Thursday, August 17, 2006

Dream2 - အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင် (၂)

အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင်

ပထမပိုင်းကို ဒီနေရာမှာ ဖတ်ရှု နိုင်ပါတယ် [Link]

“ရှင် တန်ဖိုးဆိုတဲ့ စကားများ ပြောလိုက်သလား”
“သိပ်သေချာတာပေါ့..ကျွန်တှောပြောလိုက်တယ်လေ”
“ကျွန်မအကြောင်း မပြောခင် ရှင် တန်ဖိုးထားတယ်ဆိုတဲ့ အရာတွေကို ပြောပြပါလား”
“သိပ်ထူးထူး ထွေထွေတော့ မဟုတ်ပါဘူး။ ပထမဆုံး ခင်ဗျား ဇန်ဆိုတဲ့ ဘာသာအကြောင်းသိလား”

“ကြားဖူးတယ် အရမ်းတော့ မသိဘူး”
“ဒါဆို ခင်ဗျား ဂျွန်ကေ့ခ်ျ ကိုလည်း မသိဘူးပေါ့”
“ဟုတ်ပါတယ်ရှင်”
“အေးဗျာ. တှောတှောတော့ခက်တယ်။ ဒါပေမယ့် ခင်ဗျား တိတ်ဆိတ်ခြင်း ဆိုတာကိုတော့ သိမှာပေါ့”
“အိုး သိတာပေါ့၊ အခုကျွန်မ လာတဲ့ နေရာက သိပ်တိတ်ဆိတ်တယ်”
“အာဟား ဒါဆို မဆိုးဘူး၊ ကျွန်တှော ပြောလိုက်ရင် ခင်ဗျား သိသွားမှာပဲ”

“ဒီလိုဗျာ၊ ဇန်ဆိုတဲ့ ဘာသာရပ်မှာ တိတ်ဆိတ်ခြင်းက သိပ်တန်ဖိုးရှိတယ်။ တိတ်ဆိတ်ခြင်းမှာ အသံရှိတယ်။ အဓိပဿပာယ်တွေ ရှိတယ်။ ဘာမှမရှိခြင်းကနေ တစ်ခုခု ကြားရတယ်။ လုံးဝ တိတ်ဆိတ်ခြင်း မဟုတ်တဲ့ အသံ တစ်ခုဆီ တိုင်းမှာလည်း သူ့ဗဲလျူးတွေ ရှိတယ်ဗျ။  ဥပမာဗျာ ခုနက ကျွန်တှောပြောတဲ့ ဂျွန်ကေ့ခ်ျဆိုတဲ့ ဆရာကြီးက တစ်ရက်မှာ တေးဂီတ တစ်ခုနဲ့ ဖျှောဖြေတယ်။ လူတွေ အားလုံးဟာ ဂျွန်ကေ့ခ်ျ ဘာတီးမလဲ ဆိုပြီး စိတ်ဝင်တစား ငြိမ်သက်စွာ စောင့်စားနေကြတယ်။ ဂျွန်ကေ့ခ်ျဟာ စင်ပှေါကို တက်လာတယ်။ စနဿဒယား အဖုံးကို ဖွင့်တယ်၊ ပြီးတော့ သူထိုင်လိုက်တယ်။ ဘာမှ မတီးဘူး။ သူဆက်ထိုင်နေတယ်။ လေးမိနစ်နဲ့ သုံးဆယ့်သုံး စကဿကန့်ကြာတယ်။ ပရိသတ်တွေဟာ တစ်စုံတစ်ခု မျှောလင့်နေတယ်။ ဒါပေမယ့် ဘာမှ ထွက်ပှေါမလာဘဲ ပြီးဆုံးသွားတယ်။ အရမ်းကို နာမည် ကြီးခဲ့တဲ့ ပါဖှောမန့် တစ်ခုပါပဲ။”

“ရှင်ပြောချင်တာက တိတ်ဆိတ်ခြင်းကို လူတွေ စောင့်ဆိုင်း နေတာကိုလား”

“မဟုတ်သေးဘူးဗျ။ အဲဒီ တိတ်ဆိတ်ခြင်းရဲ့ အသံ၊ မျှောလင့်ချက်။ သူဟာ သိပ်တှောတဲ့ ဂီတ ဆရာကြီး တစ်ယောက် ဖြစ်တော့ လူတွေ အားလုံးက သူ့ဆီကနေ အရမ်းထူးခြားတဲ့ ဂီတ တစ်ခုကို မျှောလင့် နေကြတယ်။ အဲဒီ အချိန်မှာ သူဟာ တိတ်ဆိတ်ခြင်းရဲ့ အသံကို ဖန်တီးပြခဲ့တယ်။ အဲဒါကို လူတွေ နားဆင်လိုက်ရတယ်။ တစ်ခါက ကျွန်တှောလည်း ပရိသတ်တစ်ချို့ကို အဲဒီလို ပါဖှောမန့် တစ်ခု ပြခဲ့ဖူးတယ်။ ပြပွဲ ခေါင်းစဉ်က ဘဝလို့ ခှေါတယ်။ ပွဲမစခင်မှာ အားလုံးရဲ့ ဟန်းမ်းဖုန်းတွေကို ပိတ်ထားပေးဖို့၊ ၇ မိနစ်တိတိ စကားမပြောဘဲ နေပေးဖို့၊ ကျွန်တှော ကန့်သတ်ထားခဲ့တယ်။ ကျွန်တှော့ ပြပွဲဟာ ဗွီဒီယို ရိုက်ကွက် တစ်ခုနဲ့ စပ်ဆက်နေတယ်။

ပထမဆုံး ကျွန်တှောက ကျွန်တှော့ပုံကို ကျွန်တှော ရိုက်ပြတယ်။ ကျွန်တှောက ကျွန်တှော့ပုံကို ကျွန်တှော ပုံတူ ပန်းချီဆွဲနေတယ်။ ပြီးတော့ အောက်မှာ ကျနေတဲ့ ပေါင်မုန့်ရှပ်လေး တစ်ခုကို ပုရွက်ဆိတ်တွေ ဝိုင်းအုံစားသောက်နေတာ ရိုက်ပြတယ်။ ကျွန်တှော့ လက်သည်း ခြေသည်းတွေ ရှည်ထွက်နေတာ ရိုက်ပြတယ်။ လူတွေရဲ့ ခြေလှမ်းတွေ တဖြည်းဖြည်း မြန်လာတာ ရိုက်ပြတယ်။ ကျွန်တှော အိပ်ယာထဲမှာ လူးလိမ့်နေတယ်။ ကောင်းကင်က ငှက်ကလေးတစ်ကောင် ပျံနေတယ်။ ရေထဲမှာ ပလတ်စတစ်အိတ်လေး တစ်လုံး မျောပါနေတယ်။ ရေလှိုင်းတွေကို မီးရောင်တွေ ကျတဲ့အခါ ပုံသဏဿဍာန် အမျိုးမျိုး ပြောင်းလဲသွားတယ်။ ကျွန်တှောဟာ အိပ်နေရင်းနဲ့ မျက်ရည်ကျတယ်။ ဒီလိုနဲ့ ကျွန်တှော့ ရိုက်ကွက်တွေက တဖြည်းဖြည်း စိပ်စိပ် စိပ်စိပ်လာတယ်။ နောက်ဆုံး ပြကွက်မှာတော့ ကျွန်တှော့ ခြေသည်း လက်သည်းတွေ ဖြူစင် ရှင်းသန့်နေတာကို ပြသပြီး ကျွန်တှော ပိတ်လိုက်တယ်။ အဲဒီမှာ ပရိသတ်ရဲ့ သက်ပြင်းချသံ အရှည်ကြီးကို ကြားလိုက်ရတယ်။ အဲဒါဟာ တိတ်ဆိတ်ခြင်းရဲ့ အနုပညာပါပဲ”

“နည်းနည်း အဓိပဿပာယ် ဖွင့်ပြပါလားရှင်”

“ဒီလိုဗျာ၊ လူတွေဟာ တစ်နေ့တစ်နေ့ အသံတွေနဲ့ အကျွမ်းဝင်နေရတယ်။ ထိုင်နေရင်တောင် သီချင်း ဖွင့်ထားတတ်တယ်။ လူနှစ်ယောက်ရှိရင် စကားမပြောဘဲ ၅မိနစ် နေဖို့ ခက်တယ်။ အဲဒီအခါ သဘာဝရဲ့ အသံတွေကို မကြားရတော့ဘူး။ တိုးတိုးတိတ်တိတ် ထွက်နေတဲ့ အသံတွေကို မကြားရတော့ဘူး။ ခုနက ကျွန်တှော့ ပြကွက်မှာ ဝမ်းနည်းမှု၊ စိတ်ဓါတ်ကျဆင်းမှု၊ အပြစ်၊ မျှောလင့်ချက်၊ ဦးတည်ရာမဲ့ ဆိုတဲ့ နိမိတ်ပုံတွေကို ခင်ဗျား သိလိုက်မှာပါ။ အသံတွေ ပြည့်နေတဲ့ လောကမှာ ကျွန်တှော့ရဲ့ တိုးတိတ်စွာ ကြေကွဲ နေမှုတွေကို ဘယ်သူမှ မသိကြဘူး။ ဂရုလည်း မပြုမိကြဘူး။ အဲဒါကြောင့် တိတ်ဆိတ်ခြင်းထဲမှာ ကြားရအောင် ကျွန်တှော လုပ်ပြလိုက်တာပါ။ အဲဒီအခါ လူတွေဟာ ပြကွက်မှာ မွန်းကြပ်လာတယ်။ သူတို့ကို စကားမပြောရလို့ တားမြစ်ထားတာကြောင့် သူတို့ရဲ့ မွန်းကြပ်မှုကို ဖှောထုတ်လို့ မရဘူး ဖြစ်လာတယ်။ နိမိတ်ပုံတွေ မြင်လာတဲ့အခါ သူတို့ဟာ တစ်ခုခုကို ပြောချင်လာတယ်။ ပြောမရဘူး။ ကျွန်တှော့ ပြကွက်တွေက စိပ်လာတယ်။ သူတို့ရဲ့ နှလုံးခုန်သံတွေက မြန်လာတယ်။ သူတို့ ရင်ထဲက အသံတွေကို သူတို့ ပြန်ကြားလာတယ်။ နောက်ဆုံး ပွဲပြီးသွားချိန်မှာ သူတို့ အရမ်းပေါ့ပါး သွားတယ်။ ပိတ်ပင်ထားတဲ့ အရာတွေကနေ သူတို့ လွတ်မြောက်သွားတယ်။ သူတို့ နဂိုမူလ ကို ပြန်ရောက်သွားတယ်။ အဲဒီ ခုနှစ်မိနစ်ဆိုတဲ့ ကာလလေးမှာ ကျွန်တှော သူတို့ကို စကားတစ်ခွန်းမှ မပြောရဘဲ ကျွန်တှော့ရဲ့ ဘဝအမြင်ကို သိရှိစေခဲ့တယ်။ တိတ်ဆိတ်ခြင်းထဲမှာ ရေလှိုင်းလေးတွေ လှုပ်နေရင် သူတို့ရဲ့ သွေးတွေ လိုက်လှုပ်နေတယ်။ မွန်းကြပ်တယ်။ ပြောမထွက်ဘူး။ ဒါတွေကို သူတို့ ခံစားသိသွားတယ်။ အသံတွေကို အသုံးမပြုဘဲနဲ့ သရုပ်ဖှောတဲ့ အရာပေါ့ဗျာ။ ဒါပေမယ့် ကြားရပါတယ်”

“အို.. ကျွန်မ တစ်ခါမှ မသိခဲ့ပါလား။ ကျွန်မလည်း အဲလို တိတ်ဆိတ်ခြင်းတွေ အမြဲကြုံနေပေမယ့် တစ်ခါမှ အဲဒီ အသံကို နားမထောင်ဖူးဘူး။”

“နားထောင်ကြည့်ပေါ့ဗျာ။ အနည်းဆုံး သူများရဲ့ အသံကို မကြားရရင်တောင် ခင်ဗျားအသံကို ခင်ဗျား ပြန်ကြားလာရ ပါလိမ့်မယ်။ ကျွန်တှော မြတ်နိုး တန်ဖိုးထားတဲ့ ပထမဆုံးသော အရာက အဲဒီ တိတ်ဆိတ်ခြင်းပဲ ဖြစ်ပါတယ်ဗျာ”

“ အရမ်းကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ တိတ်ဆိတ်ခြင်းတွေကို မခံစားတတ်လို့ ကျွန်မ ရှင့်ဆီခဏခဏ လာပြီး စကားပြောနေတာပါ။ ပြီးတော့ ကျွန်မ ရှင့်အကြောင်း တှောတှော သိတယ်လို့ ထင်ထားမိတာ မသိဘူးဆိုတာ သိလိုက်ရတယ်။ ကျွန်မကို တစ်ခုလောက် အခွင့်အရေး ပေးပါလား”

“ပေးရမှာပေါ့ဗျာ။ ခင်ဗျားက ကျွန်တှော့ ဧည့်သည်ပဲ။ ကဲပြော ခင်ဗျား ဘာလိုချင်သလဲ”

“ဒီလိုပါ ရှင်နဲ့ ကျွန်မ ခဏလောက် စကားမပြောဘဲ နေကြည့်ရအောင်။ ရှင့်အကြောင်းကို တိတ်ဆိတ်ခြင်းထဲမှာ ကျွန်မ ရှာဖွေ ကြည့်ချင်တယ်”

ဒီလိုနဲ့ ကျွန်တှောတို့ နှစ်ယောက်သား စကားမပြောဘဲ တှောတှောကြာကြာ နေဖြစ်လိုက်ပါတယ်။ သူက ကုလားထိုင်လေးမှာ ထိုင်ရင်း ကျွန်တှော့ကို ကြည့်နေတယ်။ ကျွန်တှော့ အခန်းထဲက ပန်းချီကားတွေကို ကြည့်တယ်။ ကျွန်တှော့ အိပ်ယာဘေး စာအုပ်စင်က စာအုပ်လေးတွေကို ကြည့်တယ်။ အခန်းထောင့်မှာ ပင့်ကူမြှေးတွေ တက်နေတဲ့ ကျွန်တှော မြတ်နိုးရာ ဂစ်တာလေးကို ကြည့်တယ်။ ကျွန်တှောက ကှောဖီကို ဖြည်းဖြည်းချင်း သောက်နေတယ်။ သူ့ကို ပြုံးပြီး ကြည့်နေတယ်။ သူကျွန်တှော့ကို တွေ့လားလို့ ကျွန်တှော တွေးနေတယ်။ ကှောဖီခွက်လေးက အငွေ့တွေကို ကျွန်တှော တွေ့နေရတယ်။ ဒီလိုနဲ့ ကျွန်တှော ပြန် အိပ်ပျှော သွားတယ်။ ကျွန်တှော နိုးလာတဲ့ အချိန်မှာ သူမရှိတော့ပါဘူး။ တိတ်ဆိတ်ခြင်းထဲမှာ တိတ်တိတ်ဆိတ်ဆိတ် ထွက်သွားခဲ့တယ်။ သူကျွန်တှော့ကို တွေ့သွားခဲ့သလား။ မတွေ့သွားဘူးလား။ ကျွန်တှော မသိပါဘူး။ ဒါပေမယ့် သူထိုင်သွားရာ နေရာလေးမှာ စာအုပ်လေး တစ်အုပ် ကျန်နေခဲ့တာ တွေ့ရတယ်။ ကျွန်တှော အဖုံး ဖွင့်လိုက်တော့ အဦးဆုံး စာမျက်နှာမှာ လှပတဲ့ လက်ရေး လေးတွေနဲ့ သို့ နဲ့ မှ ဆိုတဲ့ စာသားလေး နှစ်ကြောင်းကို တွေ့လိုက်တယ်။ ကျန်စာမျက်နှာတွေကတော့ ဗလာတွေပါ။ ကျွန်တှော ပြုံးလိုက်မိတယ်။


Technorati Tags: , ,

No response to “Dream2 - အိပ်မက်ထဲမှာ ကြည့်ခဲ့မိသော ရုပ်ရှင် (၂)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz