Wednesday, August 16, 2006

Firefox reaches 200m Download



ဖိုင်းယားဖောက်စ်ကို ဆွဲချ အသုံးပြုသူ သန်း၂၀၀ ရှိလာတဲ့ အထိန်းအမှတ် အနေနဲ့ အှောရီဂွန် ပြည်နယ်က လင်းနပ်စ် အဖွဲ့သားများဟာ စတုရန်းပေ ၄၅၀၀၀ ရှိတဲ့ ဂျုံခင်းကြီးထဲမှာ သူ့အထိန်းအမှတ် မြေခွေး တံဆိပ်ကို ပုံဖှောထားတာ တွေ့ရပါတယ်။ ဖိုင်းယားဖောက်စ်ဟာ သုံးစွဲသူ များပြားလာပေမယ့် ယခုထက်ထိ မန်မိုရီ သုံးစွဲမှု မြင့်မားနေဆဲပါ။ ဖိုင်းယားဖောက်စ် ဘီတာဗားရှင်း 2 မှာတောင်မှ အဲဒီ ချို့ယွင်းချက်ကို သိသိသာသာ မလျော့ချ နိုင်သေးဘူးလို့ ဆိုထားပါတယ်။ ဒါပေမယ့် စမ်းသပ်နေဆဲ ဖြစ်တဲ့ ဖိုင်းယားဖောက်စ် အယ်လ်ဖာဗားရှင်း 3 မှာတော့ သုံးပုံ ၂ ပုံခန့် လျော့ကျသွားမယ်လို့ သိရပါတယ်။

အရင်က ဖိုင်းယားဖောက်စ် သုံးစွဲပြီး ဘလော့ခ် လုပ်ချင်သူများကို ဖိုင်းယားဖောက်စ် ဗားရှင်း ၁.၅ နဲ့သာ အဆင်ပြေမယ်လို့ ပြောခဲ့ပေမယ့် စမ်းသပ် သုံးစွဲမှု အရ နောက်ဆုံး ဗားရှင်း နဲ့လည်း အဆင်ပြေတာ တွေ့ရပါတယ်။ ဒါပေမယ့် အမြဲတော့ အဆင်မပြေပါဘူး။ တစ်ခါတစ်လေ ပဲပင်ပေါက်တွေ ဖြစ်နေဆဲပါ။ ဒါပေမယ့် ဖိုင်းယားဖောက်စ် အိပ်စ်တန်းရှင်း တစ်ခု ဖြစ်တဲ့ Performancing ကို သုံးစွဲမယ် ဆိုရင် ကောင်းမွန်စွာ စာရိုက်သွင်းနိုင်တာ တွေ့ရပါတယ်။ သူက BloggingTool တစ်ခု ဖြစ်ပါတယ်။  ဖိုင်းယားဖောက်စ် နောက်ဆုံးဗားရှင်းကို သုံးမယ် ဆိုရင် အခြား စွမ်းဆောင်ရည်တွေ အများကြီး တိုးတက် ကောင်းမွန်လာသလို လုံခြုံရေး အနေနဲ့လည်း တိုးတက်လာတာမို့ ဒီအိပ်စ်တန်းရှင်းကို သုံးပြီး ဖိုင်းယားဖောက်စ်ကို အဆင့်မြင့် နိုင်ပါတယ်တယ်။

နောက်တစ်ခုက အရင်က ဂျီတော့ခ်မှာ ပြောချင်လို့ AlphaMandalay ကထုတ်တဲ့ ဂျီတော့ခ် အဒ်အင်ကို သွင်းလိုက်တဲ့အခါ ပတ်ဆင့်တွေကို (~)ကီး သုံးပြီး ရိုက်မရတော့တာ တွေ့ရပါတယ်။ ဒါကြောင့် အဲလို အခက်အခဲ ဖြစ်နေမယ်ဆိုရင် အဲဒီ အက်အင်ကို ပြန်ပြီး ဖြုတ်ချ ပစ်ရပါမယ်။ အဲဒီလို ဖြုတ်ချချိန်မှာ သူက ဖောင့်ဖိုင်တစ်ခု ဖျက်မလားလို့ မေးရင် မဖျက်ဘူးလို့ ဖြေပြီး စက်ကို ရီစတက် လုပ်လိုက်ရင် အားလုံး အိုကေ သွားပါလိမ့်မယ်။ အဲဒီလို ဖြုတ်ချ လိုက်ပေမယ့်လည်း နောက်ပိုင်း မိုက်ခရိုအော့ဖ်ဖစ်စ် တွေထဲမှာ စာရိုက်နိုင်သလို ဂျီတော့ခ်မှာလည်း အဆင်ပြေပြေ သုံးစွဲ နိုင်ပါသေးတာ တွေ့ရပါတယ်။


Technorati Tags: ,

No response to “Firefox reaches 200m Download”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz