Wednesday, August 30, 2006

30.08.2006

ငါမေပ်ာှဘူး မိုးဖြူ။ တကယ်တော့ မိုးဖြူဆိုတာ ကမဿဘာမှာ မရှိတဲ့ လူတစ်ယောက်ပဲ။ ငါ့စိတ်တွေ မှောင်မဲနေတယ်။ စကားလုံး နဲနဲနဲ့ ငါ့ကို နားလည်သူ ဘယ်သူ ရှိမလဲ။ ငါဟာ ဘာမှ သုံးမရသူ တစ်ယောက်ပါပဲ။ ငါဟာ နာမည်ကို တန်ဖိုးထားသူ မဟုတ်ခဲ့ဘူး။ လူသာသေပါစေ နာမည် မသေပါစေနဲ့ ဆိုတဲ့ ကောင်မျိုးတွေထဲ ငါမပါဘူး။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ငါတန်ဖိုး မထားတဲ့ ငါ့နာမည်ကို လူတွေ ပါးစပ်ဖျားမှာ မှတ်မိနေစေဦးမယ်။ ငါသောက်မြင်ကတ်တဲ့ ငါနေထိုင်ရာ လောကအတွက် ပါးချိတ်ကို ထိထိမိမိ ထိုးမိမယ့် လက်သီးတစ်ချက် ကျွေးခဲ့ချင်တဲ့ သဘောပါ။ ခုတလော ပခုကဿကူ ဦးအုန်းဖေ ဘဝမှတ်တမ်း ဖတ်ပြီး တှောတှော ရယ်မိတယ်။ တစ်သက်လုံး လူ့ဂွစာ၊ ကပ်စေးနဲ၊ အလွန် ပေါင်းသင်းရခက်သူကြီး ဖြစ်ခဲ့ပြီးမှ ကလေးမရလို့ ရှာသမျှ ပိုက်ဆံအားလုံး စာပေအတွက် လှူဒါန်းပြီး စာပေ ကျေးဇူးရှင်ကြီး တစ်ယောက် ဖြစ်သွားတာကို ဟားတိုက် ရယ်မော နေမိတယ်။ အနီးမှုန်ပြီး အဝေးမြင်တဲ့ လူတစ်ယောက်ကို ငါကတော့ ဘယ်တော့မှ သဘောကျ မိမှာ မဟုတ်ဘူး။ တစ်ခါတုန်းကပေါ့ ဒီလိုနေ့မျိုးမှာ ဆယ်တန်း ကျောင်းသားလေး တစ်ယောက် ပြိုင်စက်ဘီး အစိမ်းရောင်လေး နင်းရင်း နှင်းတွေအောက်မှာ ဘဝမှာ အမြင့်မားဆုံး အတွေးတွေ တွေးခဲ့ဖူးတယ်။ ဪ ဆွဲကြိုးလေးတစ်ကုံး မြေထဲမှာ နစ်နေခဲ့တာ ဘယ်တော့မှ ပြန်မပှေါလာတော့ဘူး။ တကယ်ပါ ဆွဲကြိုးလေး တစ်ကုံး ရှိခဲ့ဖူးတယ်။

No response to “30.08.2006”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz