Thursday, July 13, 2006

Mother and Family - အမေနဲ့ မိသားစု (၆)

Mother and Family - အမေနဲ့ မိသားစု (၆)

ကျွန်တှော သူငယ်တန်း တက်တော့ သူငယ်ချင်းတွေ ရလာတယ်။ သူငယ်တန်းကိုတော့ ကျွန်တှော တက်ရမှာ မကြောက်တော့ ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့် သူငယ်ချင်းတွေက မူကြိုတက်နေတုန်းက ကျွန်တှောက မတက်တော့ အိမ်မှာနေရင်း ကျွန်တှော ပျင်းနေရတယ်လေ။ နောက်ပြီး ကျောင်းဝတ်စုံ စိမ်းစိမ်း လေးတွေကိုလည်း ဝတ်ချင်တာ ပါပါတယ်။ ကျွန်တှော မှတ်မိနေတယ်။ ကျွန်တှော့ ဆရာမလေး နာမည်က မနီတဲ့။ သူငယ်ချင်းတွေ နာမည်က နောင်နောင်တဲ့၊ ဝင်းဇှောထိုက်တဲ့၊ မောင်ကြီး၊ မောင်ငယ်တဲ့၊ မေဒေးတဲ့၊ စုစုတဲ့၊ တိုးမာန်တဲ့၊ ကောင်းမြတ်တဲ့၊ ကျန်တဲ့ သူတွေလည်း ရှိသေးတယ်။ တချို့တွေလည်း မျက်နှာ ခုထိ မှတ်မိနေပေမယ့် နာမည်တွေ စဉ်းစားလို့ မရတော့ဘူး။ ကျွန်တှောတို့က ကျောင်းကို အတူတကွ ခြေလျှင် သွားကြတယ်။ မလာသေးတဲ့ သူငယ်ချင်းတွေကို စောင့်ကြတယ်။ ကျောင်းအားလပ် ချိန်တွေဆို အတူတူ ဆော့ကြတယ်။ အမေ့ ကျေးဇူးနဲ့ သူငယ်တန်း စတက်တော့ စာတွေက ကျွန်တှော့အတွက် သိပ်ကို လွယ်ကူနေပါပြီ။ လက်ရေးကလည်း စီစီရီရီ လှတော့ ဆရာမလေး မနီဟာ ကျွန်တှော့ကို သိပ်ချစ်ပါတယ်။ ဆရာမလေးမှာ မဖြူ၊ မဝါ၊ မမီမီ၊ ကိုတင်မိုး ဆိုတဲ့ မောင်နှမတွေ ရှိပါတယ်။ သူတို့ကလည်း ကျွန်တှော့ကို ချစ်ကြပါတယ်။ သူတို့နဲ့ ကျွန်တှောတို့ မိသားစုဟာ ယခုအချိန်အထိကို ချစ်ခင်နေကြဆဲပါပဲ။ ဆရာမကိုလည်း ကျွန်တှောက ယခုအချိန်အထိ ဆရာမလို့ ခှေါဆဲပါပဲ။

ပြောရရင် ကျွန်တှောတို့ ငယ်ငယ်က ကလေးဘဝက သိပ်ကို ပျှောဖို့ ကောင်းပါတယ်။ လွတ်လွတ်လပ်လပ် ဆော့ကစားလို့ ရတယ်။ ဆော့စရာ ကွင်းပြင်ကျယ်ကြီးတွေကလည်း နေရာအနှံ။ ကားတွေလူတွေလည်း ရှုပ်ထွေးခြင်းမရှိ။ ဆော့စရာ နည်းလမ်းတွေကလည်း အဖုံဖုံ။ ကျွန်တှောနဲ့ ရွယ်တူက ခုနှစ်ယောက်လောက် ရှိပါတယ်။ နွေရာသီဆို ကျွန်တှောတို့ လက်ပံပွင့်တွေ လိုက်ကောက်ကြတယ်။ လက်ပံပွင့် တွေက ခြောက်အောင် လှမ်းပြီးရင် သုတ်စားလို့ ရတယ်။ ဟင်းချက်စားလို့ ရတယ်။ ကျွန်တှောတို့က အလယ်က ဝတ်ဆံ ရှိတဲ့ အူတိုင်လေးတွေကို ဖြုတ်ပြီး သားရေကွင်းနဲ့ တွဲပြီး ပစ်တမ်း ကစားကြပါတယ်။ အဲဒီရာသီဟာ အလွန်လှပါတယ်။ လက်ပံပင်တွေက ပေါလွန်းတော့ နေရာအနှံ့ ကြည့်လိုက်ရင် ရဲရဲတောက်နေတာပါပဲ။ ကျွန်တှောက လက်ပံပွင့်လေးတွေ တဝဲဝဲ ကျနေတာကိုတွေ့ရင် သိပ်နှစ်သက်ပါတယ်။ ပျှောလည်း ပျှောပါတယ်။ လက်ပံပွင့်တွေ စားပြီး ခွေးတွေ ရူးကြတယ် ဆိုလည်း ကျွန်တှောတို့က မကြောက်ပါဘူး။ သူငယ်ချင်းတွေ စုပြီး သွားကြ။ လက်ပံကောက်ကြ နဲ့ အမှတ်တရ ရက်စွဲတွေပါပဲ။ မိုးဦးကျပြီ ဆိုရင် ကျွန်တှောတို့က ကစားနည်း ပြောင်းကြပါတယ်။ ကျွန်တှောတို့ အရပ်မှာ ကတဿတီပါကောင်လို့ ကျွန်တှောတို့ ခှေါကြတဲ့ အကောင်နီနီလေးတွေ ရှိပါတယ်။ မိုးဦးကျလို့ မျက်လေးတွေ ထွက်လာရင် သူတို့က အဲဒီအထဲမှာ ပုန်းအောင်းနေတတ်ကြတယ်။ ကျွန်တှောတို့က အဲဒီအကောင်လေးတွေကို ဂရုတစိုက် လိုက်ဖမ်းကြရပါတယ်။ ကတဿတီပါကောင်ဟာ နာမည်နဲ့ လိုက်အောင် နီရဲပြီး အမွှေးနုနုလေးတွေ တစ်ကိုယ်လုံးကို ဖုံးနေပါတယ်။ လက်သည်း ခွံလောက်ရှိပါတယ်။ သူတို့ဟာ မြန်မြန်လည်း မပြေးနိုင်ကြပါဘူး။ ဒါပေမယ့် သူတို့ကို ရှာတွေ့ဖို့ က ခက်ပါတယ်။ ကျွန်တှောတို့က အဲဒီအကောင်လေးတွေကို တွေ့ပြီဆို မြက်လေးတွေ ထည့်ထားတဲ့ ပုလင်းထဲ ထည့်ပြီး မွေးထားကြပါတယ်။ ပြီးရင် အဲဒီအကောင်လေးတွေကို အပြေးပြိုင် ခိုင်းပါတယ်။ သူတို့က နိမ့်ရာကနေ မြင့်ရာကို တက်ကြတဲ့ အကျင့်ရှိလေတော့ သစ်သားပြားလေးကို စောင်းပြီး သူတို့ကိုတင်၊ ပြီးရင် ကိုယ့်အကောင် သူ့အကောင် ဘယ်သူ ပန်းအရင် ဝင်တယ်ဆိုတာ ပြိုင်ကြ တာပါ။ ကြီးလာတော့မှ ဒါမျိုးလုပ်တာ မကောင်းဘူးဆိုတာ သိလာပေမယ့် အဲဒီကစားနည်းလေးတွေကို ယနေ့တိုင် မမေ့နိုင်အောင်ပါပဲ။


အပိုင်း (၅)ကို ဒီနေရာမှာ ဖတ်ပါ [ Click ]


Technorati Tags: , , , ,

No response to “Mother and Family - အမေနဲ့ မိသားစု (၆)”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz