Thursday, July 6, 2006

YMCA ကသူငယ်ချင်းတွေ

ကျွန်တှော ရန်ကုန်မှာ ယူနီတက်တော့ စစချင်း ဝိုင်အမ်စီအေမှာ နေဖြစ်တယ်။ ဝိုင်အမ်စီအေ အတွင်းရေးမှူးက အကယ်ဒမီ မြင့်မြင့်ခိုင်ရဲ့ ယောက်ျား ဦးသာဉာဏ်။ ကျွန်တှော နေစဉ်က အဲဒီမှာ အဆိုတှော ဦးခင်မောင်တိုး၊ ဦးဂျေမောင်မောင်၊ ရှမ်းပြည် ဦးစောနိုင်၊ ဦးလေးလွင် စတဲ့ အနုပညာရှင်တွေ ရှိကြတယ်။ အားလုံးက အေးအေးဆေးဆေးပါ။ ကျွန်တှောတို့က နှစ်ယောက် တစ်ခန်း နေကြရတယ်။ ကျွန်တှောနဲ့ အခန်းဖှောက စိုးနိုင်တဲ့။ ကျွန်တှော ရောက်တဲ့ အချိန်မှာ စိုးနိုင်က မရှိဘူး။ ကျွန်တှောနေတာက အခန်းနံပါတ် ၃၂၄ သိမ်ဖြူလမ်းနဲ့ မဟာဗနဿဒုလလမ်း ထောင့်က ဒုတိယထပ် ထောင့်ခန်း။ ရောက်ပြီး ၃ ရက်လောက်ကြာမှ စိုးနိုင်က ကျောက်ဆည်ကနေ ပြန်ရောက်လာတယ်။ သူ ဘယ်မှ မထွက်ဘူး။ တစ်ချိန်လုံး အိပ်ယာထဲမှာ ခွေနေတယ်။ သူ့က ကျွန်တှော့ထက် အတှောလေး ငယ်ပေမယ့် မင်းနဲ့ငါနဲ့ပဲ ရင်းရင်းနှီးနှီး ပေါင်းကြတယ်။ ကျွန်တှောက သူ့ကို ဘာလို့ ဒီလို စိတ်ဓါတ်တွေ ကျပြီး အခန်းအောင်း နေတာလည်း မေးတော့ အသည်းကွဲ နေတာလို့ ပြောတယ်။ သူကြိုက်တာက ကချင်မလေး တစ်ယောက်ပါ။ အရင် ကျွန်တှော မလာခင်က အဲဒီ အဆောင်မှာ နေသွားတာ။ ဒါနဲ့ ကျွန်တှောလည်း သူ့ကို ဒီအတိုင်း ဖြစ်နေတာ မကြည့်ရက်လို့ ကျွန်တှော နဲ့ ကျောင်းလိုက်လည်ဖို့ ဖိတ်တယ်။ ကျောင်းမှာ ကောင်မလေးတွေနဲ့ မိတ်ဆက်ပေးမယ် ပေါ့။ ေတာှေတာှနဲ့ သူမလိုက္ပါဘူး။ ကျွန်တှောကတော့ ကျွန်တှော့ သူငယ်ချင်းတွေကို မှောတီဗိတ် ဖြစ်နေစေချင်တယ်။ ဒါနဲ့ အပါခှေါတယ်။ သူက တကယ်တော့ IDCS တက်နေရင်းနဲ့ အသည်းကွဲပြီး ကျောင်းဆက် မတက်ဘဲ အခန်းအောင်း နေတာပါ။ ကျွန်တှောက အတင်းခှေါ ကြာလာတော့ သူလည်း ပျင်းလာတယ် ထင်ပါရဲ့ သူကျောင်းလိုက် လည်မယ်လို့ ပြောတယ်။ သူက ကျွန်တှောထက် အများကြီး ချမ်းသာပါတယ်။ ကျောက်ဆည်က သူဌေးသားပါ။ ဒါပေမယ့် သူဝတ်စား နေတာတွေက တှောတှော တောကျပါတယ်။ ဒါနဲ့ ကျွန်တှောက ကျွန်တှော့ အဝတ်တွေ သူ့ကို ဆင်ပြီး ကျောင်းခှေါသွားပါတယ်။ ဒီလိုနဲ့ နောက်ပိုင်း သူဟာ ပြန်တက်ကြွလာတယ်။ သူကျွန်တှော့ကို ခှေါပြီး အဝတ်အစားတွေ ဝယ်ဖို့ လိုက်ရွေးခိုင်းတယ်။ အပြင်တွေ ဘာတွေ ပြန်ထွက်လာတယ်။

အဲဒီတုန်းက ဝိုင်အမ်စီအေက လူတွေက သီးခြားစီ နေကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း စကား သိပ်မပြောကြပါဘူး။ ဒီလိုနဲ့ တစ်နေ့ ကျွန်တှော အောက်ကို ဆင်းလာတုန်း တီဗွီကြည့်ရင်း စာကျက်နေတဲ့ လူတစ်ယောက်ကို တွေ့ပါတယ်။ ကျွန်တှောလည်း ပျင်းပျင်း ရှိတာနဲ့ စကားသွားပြောရင်း မိတ်ဆက်လိုက်တော့ သူ့နာမည်က အောင်ကျှောစိုးတဲ့။ သွားဘက်ဆိုင်ရာ ဆရာဝန်လောင်းပါ။ ကျွန်တှော့ထက် ၁ နှစ် ကြီးပါတယ်။ စကားပြောရင်းနဲ့ ဆွေမျိုးတွေ စပ်ရင်းက သူနဲ့ သိတဲ့ သူတွေက ကျွန်တှော့ သူငယ်ချင်းတွေ ဖြစ်နေတယ်။ ကျွန်တှောက သူ့ကို အခန်း လာလည်ဖို့ ဖိတ်ပါတယ်။ သူလည်း အဖှော သိပ်မရှိပါဘူး။ သူက ကျွန်တှော့ကို ကိုတပ်ပြီး မခှေါပါနဲ့လို့ ပြောပါတယ်။ ဒီလိုနဲ့ ကျွန်တှောတို့ အခန်းမှာ ကျွန်တှောတို့ သုံးယောက်သား အတှောကြီး ပေါင်းမိလာကြပါတယ်။ ကျွန်တှော့မှာ ဂစ်တာ ကောင်းကောင်းလေး တစ်လက် ရှိတယ်။ အောင်ကျှောစိုးက ယမဟာ ကီးဘုတ် သွားဝယ်ပါတယ်။ ဒီကောင်က ပီယာနိုကို အနောက်တိုင်းနုတ်စ် နဲ့ ပျံနေအောင် တီးတတ်တဲ့ သူပါ။ ကျွန်တှောက ကွန်ပြူတာ ဝယ်ပြီး ကျွန်တှောတို့တွေ ကိုယ်ပိုင် တီးဝိုင်း ထောင်ကြတယ်။ စိုးနိုင်က ဆိုတယ်။ ကျွန်တှောကလည်း ဆိုတယ်။ ဆူညံနေတာပဲ။ နောက်ပိုင်းကြတော့ ဘေးနားက အခန်းက လူတွေလည်း ကျွန်တှောတို့နဲ့ လာပေါင်း ကြတယ်။ ကျွန်တှောတို့ အခန်းမှာ လူအမြဲ ပြည့်နေပါတယ်။ အောင်ကျှောစိုးလည်း အခန်း မပြန်ဘူး။ တစ်ခါတစ်လေ ကျွန်တှောတို့ ဆီမှာ အိပ်ပါတယ်။ စာလည်း သိပ်မကျက် တော့ပါဘူး။

အောင်ကျှောစိုးက လားရှိုးက ဆရာဝန်ကြီး တစ်ယောက်ရဲ့ သားပါ။ လူကောင်က ထောင်ထောင် မောင်းမောင်းနဲ့ ဒေါသကလည်း အင်မတန် ကြီးတဲ့ ကောင်ပါ။ ကျွန်တှောနဲ့ကတော့ ပလဲနံပ အလွန် သင့်ပါတယ်။ သူရယ် စိုးနိုင်ရယ်ကို ကျွန်တှောက ကျွန်တှောတို့ ကျောင်းကို အလည် ခှေါခှေါ သွားပါတယ်။ ဒီကောင့်နဲ့ လိုက်ပြီးလည်း သူတို့ကျောင်း သွားသွားလည်ပါတယ်။ အဲဒီ အချိန်မှာပဲ နောက်ထပ် အဆောင်သား အသစ်တစ်ယောက် ထပ်ရောက်လာပါတယ်။ သူက တပ်ကုန်းက ပီနောင်လို့ ခှေါတယ်။ သူကလည်း IDCS လားမသိဘူး တက်နေသူပါ။ သူ့မှာကလည်း အချစ်ရေး ဇာတ်လမ်းလေးတွေ ရှိနေပါတယ်။ သူ့အကြောင်း ကိုယ့်အကြောင်း ပြောကြရင်းက သူ့ကောင်မလေးက ကျွန်တှောနဲ့ သိနေတဲ့အခါ ကျွန်တှောတို့ဝိုင်းထဲကို သူအလိုလို ရောက်လာပါတော့တယ်။ အဲဒီနောက်ပိုင်း ကျွန်တှောတို့ အခန်း ၃၂၄ ဟာ အတှောကြီး စည်ကားပါတယ်။ ညဖက်ဆို ဖဲရိုက်ကြတယ်။ ကျွန်တှောက နိုင်တာ များတယ်။ ဘေးအခန်းက ကောင်မလေးတွေလည်း ကျွန်တှောတို့ အခန်းနဲ့ ပူးပေါင်းပြီး သောင်းကျန်း ကြပါတယ်။ ဘီယာတွေ သောက်ကြတယ်။ တိုးတိုးတိတ်တိတ်ပေါ့။ ကျွန်တှော့ ကွန်ပြူတာနဲ့ ညဖက်ဆို မီးပိတ်ပြီး ရုပ်ရှင်တွေ ကြည့်ကြပါတယ်။ အေတာှ စည္ကားတဲ့ ကာလပါ။ မုန့်တွေ ဆိုတာလည်း ပြတ်တယ် မရှိလှပါဘူး။ အဲဒီတုန်းက YMCAမှာ ကောင်မလေး ချောချောလေးများလည်း ရှိကြတယ်။ သူတို့ကို ခိုက်နေသူ တွေကလည်း မနည်းလှဘူး။ သူတို့ကို ကြိုက်လို့ ကျွန်တှောတို့ကို အမြင်ကတ် သူတွေကလည်း ဒုနဲ့ဒေးပေါ့။ နောက်ပိုင်းတော့ အဲဒီက အတွင်းရေးမှူး မောင်သာဉာဏ်ကြီး သိသွားပြီး မိန်းခလေး ယောက်ျားလေး အခန်း မကူးရ ဆိုတာတွေ ဖြစ်လာပါတယ်။ သူက ကျွန်တှောတို့ အဖွဲ့ကို လုံးလုံး ကြည့်မရသူပါ။ ကျွန်တှောက ဟန်းမ်းဖုန်းနဲ့ ကားနဲ့ဆိုတော့ အဲဒါကိုလည်း လုံးဝ ကြည့်မရပါဘူး။ အဲဒီတုန်းက အဆောင်ကို ၁၂ ထိုးရင်လား မသိဘူး ပိတ်ပါတယ်။ တစ်ရက် ကျွန်တှောတို့ ပြန်လာတာကို အစောင့်ကုလားက တံခါး ဖွင့်မပေးလို့ အောင်ကျှောစိုးက ထိုးမယ် လုပ်တယ်။ ပြသဿသနာတွေ ရှုပ်ကြသေးတယ်။ ကုလားလည်း မျက်ရည်လေး စမ်းစမ်းစမ်းစမ်းနဲ့ မနက်ကျတော့ ကျွန်တှောတို့ကို တိုင်ပါတယ်။ အဲဒီတော့ ကျွန်တှောတို့ကို အဆောင်က ထုတ်မယ် လုပ်တယ်။ ကျွန်တှောတို့ ကလည်း ခပ်တည်တည်နဲ့ ကျွန်တှောတို့ကို အပြစ်မဲ့ ထုတ်ရင် တရားစွဲမယ် ဘာညာ ဖြဲချောက်ပါတယ်။ အဲဒီ လူကြီးလည်း စိတ်တွေညစ်။ ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ တှောတှော လေသွားပုံ ရပါတယ်။ သူကသာ ကျွန်တှောတို့ အဖွဲ့ကို မချစ်တာ အဲဒီက လူအားလုံး လိုလိုက ကျွန်တှောတို့ကို ချစ်ကြပါတယ်။ ပျှောရွှင်စရာ ဇာတ်လမ်းလေးတွေကို နောက်မှ ဆက်ရေးပါဦးမယ်။

Technorati Tags: , , , ,

No response to “YMCA ကသူငယ်ချင်းတွေ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz