါတယ်။ မီးခြစ်က ပါမလာတာမို့ ခုနက လူဆီမှာ ရှိများ ရှိမလားဆိုပြီး တောင်းမယ်လုပ်တော့ သူ့ကို မတွေ့တော့ပါဘူး။ ကျွန်တှောလည်း ကြက်သီး ဖြန်းခနဲ ထသွားတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီလမ်းဟာ ဘေးဘယ်ညာမှာ ဘာရပ်ကွက် ဘာနေအိမ်မှ မရှိပါဘူး။ လမ်းဖြောင့်ကြီးပါ။ ဒါနဲ့ ကျွန်တှောလည်း ခပ်သုတ်သုတ် သူငယ်ချင်း အိမ်ကိုပဲ အရောက်လာခဲ့ ပါတော့တယ်။ အိမ်ရောက်တော့ သူငယ်ချင်းက သူလည်း တစ်ယောက်တည်းမို့ လာမကြိုနိုင်တာ ခွင့်လွှတ်ဖို့ ပြောပါတယ်။ ထမင်းစားရင်းနဲ့ ခုနအကြောင်း ပြောပြတော့ ဒီကောင်လည်း တှောတှောလေး လန့်သွားပါတယ်။ သူပြောတာကတော့ အဲဒီလမ်းမှာ သူရဲ အခြောက်ခံရသူတိုင်း အဲလို ပုံစံမျိုးလို့ ပြောပါတယ်။ ဒါပေမယ့် ကျွန်တှောက ကံကောင်းပြီး အခြောက် မခံလိုက်ရပါ။ ခြောက်ခံလိုက်ရ သူတွေကတော့ အဲဒီလူရဲ့ မျက်နှာမှာ မျက်လုံးတွေ မျက်ခုံးတွေ ပါးစပ်တွေ မရှိတဲ့ မျက်နှာပြောင်ကြီးလို့ ပြောပါတယ်။ ကျွန်တှောလည်း အဲဒီတော့မှ တှောတှော ကျောချမ်းသွားပြီး တှောသေးတယ် ငါဘုရားစာ ရွတ်လာလို့နဲ့ တူတယ်လို့ ပြောလိုက်မိပါတယ်။ ထူးဆန်းတာ နောက်တစ်ခုက နောက်တစ်နေ့ မနက် ကျွန်တှော အိပ်ယာ နိုးတဲ့ အချိန်မှာ မနေ့ညက ကားပှေါမှာ ဆရာလေး သင်ပေးလိုက်တဲ့ ဂါထာကို လုံးဝ မမှတ်မိတော့တာပါ။ ဘယ်လို စဉ်းစား စဉ်းစား လုံးဝကို မမှတ်မိတော့ပါဘူး။ နောက်ပိုင်း ကျွန်တှောလည်း အဲဒီ သူငယ်ချင်းဆီကို ညဖက် မရောက်ဖြစ်တော့ပါ။ အဲဒီ ဆရာလေးနဲ့လည်း ထပ်မတွေ့တော့ပါ။

ဒီနေ့ နေ့လည် အိပ်နေချိန်မှာတော့ ဘယ်လိုကနေ ဘယ်လို အဲဒီဆရာလေး အိပ်မက်ထဲ ပါလာတယ် ဆိုတာကို တွေးမရအောင် ဖြစ်နေမိပါတယ်။ အဲဒါထက် သူ့ကို မှတ်မိလားဆိုပြီး မေးတဲ့ပုံက သိပ်ကို ပီပြင်လွန်းနေတာပါ။ ဒါနဲ့ပဲ ကျွန်တှောလည်း စိတ်တွေရဲ့ ဆန်းကြယ်ပုံကို တွေးနေမိပါတော့တယ်။ နောက်များကျမှ ကျွန်တှောက သရဲ အခြောက် မခံရဘဲ ကျွန်တှောနဲ့ အတူပါလာသူတွေ သရဲ ခြောက်ခံရပုံတွေအကြောင်း ရေးပါဦးမယ်။


Technorati Tags: ,

No response to “Ghost, Nun and Me”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz