မွန်ဘိုင်းမှာ ဗုံးပေါက်တာက ဒီဘလော့ခ်တွေ ကနေ ဆက်သွယ်ပြီး ဆောင်ရွက်တာမို့ ဒါကို ပိတ်တယ်ဆိုပြီး ကုလားပြည် သတင်းစာက ရေးတယ်။ ၁ ရက် အတွင်းမှာပဲ ဒီက လူတွေ တှောတှောလေး ရုတ်ရုတ်ပြာပြာ ဖြစ်သွားကြတယ်။ လုပ်တဲ့ အထာက ပါကစဿစတန်တို့၊ တရုတ်တို့၊ ဗမာပြည်တို့ အထာမို့လို့။ ခဏလေးအတွင်းမှာ အင်တာနက်ပှေါမှာ အဲဒီ သတင်းက ရေပန်း အစားဆုံး ဖြစ်လာတယ်။ လုံခြုံရေးကို အကြောင်းပြပြီး ပြည်သူလူထုရဲ့ ရပိုင်ခွင့်ကို ဖိနှိပ်တာဟာ မကောင်းပါဘူး။ ပြောလိုက်တဲ့ လူအတွက်ကတော့ အေးအေး ဆေးဆေးလေးပဲ။ ဒါနဲ့ ဆက်သွယ်ပြီး ဒီလို ဖြစ်တာလား ၊ ဒါဆို ပိတ်လိုက်ကွာ ဆိုပြီး ပုစွန်ဦးနှောက်နဲ့ ပြောလိုက်တာနဲ့ အကျိုးရှိတာ အများကြီး လုပ်နေသူတွေ အခွင့်အရေး ဆုံးရှုံးကုန်တယ်။ မကောင်းမှု လုပ်ချင်တဲ့ သူဟာ ဒါနဲ့ မရရင် ဟိုဟာနဲ့ လုပ်မှာပဲ။ ဟိုဟာမရရင် နောက်တစ်မျိုး ပြောင်းလုပ်မှာပဲ။ ဒီလိုမျိုးသာ လိုက်ပိတ်နေရရင် နောက်ပိုင်း အစိုးရတွေက ပရိုက်ဗေဆီ ဆိုတာကို အမြဲချိုးဖောက် နေကြတော့ မှာလား။ နောက်ဆုံး ဖုန်းဆက်သွယ်ရေးပါ ပိတ်ပင်ရတော့မှာလား။ အခု မြန်မာပြည်မှာ မိုက်ခရိုဆော့ဖ် ဝဘ်ဆိုဒ်ကို ဝင်မရဘူးလို့ သူငယ်ချင်းတွေက ပြောတယ်။ သေချာပါတယ်။ ပညာတတ်တွေ သိပ်ပေါလာမှာ စိုးရိမ်နေတယ်နဲ့ တူတယ်။ သောက်ရမ်းပဲ့တယ်။ ကျွန်တှောကတော့ ဒီမှာ အားလုံး အေးဆေး ဖြစ်သွားပြီ။ သူတို့ ပိတ်ထားပေမယ့် ပွင့်နေတဲ့ အပေါက်တွေက ပွင့်နေတယ်။ အဲဒီကနေ ဝင်လို့ရတယ်။ ကဲအဲဒါ လုပ်လိုက်ရတာနဲ့ တှောတှော ပင်ပန်းသွားပြီ။ အိပ်လိုက်ဦးမယ်။
Technorati Tags: Human Rights
No response to “Human Rights”
Post a Comment
Trackbacks
Leave a trackback