Friday, July 28, 2006

Kyay Juu Gabar Sai Yaw

က်ြန္ေတာှ့ ဘဝရဲ့ အေပ်ာှဆံုး အချိန်တွေကို ပြောပါဆိုရင် ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကျောင်းတက်ခဲ့ရတဲ့ နေ့ရက်တွေပါ။ ခင်မင်စရာ တိုင်းရင်းသား သူငယ်ချင်းတွေ သာမက စိနနွယ်ဖွား သူငယ်ချင်း အများအပြားလည်း ရခဲ့တယ်။ အလွန်ချစ်စရာ ကောင်းတဲ့ ဒေသလေး တစ်ခုပါ။ တကယ်တော့ မြစ်ကြီးနားမှာ ထူးထူးထွေထွေ ဘာမှတော့ မရှိပါဘူး။ မြစ်ဆုံတွေ၊ ကရိန်နှောတွေ ဆိုတာကလည်း တကူးတက သွားရတဲ့ နေရာတွေပါ။ ဒါပေမယ့် ကျွန်တှောတို့ သိပ်ပျှောကြပါတယ်။ ညနေခင်းဆို စက်ဘီးတစ်စင်းနဲ့ ဆုတောင်းပြည့် ဘုရားဘက် ကမ်းပါးတစ်လျှောက် စက်ဘီးစီးရတဲ့ အကြောင်းတွေ၊ သူငယ်ချင်းတွေနဲ့ ညဘက် လှည့်ပတ် သွားကြတာတွေ၊ သောင်းကျန်း ကြတာတွေ အရမ်းသတိ ရမိတယ်။ အခု ဒီသီချင်းလေး နားထောင် လိုက်ရတော့ ပိုပြီး လွမ်းမိသွားတယ်။ ရေခဲတွေ အရေပျှောလို့ နွေခေါင်ခေါင်ပေမယ့် အေးစက်နေတဲ့ ဧရာဝတီမြစ်ကြီး၊ မိုးတွေကြီးလို့ ကမ်းပါးအထိ ရေတက်လာတတ်တဲ့ ဧရာဝတီ မြစ်ကြီး၊ မိုက်မိုက်မဲမဲ အဲဒီ မြစ်ထဲမှာ သူငယ်ချင်း နှစ်ယောက်ကို လှေနဲ့ ဘေးက လိုက်ခိုင်းပြီး လက်ပစ် ဖြတ်ကူးခဲ့ဖူးတဲ့ ကျွန်တှော၊ ရေတွေ ခါးလောက်ရှိတဲ့ နေရာမှာ ရွှေကျင်ရတဲ့ ကျောက်ပြန့်ဆိုတဲ့ နေရာ၊ တောင်အမြင့်ကြီး တွေပှေါကို ဆိုင်ကယ်နဲ့ ရူးရူးမိုက်မိုက် တက်ကြတဲ့ ကျွန်တှော့ သူငယ်ချင်းတွေ၊ မနက်တိုင်း အိပ်ယာထချိန် ကျွန်တှော့ကို လာလာနှိုးတတ်တဲ့ ကျွန်တှော့ အခင်ဆုံး သူငယ်ချင်း တစ်ယောက်၊ မီးခိုးတွေ မှိုင်းနေတတ်တဲ့ နနွင်းတက် အနံ့လေးတွေ သင်းနေတတ်တဲ့ ဆွတ်ပျံ့ဖွယ် ညနေခင်းတွေ၊ အခြားသော မမေ့နိုင်စရာ အမှတ်တရ များစွာ။ ကျွန်တှော အရမ်းသတိ ရနေမိတယ်ဗျာ။


နမ်ဖဲ့ငိုင်စောရအိုင် နင့်ကိုငါချစ်တယ်
ဂရှောဆလွမ်ထ  ရင်အသဲထဲမယ်
ဒို့ရိုးရာ ဘာသာစကား
မင်းကြားဖူးသလားကွယ်
လာလာအတူပြောမယ် ဒို့ဂျိန်းဖောစကား
ကျေးဇူးတင်ပါတယ် ကျေးဂျူးကမဿဘာဆိုင်ယှော

[ Download ]


Technorati Tags: , , , ,

No response to “Kyay Juu Gabar Sai Yaw”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz