Sunday, July 2, 2006

French broke my heart again :(

အသည်းကွဲတယ် ဆိုတာ ဒါမျိုးပဲ နေမှာပါဗျာ။ ကျွန်တှော့ရဲ့ ဘရာဇီးလ် ရှုံးသွားတာ ဘယ်လိုမှ ခံစားလို့ မရဘူး။ ပြင်သစ်အသင်း ဒီနေ့ ကစားတာ အရမ်းကို ကောင်းပါတယ်။ ဇီဒိန်းရဲ့ အရင်က အလှအပ အကွက်လေးတွေ တွေ့ရတယ်။ ပြင်သစ်ကတော့ စပိန်နဲ့ အသည်းတစ်ခါ ခွဲပြီး ဘရာဇီးလ်ကိုပါ ထပ်ခွဲလိုက် ပြန်ပြီ။ ဒါတင်မက ကျွန်တှော့ အသည်းကိုပါ ခွဲသွားပါတော့တယ်။ တစ်လျှောက်လုံး ပေစုတ်စုတ် လှုပ်လီလှုပ်လဲ့နဲ့ တက်လာတဲ့ အသင်း ဒီနေ့ကျမှ ကောင်းနေလိုက်တာ။ နောက်တန်း ဆိုတာကလည်း လုံမှလုံ။ ဒါပေမယ့် ကြည့်ရတာ တန်ပါတယ်။ တကယ့် ဘောလုံး ပညာ ပြည့်တဲ့ အသင်းနှစ်သင်း ကန်တာ ကြည့်ရတာ ၄ နှစ်စောင့်ရကြိုး နပ်ပါတယ်။ နောက်တစ်ခါ ကမဿဘာ့ဖလားဆိုရင် ရှောနယ်ဒို ကို မတွေ့နိုင်တော့ဘူး။ ကားလိုစ့် မတွေ့နိုင်တော့ဘူး။ ကာဖူး မတွေ့နိုင်တော့ဘူး။ ဇီဒိန်းလည်း မတွေ့နိုင်တော့ဘူး။ ဪ ဘရာဇီးလ်ရယ်။ ရင်ထဲမှာ မချိလိုက်တာကွယ်။ ရည်းစားနဲ့ ကွဲတာတောင် ဒီလောက် မခံစားရဘူး။ အသည်းနာတယ်။ အိပ်မက်လေးတွေ ပျက်သွားပါပြီ။ ဘရာဇီးလ် ရှုံးတဲ့အတွက် ဒီနေ့ကို ဝမ်းနည်းစွာ ဘလော့ခ် ရပ်နားလိုက်ပါတယ်။ ဘန်နာလည်း ပြောင်းလိုက်ပါပြီဗျာ။


Technorati Tags: ,

No response to “French broke my heart again :(”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz