Sunday, July 16, 2006

Tales - ညီမလေးအတွက် အိပ်ယာဝင် ပုံပြင်များ

ညီမလေးအတွက် အိပ်ယာဝင် ပုံပြင်များ


ကျွန်တှော့ ညီမလေးမှာ ဖြူစင်တဲ့ လက်ကလေးတွေ ရှိတယ်။ သိပ်ပြီးလည်း နူးညံ့တယ်။ မိန်းခလေးဆိုတာ အလှအပကို ချစ်မြတ်နိုးရတယ် ညီမလေးရဲ့လို့ ကျွန်တှော ပြောရင် လက်ခုပ်လေး တီးပြီး ဒါကြောင့် ကိုကို့ကို သိပ်ချစ်တာ လို့ သူပြောလေ့ ရှိတယ်။ ညီမလေး ငယ်ငယ်ထဲက သူ့မိဘတွေ ဆုံးပါးသွားခဲ့တယ်။ ကျွန်တှောနဲ့ သူနဲ့တွေ့တော့ ကျွန်တှော့ အသက်က ၂၅ သူ့အသက်က ၁၉ တကဿကသိုလ် တစ်ခုရဲ့ ကင်တင်းန်မှာ တွေ့ခဲ့ကြတာပါ။ သူက ကျွန်တှော့လိုပဲ ကှောဖီခါးခါးကို နှစ်သက်တယ်။ မိန်းခလေး တှောတှောများများက ကှောဖီချိုချိုလေးတွေ သောက်တတ်တော့ ဘာလို့ ဒါမျိုး သောက်တာလဲလို့ ကျွန်တှောမေးရင် ကိုကိုနဲ့ တူချင်လို့လို့ သူပြန်ဖြေတတ်တယ်။ သူ့ဆံပင်လေးတွေက နီညိုရောင် ခပ်ဖျော့ဖျော့လေးတွေ။ သူလျှောတဲ့ ခေါင်းလျှောရည်က ပရုတ်နံ့ သင်းနေတတ်တဲ့ အမျိုးအစား။ သူ့လက်သည်း လေးတွေက သွယ်သွယ်လေးနဲ့ ကြည်နေတယ်။ သူ့လက်ကလေးတွေကို ကျွန်တှော ဓါတ်ပုံရိုက်ရင် သူသဘောကျ နေတတ်တယ်။ ညီမလေးကို ကိုကို ချစ်တယ်လို့ ပြောရင် ကိုကို့အကဿငျီတွေ မီးပူ တိုက်ပေးချင်တာလို့ သူပြန်ပြောလေ့ ရှိတယ်။ ကျွန်တှော ပန်းချီ ဆွဲနေရင် သူနောက်ကနေ ဖက်ပြီး ကျွန်တှော့ကို အလစ် နမ်းတတ်တယ်။ သူက ကျွန်တှော့လို နီယိုအင်ပရက်ရှင်းကို မကြိုက်ဘဲ အက်ရှင်ပိန်းတင်းကို ကြိုက်တာ ဆိုပြီး တစ်ခါတစ်လေ ကျွန်တှော့ ကင်းန်းဗတ်စ် တွေပှေါမှာ ဆေးတွေ လျှောက်ပက် နေတတ်တယ်။ သူဆွဲတဲ့ ပန်းချီကားလေးတွေ ကျွန်တှော သိမ်းထားတယ်။ မူကြိုခလေးတွေ ဆွဲတဲ့ ပုံလေးတွေနဲ့ တူလို့။ ကျွန်တှောဟာ အခါပေါင်းများစွာ သူဆွဲသလို လိုက်ဆွဲကြည့်တယ်။ ကျွန်တှောဆွဲတဲ့ လူတွေက လူတွေနဲ့ တူနေတယ်။ မဟုတ်ဘူး ကျွန်တှော လိုချင်တာ ညီမလေးလို ဘာမှမသိတဲ့ စိတ်နဲ့ ဆွဲချင်တာ။

ညီမလေး မိဘတွေက ငယ်ငယ်ထဲက ဆုံးပါးသွားတာ ဆိုတော့ ညီမလေးဟာ ပုံပြင်တွေကို ညအိပ်ချိန်မှာ နားမထောင် ခဲ့ရဘူး။ ကျွန်တှော သူ့ကို အတူနေဖို့ ပြောတဲ့အခါ ကိုကို ညီမလေးကို နေ့တိုင်း ညအိပ်ယာဝင်ရင် ပုံပြောရမယ်လို့ ကတိတောင်းတယ်။ ဒီလိုနဲ့ ညပေါင်းများစွာ ကျွန်တှောဟာ ညီမလေးကို ပုံပြင်တွေ ပြောပြခဲ့တယ်။ အဲဒီအချိန်ဆို ညီမလေးက မျက်မှောင်လေး ကျုံ့ပြီး ကျွန်တှော့ ရင်ခွင်ထဲမှာ နားထောင် နေတတ်တယ်။ မင်းသားလေး မင်းသမီးလေးတွေ တစ်ခုခု ဖြစ်သွားတယ် ဆိုရင် ညီမလေး မျက်ရည်တွေ ကျလာတတ်တယ်။ ပြောရရင် ကျွန်တှောကလည်း ပုံပြင်တွေ ကြိုက်တတ်သူ ဖြစ်တာမို့ ပုံပြောလည်း ကောင်းတယ်။ ညီမလေးက အဲဒီ အချိန်တွေမှာဆို အသံ တိတ်နေတတ်တယ်။ လောကကြီးက ကိုကို့ကို သူ့အတွက် မိဘတွေ နေရာကို အစားထိုးနိုင်ဖို့ လက်ဆောင်ပေးတာလို့ သူမကြာခဏ ပြောတယ်။ ဒီလိုနဲ့ ကျွန်တှော ပုံပြင်တွေ ပြောလာလိုက်တာ တစ်ထောင့်တစ်ည ပုံပြင်တွေလည်း ကုန်သွားတယ်။ နတ်သမီး ပုံပြင်တွေလည်း ကုန်သွားတယ်။ ဂရိ၊ ရိုမန် ပုံပြင်တွေလည်း ကုန်သွားတယ်။ လူထုဦးလှ တိုင်းရင်းသား ပုံပြင်တွေလည်း ကုန်သွားတယ်။ အန်ဒါဆင်းလည်း ကုန်သွားတယ်။ နောက်ဆုံး ပြောစရာ ပုံပြင်တွေ ကိုကို့မှာ ကုန်ပြီ ညီမလေးရဲ့လို့ ကျွန်တှော ပြောတဲ့အခါ - မရဘူး အဲဒါတွေ ကုန်သွားရင် ကိုကို တီထွင်ပြီး ပြောရမယ်ဆိုပြီး ညီမလေး စိတ်ကောက် ပြပါတယ်။ ညီမလေး စိတ်ကောက်တဲ့ ပုံစံကို ကျွန်တှော အရမ်း ရယ်ချင်တယ်။ သူ ကျွန်တှော့ဘက်ကို လှည့်ပြီး ထိုင်နေရာကနေ တခြားဖက်ကို လှည့်ထိုင်လိုက်မယ်။ ခေါင်းကို လှုပ်ယမ်း ပြီးတော့ သူ့လက် ဖြူဖြူလေးတွေနဲ့ ဆံပင်တွေကို ရှုပ်ဖွ ပစ်တယ်။ ရပါတယ်. ရပါတယ် လို့ တတွတ်တွတ် ပြောမယ်။ မျက်ရည် ကျလာသလိုလို မျက်လုံးလေးတွေကို လက်နဲ့ သုတ်နေမယ်။ ဒါက သူအမြဲ လုပ်တတ်တဲ့ အမူအယာလေးတွေပါ။ ကျွန်တှောက ညီမလေးကို သိပ်ချစ်တော့ သူစိတ်ညစ်မှာကို မလိုလားပါဘူး။ သူပျှောနေတာကို ကြည့်ချင်တာပေါ့။ ဒီလိုနဲ့ ကျွန်တှော သူ့ကို ညတိုင်း ကျွန်တှော့ ပုံပြင်အသစ်တွေ ပြောပြ ဖြစ်ခဲ့တယ်။ ဘယ်သူနဲ့မှ မတူတဲ့ ကျွန်တှော့ ပုံပြင်တွေကို ကြားပြီး သူသဘောကျ သွားတယ်။ ညီမလေးတို့မှာ ပိုက်ဆံ ရှိလာရင် ကိုကို့ကို ပုံပြင်စာအုပ် ထုတ်ပေးမယ်လို့ ကျွန်တှော့ နှဖူးလေးကို နမ်းနမ်းပြီး သူပြောတတ်တယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ ညီမလေး သေဆုံးသွားခဲ့တယ်။ ညီမလေးဟာ ဒီပုံပြင်လေးတွေကို သူ့နောက်ဆုံး အချိန်အထိ နားထောင် သွားခဲ့တယ်။ ညီမလေး နှစ်သက်ခဲ့တဲ့ ပုံပြင်တွေကို ကျွန်တှော သူ့အတွက် အမှတ်တရ အနေနဲ့
ပြန်ရေးဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ ကျွန်တှောက ညီမလေးကို သိပ်ချစ်တယ်။ ဒီပုံပြင်တွေဟာ ကျွန်တှော့ ညီမလေးအတွက် ဖြစ်ပါတယ်။ သူ ငြိမ်သက်စွာ အိပ်စက်နေခဲ့တယ်။

ဆက်လက် ဖတ်ရှုပါရန်


Technorati Tags: , , ,

No response to “Tales - ညီမလေးအတွက် အိပ်ယာဝင် ပုံပြင်များ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz