Friday, August 11, 2006

လူမိုက်သက်ရှည်

လူမိုက်သက်ရှည်

လူကောင်း လူတှောများ အသက်တို ကြသည်။ လူမိုက်များက အတှော အပေအတေ ခံသည်။  ကျန်းမာရေး လည်း ကောင်းကြသည်။ အတှော အသက်ပြင်းသည်။ တစ်သက်လုံး မိုက်လာသောကြောင့် ဆက်မိုက်ဖို့လည်း ဝန်မလေး။ လူမိုက်လက်ကို ကြောက်သောကြောင့် ကံတရားသည်ပင် မျက်ကွယ်ပြု နေသည့် သဘောများလား။ ထိုသူများအတွက် မြေကြီးလေး သည်သာမက လူမှု ပတ်ဝန်းကျင်ပါ စိတ်ဆင်း ရဲကြရသည်။ မိုက်ကြေးခွဲ စားရသော အစာ၊ ခေါင်းပုံဖြတ် စားရသောအစာ၊ သူတစ်ပါးကို နှိပ်စက်ပြီးမှ စားရသောအစာသည် လွန်စွာမှ အရသာ ရှိကြောင်း လူမိုက်ကြီး တစ်ယောက် ပြောတာ ကြားခဲ့ဖူး၏။ ထိုထိုထိုသော အရသာ ရှိလှသည့် အစာ အာဟာရ များကို စားသောက် နေလို့များ အသက်ရှည် ကြတာလား။ ဒါကြောင့် အသက်ရှည်လို ကြသူများ အနေဖြင့် လောကနီတိ ကျမ်းစာများကို ခဏမေ့ထားပြီး လက်တွေ့ကျသော ထိုသူမိုက်များကို ပမာထားကာ မိုက်မဲကြ စေလိုကြောင်း မိုက်မိုက်မဲမဲ တိုက်တွန်းလိုက် ရပါတယ်။


Technorati Tags: ,

No response to “လူမိုက်သက်ရှည်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz