Monday, July 3, 2006

A Very Long Engagement



အရင်က ကြည့်ဖူးခဲ့တဲ့ A Very Long Engagement ဆိုတဲ့ကားကို မနေ့က ပြန်ကြည့်ဖြစ်တယ်။ မင်းသမီးကတော့ ကျွန်တှော့ အနှစ်သက်ဆုံး အှောဒရီတှောတု ဖြစ်ပါတယ်။ ပထမ တစ်ခါ ကြည့်ဖြစ်တုန်းက ပြီးစလွယ် ကြည့်လိုက်တာ သိပ်နားမလည်ခဲ့ဘူး။ ဒီတစ်ကြိမ်တော့ သေသေချာချာကို ထိုင်ပြီး ကြည့်ဖြစ်တယ်။ အှောဒရီရဲ့ ကားတွေ ထုံးစံအတိုင်း ရိုက်ချက်တွေ၊ ကာလာအယူအဆ၊ ကင်မရာ အယူအဆ တွေကတော့ ကြောက်ခမန်းလိလိ ကောင်းမွန်ပါတယ်။ Amelie ကိုရိုက်ခဲ့တဲ့ ဒါရိုက်တာ Jean-Pierre Jeunet လက်ရာပါပဲ။ သူ့ကားတွေဟာ အမြဲတမ်း အတွေးလေးတွေ ပေးတယ်။ ရိုက်ချက်တွေ ဆန်းပြားလှပတယ်။ ဒီကားဟာ ပထမ ကမဿဘာစစ်ကို အခြေခံထားတဲ့ အချစ်ကားလေးပါ။ မင်းသမီးဟာ ဒီကားမှာ ခြေထောက်တစ်ဖက် မသန်စွမ်းသူ တစ်ယောက်အဖြစ် သရုပ်ဆောင် ထားတယ်။ စစ်ပွဲမှာ ပျောက်သွားတဲ့ သူ့ချစ်သူ ကောင်လေးကို လိုက်ရှာတဲ့ ဇာတ်လမ်းပါ။ အလွန်ကို ဆွတ်ပျံ့ ကြည်နူးဖို့ ကောင်းတဲ့ အချစ်ကားလေး ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်ကားတွေနဲ့ ဒီဒါရိုက်တာရဲ့ ကားတွေကို အရင် မကြည့်ဖူးကြရင် အတှော ပျင်းဖို့ ကောင်းတဲ့ ကားလို့ ထင်ကြပါလိမ့်မယ်။ ကာလာတွေက အဝါရောင် ဆာရီရယ်လစ် ဆန်တယ်။ သူများနဲ့ မတူဘူး။ အှောဒရီရဲ့ ဝမ်းနည်းတဲ့ သရုပ်ဆောင်ပုံက မျက်ရည် မကျပြပေမယ့် အလွန် ပီပြင်လှပါတယ်။ အမြဲသိမ်းထားသင့်တဲ့ ကားလေးတစ်ကား ပါပဲ။ နောက်ဆုံး အခန်းကတော့ အချစ်ဆိုတာ ဘာလဲ ဆိုတာကို လှလှပပ ပြသွားပါတယ်။ မြန်မာတွေ အမြဲပြောနေကြတဲ့ ပေးဆပ်ခြင်းတွေ ရယူခြင်းတွေ မဟုတ်ပါဘူး။ အချစ်ဆိုတာ အဲဒါပါပဲ။ ဘာလဲ ဆိုတာကိုတော့ ကြည့်ပြီးရင် အလိုလို သိသွား ပါလိမ့်မယ်။


Technorati Tags: , ,

No response to “A Very Long Engagement”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz