Thursday, July 6, 2006

K.H.I.N

သူ့ကို ကျွန်တှောက ခင်လို့ ခှေါသည်။ ခင်သည် မမြင်ရသော ကောင်းကင်တစ်နေရာမှာ ပုန်းအောင်းနေသော ကြယ်လေး တစ်စင်း ဖြစ်သည်။ မင်းသားလေး ညွှန်ပြခဲ့စဉ်က ထိုကြယ်လေးက ခင်ဆိုတာ ကျွန်တှော မသိခဲ့ပါ။ ထိုကြယ်လေးကို ကျွန်တှော့ နေရာမှလည်း မမြင်တွေ့နိုင်ပါ။ သို့သှော ခင်ရှိနေတယ် ဆိုတာကို ကျွန်တှော ခံစားလို့ ရနေပါသည်။ မောင်သိန်းဇှော၏ ခင်သည် ကျွန်တှော၏ ခင်ပဲ ဖြစ်ပါသည်။ ဒါပေမယ့် ကျွန်တှောကတော့ မောင်သိန်းဇှောလို ခင့်ကို မွေးနေ့အမှတ်တရ လက်ဆောင် မပေးနိုင်ခဲ့ပါ။ ကျွန်တှောပေးသော လက်ဆောင်ကိုလည်း ခင်က ယူမှာ မဟုတ်ဘူးဆိုတာ ကျွန်တှော သိထားပါသည်။ ကျွန်တှောက ခင့်ကို ချစ်ပါသည်။ ထိုထက်ပို၍ ထိုချစ်ခြင်းကို ရေးပြလို့ မရပါ။ ထိုချစ်ခြင်းမှာ ကျွန်တှော့ရင်ထဲမှာ သိသော ချစ်ခြင်း ဖြစ်သောကြောင့် ခင်လည်း မသိနိုင်ပါ။

ခင်၏ ဆံပင်များမှာ ခပ်တိုတို ဖြစ်ပါသည်။ မိန်းခလေးတွေ ဆံပင်ရှည်ရှည်နှင့် ဆိုလျှင် ကျွန်တှော နှစ်သက်သည်ဟု တစ်ခါပြောဖူးသောကြောင့် ခင်က အရှည်ထားပါသည်။ ခင်ဆံပင် ရှည်လာသောအခါ ကျွန်တှောက ဆံပင်ညှပ် လိုက်ပါလားဟု ပြောပါသည်။ ထိုအခါ ခင် စိတ်ကောက်ပါသည်။ သူ့ကို မချစ်လို့ ဆံပင်ညှပ်ခိုင်းတာလို့ ခင်က ထင်ပါသည်။ ကျွန်တှောက သူခေါင်းလျှောတိုင်း ဖျားတတ်သောကြောင့် ညှပ်ခိုင်းခြင်း ဖြစ်တာကို သူမသိပါ။ အမှန်တော့ ခင်က ဆံပင်ရှည်နှင့် ဆိုလျှင် လွန်စွာ ကျက်သရေ ရှိပါသည်။ ခင်သုံးသော ဆပ်ပြာရည် ရနံ့လေးကို ကျွန်တှော တှောတှောလေး နှစ်သက်ပါသည်။ ထိုဆပ်ပြာ ရနံ့လေးကို အပြင်မှာ ရလိုက်တိုင်း ခင်များလားဟု ကျွန်တှော တခုတ်တရ လိုက်ရှာမိတတ်သည်။ ခင်သည် လေပြေကြားမှာလည်း မရှိပါ။ သို့သှော ခင်ရှိသည် ဆိုသည်ကို ကျွန်တှော ခံစားလို့ ရပါသည်။ ခင်သည် အရုပ်ကလေးများကို ကြောက်တတ်သူ ဖြစ်ပါသည်။ သရဲ တစေဿဆကိုလည်း လွန်စွာမှ ကြောက်တတ်သူ ဖြစ်ပါသည်။ ခင့်ကို ကျွန်တှော တခါတရံ ရယ်ချင်သောကြောင့် သရဲ ခြောက်သည်။ သူ အလွန်ကြောက်သွားပုံကို မြင်ရလျှင် ကျွန်တှော စိတ်မကောင်း ဖြစ်မိပါသည်။

ခင်က ကျွန်တှော့ကို ထမင်း ခွံ့ကျွေးရတာကို သဘောကျပါသည်။ ခင်အမြဲ ပြောနေကြ စကားတစ်ခွန်းရှိသည်။ ခင်ငယ်ငယ်ကတည်းက အိမ်ကလူတွေက ထမင်း ခွံကျွေးလာရတာတဲ့ ကျွန်တှော့ကို ချစ်လွန်းလို့ သူက ပြန်ခွံ့ကျွေးတာဆိုပြီး ဖြစ်သည်။ ကျွန်တှောက ခင်ပျှောရွှင်အောင် ညာပါသည်။ ကျွန်တှော သူများ ခွံ့ကျွေးတာ ဘယ်တုန်းကမှ မစားဖူးဘူး ဟူ၍ဖြစ်သည်။ ကျွန်တှော့ မုသားကို မုသားဖြူဟု ကျွန်တှော သတ်မှတ်ပါသည်။ ခင့်ကို ညာလို၍ မဟုတ်ပါ။ ခင်ပျှောရွှင်တာကို မြင်လိုသောကြောင့် ဖြစ်ပါသည်။ တကယ်တမ်းတော့ သူ့အရင် ကျွန်တှော့ကို ခွံ့ကျွေးခဲ့သူများ ရှိပါသည်။ ဒါပေမယ့် ခင်ခွံ့ကျွေးသော ထမင်းကို ကျွန်တှော မြတ်နိုးတယ်ဆိုတာ ခင်သိလိမ့်မည်ဟု ကျွန်တှော ထင်ပါသည်။ တစ်ယောက်တည်း အထီးကျန်စွာ ညစာ စားသော အချိန်များတွင် ထိုအဖြစ်အပျက်လေးများကို ကျွန်တှော တှောတှောလေး သတိရပါသည်။ သို့သှော ကျွန်တှော့ ဘေးတွင် ခင်မရှိပါ။ သို့သှော ခင်ရှိနေသည်ကို ကျွန်တှော ခံစား၍ ရပါသည်။

ခင်က ရှက်တတ်ပါသည်။ ကျွန်တှော့ကို ချစ်တယ် တစ်ခါပြောဖို့ အတှောလေး နှုတ်ရွံ့တတ်ပါသည်။ ဒါပေမယ့် ဒါက ကျွန်တှော့အတွက် အဓိက မဟုတ်ပါ။ ခင်မပြောလည်း အသံတွေကို ကျွန်တှော ကြားရပါသည်။ ခင်သည် ရုပ်ရည်အားဖြင့် မလှပပါ။ သို့သှော ထိုမလှပခြင်းသည်ပင် ကျွန်တှော ခင့်ကို ချစ်ခြင်း တစ်မျိုး ဖြစ်ပါသည်။ ခင်သည် အရင်က စကားများပါသည်။ ကျွန်တှောနှင့် ချစ်မြတ်နိုး ချိန်မှစကာ ခင်သိပ်စကား မပြောတော့ပါ။ ချစ်ခြင်း တရားသည် စကားလုံးတွေကို ရှားပါးစေ နိုင်ပါသလား။ ကျွန်တှော သိပါသည်။ ဒါပေမယ့် ခင်မသိပါ။ ခင်သည် ကျွန်တှော့ ရင်ခွင်ထဲတွင် ခေါင်းတိုးဝင်ပြီး ချွဲနွဲ့တတ်ချင်သူ ဖြစ်သည်။ သို့သှော ခင်မချွဲနွဲ့တတ်ဘူးဆိုတာ ကျွန်တှော အသေအချာ သိသည်။ ထိုအခါ ကျွန်တှော ရယ်ပါသည်။ ထိုအခါ ခင်ရှက်တတ်ပါသည်။ သူ့ကို လှောင်သည်ဟု ထင်ပါသည်။ ရယ်ခြင်းမှာ သဘောကျလို့ ရယ်ခြင်း၊ မချိတင်ကဲ ရယ်ခြင်း၊ စိတ်ညစ်လို့ ရယ်ခြင်း၊ ဟန်ဆောင်ပြီး ရယ်ခြင်း စသည် စသည်ဖြင့် အမျိုးစုံစွာ ရှိသှောလည်း ခင်သတ်မှတ်ထားသော ကျွန်တှော၏ ရယ်ခြင်းမှာ လှောင်ရယ်ခြင်း ဟူ၍ ဖြစ်သည်။ ထိုအတွက် ကျွန်တှော့မှာ အဖြေမရှိပါ။ ဘာလို့လည်း ဆိုလျှင် ချစ်ခြင်းတရားသည် စကားလုံးများကို ရှားပါးစေသောကြောင့် ဖြစ်ပါသည်။

ယခု ဒီစာကို ရေးနေချိန်တွင် ကျွန်တှော့ ဘေးနားမှာ ဆပ်ပြာနံ့ သင်းသင်းလေး ရသည်။ ခင့်ကို အမြဲသတိ ရစေဖို့ရာ ခင် သတိပေးခြင်း ဖြစ်သည်ဟု ကျွန်တှော နားလည်ပါသည်။ ခင်သည် တစ်ခုသော ရက်က သေဆုံး သွားခဲ့သည်။ ကျွန်တှော့ကို ဒုကဿခတစ်စုံ တစ်ရာ မပေးဘဲ ခင်သေဆုံး သွားခဲ့သည်။ ခင်သေဆုံး သွားသောအခါ ကျွန်တှော မငိုမိပါ။ ကျွန်တှော့ ရင်ထဲတွင် မျက်ရည်ထက် လေးနက်သော အရာများ ရှိနေပါသည်။ ခင်မရှိတော့ပါ။ ဒါပေမယ့် ခင်ကျွန်တှော့ အနားမှာ ရှိနေဆဲ ဆိုတာကို ကျွန်တှော ခံစားလို့ ရနေပါသည်။ ဆပ်ပြာရနံ့လေး လွင့်ပျံလို့ လာနေသည်။ ထိုဆပ်ပြာ ရနံ့လေးနှင့် ကျွန်တှော အိပ်စက် ဖို့ပြင်လိုက်ပါတော့သည်။ မနက်ဖြန်တွင် ခင့်အတွက် မပေးဖြစ်လိုက်သော လက်ဆောင် တစ်ခုကို ကျွန်တှော ကျွန်တှော ပေးဖို့ ရှိပါသည်။ ထိုအရာမှာ အမှောင်ထုထဲတွင် နီကိုရဲ မြင်လိုက်သော အရာတစ်ခုလည်း ဖြစ်ပါသည်။ ခင်ဆိုသော နာမည်မှာ ဘယ်တုန်းကမှ ဒီကမဿဘာပှေါမှာ မရှိခဲ့ဘူးသော နာမည် တစ်ခုလည်း ဖြစ်ပါသည်။


Technorati Tags: , ,

No response to “K.H.I.N”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz