Monday, July 3, 2006

Tibet Tribes

ဟိုတစ်နေ့က တရုတ်သမဿမတ ဟူကျင်းတောင် ရှန်ဟိုင်းနဲ့ တိဘက် လာဆာနဲ့ ရထားလမ်း ဖောက်တဲ့ သတင်းကို ကြားလိုက်ရတော့ အနဿဒိယကို ရောက်ရှိ ခိုလှုံနေရတဲ့ လာမားကြီးနဲ့ တိဘက် တိုင်းရင်းသား တွေရဲ့ စကားကို ပြန်သတိရ မိတယ်။ လွန်ခဲ့တဲ့ လက ကျွန်တှော တိဘက်တွေနေတဲ့ မက်ခ်လော့ခ်ဂန်ဂျာ ဆိုတဲ့ မြို့လေးကို အလည် သွားခဲ့တယ်။ တစ်ရက်တော့ ကျွန်တှောဟာ မနက် ၆ နာရီ ထိုးလောက် ထပြီး ကင်မရာကိုယူ အနွေးထည် ဝတ်ပြီး မြူတွေ သည်းသည်း ကျနေတဲ့ တောင်ကြား လမ်းလေးဘက်ကို လမ်းလျှောက် ထွက်ခဲ့တယ်။ ချွေးလေး စို့လာပြီး ဗိုက်လည်း ဆာလာလို့ အနီးအနားမှာ တွေ့တဲ့ လမ်းဘေး လက်ဘက်ရည် ဆိုင်လေးကို ဝင်ပြီး တိဘက် ပေါင်မုန့်နဲ့ ကှောဖီတစ်ခွက် မှာသောက်မိတယ်။ အဲဒီ ဆိုင်ထဲမှာ လူလည်း များများ စားစား မရှိလှပါဘူး။ ကျွန်တှောနဲ့ ကပ်ရပ် ဝိုင်းမှာ လူငယ်လေး တစ်ယောက်နဲ့ လူလတ်ပိုင်း တစ်ယောက်ပဲ ရှိတယ်။ ကျွန်တှောလည်း ဆေးလိပ်လေး ဖွာရင်း စာအုပ်လေးကို ထုတ်ပြီး နေ့စဉ်မှတ်တမ်း ရေးနေမိတယ်။

ခဏကြာတော့ အဲဒီဘက်ပိုင်းက လူငယ်လေးက ကျွန်တှော့ဆီက မီးခြစ်တောင်းလို့ ပေးရင်း မိတ်ဆက်လာတယ်။ ပြီးတော့ ကျွန်တှော့ကို တရုတ်လားလို့ မေးတယ်။ ကျွန်တှောက ရယ်ပြီး တရုတ်နဲ့ တူနေလို့လားလို့ ပြန်မေးလိုက်ရင်း ငါဒီက လာတာဆိုပြီး ကျွန်တှော့အထက် ခေါင်းပှေါ မျက်နှာကျက်မှာ ဆွဲထားတဲ့ ကမဿဘာ့မြေပုံထဲက မြန်မာပြည်ကို ပြလိုက်တယ်။ အဲဒီတော့မှ သူတို့က ကျွန်တှော့ဘက် ဝိုင်းကို ပြောင်းလာပြီး လှိုက်လှိုက်လှဲလှဲ စကား လာပြောကြတယ်။ သူတို့ ဒေသမှာ တရုတ်တွေလာရင် လက်မခံပါဘူးတဲ့။ ဈေးဝယ်ရင် မောင်းထုတ် ပစ်ပါတယ်။ ပိုက်ဆံ ဘယ်လောက်ပေးပေး စားစရာတောင် ပေးမဝယ်ပါဘူးတဲ့။ အဲဒါ ကျွန်တှော့ကို တရုတ်နဲ့ တူလို့ ကြည့်နေတာလို့ ရယ်ပြီး ပြောပါတယ်။ (ကျွန်တှော့ကို ခဏခဏ တရုတ်နဲ့ မှားကြပါတယ်။ ဒါပေမယ့် ကျွန်တှော့ ရုပ်ဟာ တရုတ်နဲ့ လားလားမှ မတူပါဘူး အသားလည်း သူတို့လောက် မဖြူပါဘူး)။ ဒီလိုနဲ့ စကားပြောရင်း ကျွန်တှောက တိဘက်မှာ ခုနှစ်နှစ်တာ ဆိုတဲ့ ဘရက်ပစ်ဒ် ရဲ့ ဇာတ်ကား အကြောင်းကို ရောက်သွားရာက သူတို့ ဇာတ်ကြောင်း တွေကို ပြောပြပါတော့တယ်။

တိဘက်တွေ အခုနေတဲ့ အိနဿဒိယက ဒေသကို Little Lasa တိဘက် အငယ်စားလေးလို့ ခှေါကြပါတယ်။ တိဘက်ကို တရုတ်ပြည်က သိမ်းပိုက်ပြီး ဒလိုင်းလားမားကြီး ထွက်ပြေးလာရတဲ့အခါ အိနဿဒိယ ဝန်ကြီးချုပ် နေရူးက အဲဒီ ဒေသလေးကို ပေးပြီး အခြေချ နေထိုင် စေခဲ့တာပါ။ တိဘက် တိုင်းရင်းသားတွေကို ခိုလှုံခွင့် ပေးတဲ့ သဘောပါ။ နိုင်ငံသားအဖြစ် မပေးပေမယ့် သူတို့ကို အိနဿဒိယက ဘယ်တကဿကသိုလ် ဘယ်ကျောင်းမှာမဆို တက်ရောက်နိုင်ခွင့် ပေးထားပါတယ်။ သူတို့ဟာ တရုတ်တွေကို အလွန် မုန်းတီးပါတယ်။ သူတို့ရဲ့ ငြိမ်းချမ်းရာ ဒေသလေးကို အတင်းအဓမဿမ သိမ်းပိုက်ထားလို့ သူတို့ အခုလို သူများနိုင်ငံမှာ နေကြရတာလို့ ဆိုပါတယ်။ တရုတ်အစိုးရဟာ ဒလိုင်းလာမား အရာကို ဆက်ခံမယ့် နောက်ဆုံး ဒလိုင်းလားမား ငယ်ငယ်လေးကို ဖျောက်ဖျက်ပြီး သူတို့ ရွေးချယ်ထားတဲ့ ဒလိုင်းလားမား အသစ်ကို အတင်း နေရာသွင်းပါတယ်တဲ့။ ပျောက်ဆုံးနေဆဲ ဒလိုင်းလားမားလေးကို ယနေ့တိုင် ရှာဖွေနေကြပေမယ့် သတင်း အစအနတောင် မရရှိတော့လို့ သေပြီလို့တောင် သတ်မှတ်ထား ရပါတယ်။ တိဘက်တွေအဖို့ ဒလိုင်း လားမားဟာ ဘုရားပါ။ ထိဖို့ ပြန်ပေးဆွဲဖို့ မပြောနဲ့ မြေမှာ ပြားပြားဝပ်ပြီး ကိုးကွယ်ကြတာပါ။ အဲဒီ လာမားလေး ပျောက်ဆုံး သွားပြီး တရုတ်အစိုးရက သူတို့ရဲ့ လာမားလေး တစ်ယောက်ကို တင်သွင်းလာခြင်းဟာ အလွန် ဆိုးရွားတဲ့ လုပ်ရပ်လို့ ဆိုကြပါတယ်။ ဘယ်သူကမှ အဲဒီလာမားလေးကို အသိအမှတ် မပြုကြပါဘူး။

တိဘက် လာဆာ ဒေသဟာ တိဘက် လူမျိုးများ အထွတ်အမြတ်ထားရာ ဒေသ ဖြစ်ပါတယ်။ တိုင်းရင်းသား ယဉ်ကျေးမှုတွေလည်း ပြည့်လို့ နေပါတယ်။ သူတို့က သူတို့ဒေသ ဖွံဖြိုး တိုးတက်တာကို မလိုချင်ပါဘူး။ အေးအေးချမ်းချမ်းပဲ နေချင်ကြတာပါ။ ရထားလမ်း ဖောက်လုပ်ခြင်းဟာ တရုတ်တွေက သူတို့ ယဉ်ကျေးမှုကို ဓလေ့ထုံးစံတွေကို ဖျက်ဆီး ပစ်ချင်လို့လို့ ဆိုကြပါတယ်။ အဲဒီ ရထားလမ်းဟာ ကမဿဘာပှေါမှာ အရှည်လျားဆုံး ရထားလမ်း ဖြစ်ပါတယ်။ ဟူဂျင်းတောင်ဟာ ယခင်က အဲဒီဒေသရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နေ့စဉ်နဲ့အမျှ တိဘက် လာဆာ ဒေသက တိဘက် လူငယ်လေးတွေ အဲဒီကနေ ထွက်ပြေးပြီး အိနဿဒိယထဲကို ရောက်လာ ကြတာ တွေ့နေရပါတယ်။ တိဘက် တိုင်းရင်းသား တွေဟာ အလွန်တရာ ရိုးသား ကြပါတယ်။ သူများကို ကောက်ကျစ် လှည့်ဖျားခြင်းလည်း မရှိကြပါဘူး။ အိနဿဒိယ အစိုးရ ကောင်းမှုကြောင့် အဲဒီဒေသမှာ အခုဆိုရင် အင်တာနက်၊ မိုလ်ဗိုင်းဖုန်း အားလုံး သုံးစွဲရနေလို့ တိဘက် လူငယ်များဟာ တှောတှောလေး အသိဉာဏ် တိုးတက်လာတာ တွေ့ရပါတယ်။ လူငယ်တွေရဲ့ ဝတ်စား ဆင်ယဉ်မှုကလည်း ခေတ်မီနေပါပြီ။ ဒါပေမယ့် သူတို့ သွေးထဲမှာတော့ သူတို့ရဲ့ လာဆာနန်းတှောကြီး ရှိနေဆဲ ဆိုတာကို ကျွန်တှော တွေ့ခဲ့ရပါတယ်။

တိဘက် ဒေသနဲ့ ပါတ်သတ်တဲ့ တရုတ် အစိုးရရဲ့ အမြင်ကို သိချင်ရင်တော့ ဒီနေရာမှာ အကျဉ်း ဖတ်ရှု နိုင်ပါတယ် [Click] ပျောက်ဆုံးသွားတဲ့ ပန်ချန်လားမား လေးနဲ့ ပါတ်သတ်တဲ့ သတင်းကိုတော့ ဒီနေရာမှာ အကျဉ်း ဖတ်နိုင်ပါတယ် [Click]


Technorati Tags: , , , ,

No response to “Tibet Tribes”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz