Thursday, July 6, 2006

Wizard

စုန်း (၂)


ဟောဒီ ငါ့လက်နှစ်ဘက်မှာ မာယာတွေ ပြည့်လို့နေတယ်
ငါ့နှုတ်ခမ်းများက လူသူနားမလည်နိုင်တဲ့ စကားတွေ ရွတ်ဆိုတယ်
ငါ့မျက်လုံးများက အေးစက်တယ်
အိပ်မက်ဟာ ငါ့အတွက် လှပတဲ့ ခံစားချက် ဖြစ်တယ်
ဒီလိုနဲ့ တစ်နေ့မှာ အလင်းရောင်ဟာ ငါ့ဆီ တည့်တည့်ကျတယ်
သူ့အတောင်လေးတွေက နူးညံ့တယ်
သူ့နှုတ်ခမ်းတွေက တွန့်ကွေးပြီး လှပါတယ်
ငါက သူ့ကို မင်းသားလေးရဲ့ ပန်းကလေးလို့ ခှေါတယ်
သူ့မှာ ဝိုင်းစက်တဲ့ မျက်နက်ဝန်းတွေလည်း ရှိတယ်
အလင်းဟာ သူလှတာကို သူသိတယ်
ငါက သူလှတာကို ငါပဲ သိချင်တယ်
ငါ့ မနဿတယားများ သူနားမလည်
ငါ့ သွေးသားများ သူနားမလည်
ငါ့ နိမိတ်ပုံများ သူနားမလည်
ငါ့ ဒဏ်ရာ ဒဏ်ချက်များ သူနားမလည်
ငါ့ နန်းတှောအကြောင်း သူနားမလည်
ငါ နေချင်သော အမှောင်ကမဿဘာကို သူနားမလည်
ဒီလိုနဲ့
ငါ့မှာ သူကြောက်စရာ အစွယ်နှစ်ချောင်းက ပါမလာခဲ့တော့
သူဟာ မနက်ခင်းမှာ ကိုယ်ရောင်ပြပြီး ညအခါ ပျောက်သွားခဲ့တယ်
ဒါပေမယ့်
တခြားဘက်မှာ သူပေါ့ပါးစွာ လင်းနေတယ်ဆိုတာ
မီးခိုးငွေ့တွေကြားမှာ ငါလေးလံစွာ မြင်နေခဲ့ရတယ်။


လင်းဆက်


Technorati Tags: ,

Technorati Tags: ,

No response to “Wizard”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz