Tuesday, August 1, 2006

NMAT- သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက

သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက


သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက
ကောင်းကင်ကိုမော့ကြည့်တတ်စကျွန်တှောဟာ
လေယာဉ်ပျံမောင်းမယ်လို့ ပြောခဲ့တယ်။

သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက
ပြေးလွှားခုန်ပေါက်တတ်ခါစ ကျွန်တှောဟာ
ကောင်းဘွိုင် လုပ်မယ်လို့ပြောခဲ့ဖူးတယ်။

သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက
ကျောင်းပြေးရတာအရသာတွေ့နေတဲ့ကျွန်တှောဟာ
ထွက်ပြေးနေတဲ့သူတွေကိုအားကျနေခဲ့တယ်။

သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက
မိန်းကလေးများနဲ့တွဲတတ်ခါစကျွန်တှောဟာ
ဒရက်ကူလာဖြစ်ချင်စိတ်တဖွားဖွားနဲ့ သွေးဆူနေတယ်။

သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက
ဘာဘွဲ့မှမရချင်တဲ့ကျွန်တှောဟာ
တောထွက်တရားကျင့်ဖို့ ကြံစည်ခဲ့ပါသေးတယ်။

သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက
နှစ်ဆယ့်တစ်ရာစုမှာလူဖြစ်နေတဲ့ကျွန်တှောဟာ
ကျိုးကန်းနေတဲ့ဒုကဿခိတတစ်ယောက်ဖြစ်ချင်နေခဲ့တယ်။

သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက
ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ကျွန်တှောဟာ
ဘာလုပ်ရင်ကောင်းမလဲလို့ အမေ့ကိုပြန်မေးမိတယ်။

တစ်ရက်တခြား
ဘဝဟာ တဖြည်းဖြည်း သွေးဆုတ်ဖြူဖွေးလာနေတဲ့အမေ့သား
ပြောခဲ့ /စိတ်ကူးခဲ့ /ကြံစည်ခဲ့ /ဖြစ်ချင်ခဲ့တဲ့အတိုင်း
ဘာတစ်ခုမှ မလုပ်ဖြစ်ခဲ့ပါဘူး။
ဒီတစ်ခါ
အရိပ်တခြား အကောင်တခြားဖြစ်နေတဲ့ကျွန်တှော
စိတ်ကူးများရဲ့ ကွင်းကျယ်အဝေးဝေးမှာ
မျှောလင့်ခြင်းများလည်တံရှည်
ငြိမ်သက်ခြေတံရှည်ရှည်တွေနဲ့
သားကြီးလာရင်ဘာလုပ်မလဲ ဆိုတဲ့ အမေ့ရဲ့မေးခွန်းကိုပဲ
ကတွတ်ပေါက်မှာစောင့်နေတယ်။ ။


ဖိုးဏီ (နိုင်မွန်အောင်သွင်)


Technorati Tags: , , ,

No response to “NMAT- သားကြီးလာရင်ဘာလုပ်မလဲလို့ အမေမေးတုန်းက”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz