Thursday, July 13, 2006

စောက်ရူး- The Fool

စောက်ရူး

စောက်ရူး ဆိုသော အသုံးအနှုံးကို ရိုင်းပြသည် ထင်သူများ ဤစာကို ဖတ်ရန် မလိုအပ်ပါ။ ဤစာထဲတွင် စောက်ရူးဆိုသော စကားလုံး အကြိမ်ပေါင်း ၂၉ ကြိမ်တိတိ ပါကြောင်း ကြိုတင် သတိပေး လိုက်ပါတယ်။ သင်တို့ လူကြီးလူကောင်း၊ လူလိမဿမာ လောကမှ ကျွန်ုပ်တို့အပှေါ သတ်မှတ်ရန် ဤမျှ ပြည့်စုံထိရှသော စကားလုံး ရှာမရသောကြောင့် အားပါးတရ သုံးစွဲလိုက်ရခြင်း ဖြစ်ပါတယ်။


(၁)
လက်ထဲမှ ကျမ်းစာအုပ်ကို အစိတ်စိတ်အမွှာမွှာ ဖြဲဆုတ်ပစ်လိုက်တယ်။
ကျွန်တှောက စောက်ရူးတစ်ကောင်ပဲ ဖြစ်ပါတယ်။

(၂)
ဘဝမှာ သေရင် ဘာမှပါမသွားဘူး။ လူသာသေပါစေ နာမည် မသေပါစေနဲ့တဲ့။ နာမည် မသေတော့ရော ကျွန်တှော့ဆီ ပါလာမှာလား။ ကျွန်တှောက စောက်ရူး တစ်ကောင်ပါ။ နာမည် တစ်လုံးအတွက် ဘဝကို တုန်းတိုက်တိုက် ကျားကိုက်ကိုက် မရူးမိုက် လိုပါဘူး။ ရေဆိုတဲ့ နာမည်ကို ခင်ဗျားတို့ ပေးခဲ့တယ်။ မီးဆိုတဲ့ နာမည်ကိုလည်း ခင်ဗျားတို့ပဲ ပေးခဲ့တယ်။ တကယ်လို့များ မီးကိုရေ ရေကိုမီး ဆိုပြီးသာ နာမည်တွေ ပေးခဲ့ရင် မီးတိုက်စားတယ် ရေလောင်တယ် ဆိုပြီး ခင်ဗျားတို့ ပြောကြဦးမယ်။ ခင်ဗျားတို့ ပါးစပ်တွေ ကျယ်သလောက် အာပေါက် လျှာပေါက် ပြောတတ်လွန်း ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တှော့ကို စောက်ရူးလို့ပဲ သတ်မှတ်ပေးပါ။

(၃)
စီးကရက်ကို မီးညှိပြီး ဖွာရှိုက်လိုက်တယ်။ ကျွန်တှော့ မကောင်းမှုတွေက ထွက်လာတဲ့ အခိုးအငွေ့ တွေနဲ့အတူ နှင်းတွေကြားက မြင်ကွင်းတစ်ခုလို ဝေဝေဝါးဝါး။ မကောင်းမှုတွေကို အခိုးအငွေ့တွေနဲ့ ရောယှက်ပစ်လိုက်တယ်။ သင်တို့အားလုံး အမှန်ကို မမြင်နိုင်တော့ဘူး။ မကောင်းမှု စစ်စစ်တွေကို မတွေ့နိုင် တော့ဘူးပေါ့။ ကျွန်တှောက စောက်ရူး တစ်ကောင်ပါ။ ဟန်ဆောင် တတ်တာလောက်တော့ စောက်ရူး တစ်ကောင်လည်း အသာလေး လုပ်တတ်တယ် ဆိုတာ ပြောပါရစေ။

(၄)
ကျွန်တှော ထမင်းမစားရတာ ၁၃ ရက်ရှိခဲ့ပြီ။ ကျွန်တှောဆာတယ်။ ထမင်းကို ဆာနေတာထက် အသက်ရှင်သန်မှု ဆိုတာကြီးကို ဆာလောင် နေတာပဲ ဖြစ်ပါတယ်။ ကျွန်တှော ထမင်းကို မစားဘူး။ အသက်ရှင်နေထိုင်မှုဟာ အချိန်မကျရောက် သေးလို့ ကျွန်တှော့ကို ဆာလောင်စေတယ်။ ကျွန်တှော မဆာလောင်တဲ့ တစ်နေ့ကျရင် ကျွန်တှောငြိမ်းချမ်း သွားလိမ့်မယ်။ ကျွန်တှောက စောက်ရူး တစ်ကောင်ပါ။ အသက်ရှင် နေထိုင်မှုအတွက် ဆာလောင်ခြင်း ဆိုတာကို ကျွန်တှောက ခင်ဗျားတို့ထက် ဝါဒရေးရာပိုင်းမှာ ပိုပြီးသိနားလည် ပါတယ်။

(၅)
တခါက လူတစ်ယောက်က လိုချင်တာပြော ရစေရမယ် ဆိုပြီး နောက်ဆုံးအနေနဲ့ ပြောပါတယ်။ ကျွန်တှောက သူအမြတ်နိုး တန်ဖိုး အထားဆုံး အရာတစ်ခုကို တောင်းလိုက်ပါတယ်။ ကတိတည်လွန်းတဲ့ ထိုသူက အဲဒီပစဿစည်းကို ကျွန်တှော့ကို တကယ်ပဲ ပေးခဲ့ပါတယ်။ ဒါပေမယ့် သူကတစ်ခုပြောတယ်။ ကတုံးပှေါ ထိပ်ကွက်တာ ခံလိုက်ရတယ်တဲ့။ ဟုတ်ပါတယ် တကယ်ကိုပါပဲ၊ အဲဒီသူမှာ ဆံပင်မရှိပါဘူး။ ကျွန်တှောက လက်ထဲက စာအုပ်ကိုသူ့ကို ပြလိုက်တယ်။ လူတစ်ယောက်ဟာ မြစ်တစ်ခုထဲမှာ ရေနှစ်ခါ မချိုးနိုင်ဘူးတဲ့။ အခွင့်အရေး ဆိုတာလည်း နှစ်ခါ မရတတ်ပါဘူး။ ဒါပေမယ့် သူကျေနပ်မယ် ဆိုတာ ကျွန်တှော သိနေပါတယ်။ သူသေဆုံး သွားတဲ့ နောက်မှာ အဲဒီ စောက်ရူး တစ်ကောင်က သူ့ပစဿစည်းကို မြတ်မြတ်နိုးနိုး သိမ်းထားခဲ့တယ် ဆိုတာ။

(၆)
ကျွန်တှော အဝတ်လျှောနေတယ်။ လမ်းထိပ်က ဒိုဘီလူကြီးက ပြောတယ်။ ခင်ဗျား အဝတ်တွေက ညစ်ပတ်နေတယ်တဲ့။ တကယ်တမ်းက အသစ်စက်စက် အခုမှ ဝယ်ထားခဲ့တဲ့ အဝတ်တစ်စုံပါ။ သူက ဆက်ပြောတယ်။ ခင်ဗျားစဝတ် ကတည်းက ညစ်ပတ် နေခဲ့တာတဲ့။ သူ့ဆီမှာ အပ်ဖို့ပြောတယ်။ ကျေးဇူးတင်ပါတယ်။ ဟောဒီစောက်ရူးမှာ လက်နှစ်ဖက် ပါပါတယ်။ ကိုယ်ဝတ်တဲ့ အကဿငျီလေး ညစ်ပတ် နေမယ်ဆိုရင် ဟောဒီ လက်နှစ်ဖက်နဲ့ လျှောဖွတ်ပါမယ်။ ခင်ဗျားကို အပ်ပြီး ခင်ဗျားရဲ့ အနံ့အသက်တွေ ကူးစက် မခံပါရစေနဲ့။ သူက သနားတဲ့ ပုံစံနဲ့ကြည့်တယ်။ အခမဲ့ ပါတဲ့။ ပိုပြီး ကျေးဇူးတင်ပါတယ်။ ကျွန်တှောဆိုတဲ့ ကောင်က သူများဆီက နဲနဲလေးမှ အခမဲ့ မလိုချင်ပါဘူး။ ကျေးဇူးတရားဆိုတာ နစ်မွန်းစေတတ်တာ စောက်ရူးရဲ့ အဘိဓာန်မှာ အတိအလင်း ရေးမှတ်ထားပါတယ်။

(၇)
ကျွန်တှော့ကို နှစ်သစ်ကူး တစ်ခုရဲ့ နံနက်ခင်းမှာ မေမေက မွေးခဲ့တယ်။ ရင်ပတ်လည်မှာ မှည့်စလွယ် သိုင်းနေတဲ့ ကျွန်တှော့ကို သူတို့က ငယ်ငယ်ထဲက အရမ်းမျှောလင့် ခဲ့ကြတယ်။ တခုခုတော့ ထူးခြားမယ်ပေါ့။ တခုခုတော့ ဖြစ်လာလိမ့်မယ်ပေါ့။ ကျွန်တှောက ဂျှောဒါနိုဘရူနိုကို ချစ်တဲ့ကောင်၊ ဆိုကရေးတီးကို ချစ်တဲ့ကောင် ဂယ်လီလီယို ကို မုန်းတဲ့ကောင်လေ။ ဟုတ်ကဲ့ ဖြစ်လာခဲ့ပါတယ်၊ စောက်ရူးတစ်ကောင်။ အမှန်တရားအတွက် အသက်စွန့် ရဲတဲ့ ကျွန်တှောမြတ်နိုးရာ လူတွေနဲ့အတူ ကျွန်တှော စောက်ရူးတစ်ကောင် ဖြစ်လာခဲ့ပါတယ်။ နောင်နှစ်ပေါင်း တစ်ရာလောက် ကြာခဲ့ပြီး မြန်မာပြည်မှာ ရီနေဆွန်းဆိုတဲ့ အချိန် ရောက်ခဲ့ရင်တောင် ကျွန်တှော့ ကို မှန်တယ်လို့ မသတ်မှတ်ကြပါနဲ့။ ကျွန်တှောက စောက်ရူး တစ်ကောင် သက်သက်ပါ။ ကျွန်တှော မှန်တယ်ထင်ရင် ဘဝတစ်ခုလုံးပေးရဲတဲ့ စောက်ရူး တစ်ကောင်ပေါ့။

(ဂ)
ကျွန်တှော ညနက်နက်မှာ တစ်ယောက်ထဲ ထိုင်နေတယ်။ ကျွန်တှောထိုင်နေရာ အိမ်ခေါင်မိုးပှေါက ကြည့်ရင် ကြယ်တွေကို မြင်နေရပါတယ်။ အစအဆုံး မမြင်နိုင်တဲ့ ကောင်းကင် လွင်ပြင် တလျောက်မှာ ကျွန်တှော့ စိတ်တွေက ကြယ်သွားရာ လမ်းကြောင်း တွေနဲ့အတူ လွင့်မျော နေတယ်။ ကျွန်တှောက သီချင်းသံ တိုးတိုးလေးကို ဖွင့်လိုက်တယ်။ ဗီသိုဘင်ရဲ့ မွန်းလိုက် ဆိုနာတာ။ ခင်ဗျားတို့ရဲ့ ချစ်ခြင်းတရားက ဘာပါလဲ။ ကျွန်တှောရဲ့ စိတ်တစ်ခုလုံးဟာ တိတ်ဆိတ် ငြိမ်သက်တဲ့ ကောင်းကင် အောက်မှာ စနဿဒယားသံရဲ့ ခှေါဆောင်ရာကို ပါသွားတယ်။ အလွမ်း အကြွင်းအကျန် တစ်ချို့က ကျွန်တှော့ သတိရခြင်းကို ဖြစ်စေတယ်။ အရာရာဟာ ငြိမ်းချမ်းလိုက်တာ။ အပူအပင်တွေ အားလုံး မေ့သွားတယ်။ လူတွေရဲ့ ယုတ်မာမှုတွေကို မေ့သွားတယ်။ ကျွန်တှော မျက်ရည်တချို့ ကျလာတယ်။ သာမန် လူတွေအတွက် အံ့ဩစရာ ဖြစ်နေကောင်း ဖြစ်နေနိုင်ပေမယ့် ကျွန်တှောလို စောက်ရူးတစ်ကောင် မျက်ရည်ကျတာ ကျွန်တှော့ အတွက်တော့ ဘာမှ မထူးဆန်းလှပါဘူး။ အားလုံးရဲ့ ချစ်ခြင်းတရားတွေ ဖြူစင်မှုတွေ သံယောဇဉ်တွေ အမှတ်တရတွေနဲ့ မေတဿတာတရား သက်သက်တွေကို ခံစားရတဲ့အခါ ခင်ဗျားတို့ မျက်ရည် မကျဖူးဘူး ဆိုရင် ကျွန်တှော ပြောသလို ညနက်နက်ထဲမှာ တစ်ယောက်ထဲ ဗီသိုဘင်ရဲ့ မွန်းလိုက်ဆိုနာတာ လေးကို နားထောင်ကြည့်ပါလို့ အကြံပြုပါရစေ။

(၉)
အလှတရားကို ခင်ဗျားတို့ဟာ မမြင်ဘူး။ ပီကာဆို တစ်ခါက ပြောဖူးတယ်။ ဘာလို့ အလှတရား ဆိုတာကို ပြဌာန်းချက်တွေနဲ့ လိုက်ရှာ နေကြတာလဲတဲ့ ခင်ဗျားတို့ ချစ်တတ် မြင်တတ်ရင် လောကထဲက အရာရာဟာ အရမ်းကို လှပါတယ်တဲ့။ လိုက်ရှာနေဖို့ မလိုပါဘူးတဲ့။ ခင်ဗျားတို့ ဘာကိုလိုက်ရှာ နေတာလဲ။ ဟောဒီ စောက်ရူးရဲ့ ရင်ဘတ်မှာလည်း သူများနဲ့မတူတဲ့ ချစ်တတ်ခြင်းဂီတ ရှိပါတယ်။ နားစိုက်ထောင် သူတွေသာ ကြားနိုင်တဲ့ သာယာသောအသံ သဲ့သဲ့လေး ဖွင့်ထားပါတယ်။

(၁၀)
တချို့က ကျွန်တှော့ကို မေးတယ်။ စောက်ရူးရယ် ဘာလို့ ဆေးလိပ် သောက်တာလဲ ဘီယာ သောက်တာလဲတဲ့။ ဟုတ်ကဲ့ ဘာမှမတတ်သေးတဲ့ ကလေးကို စာစသင်ရသလို ခင်ဗျားတို့ကို ရှင်းပြဖို့ခက်ပါတယ်။ ခင်ဗျားဟာ ပတ်ဝန်းကျင်ကို စကား မပြောချင် တော့တဲ့အခါ၊ ခင်ဗျားဘေးမှာ ဘယ်သူမှ ရှိမနေတော့တဲ့ အခါ၊ နေရထိုင်ရ လောကကြီးကို စိတ်ညစ် လာတဲ့အခါ အဲဒီစောက်ရူးက ဆေးလိပ်သောက်ပါတယ်။ အဆုပ်မှာ ဇကာပေါက် ဖြစ်စေတယ် ဆိုတာကို သိတယ်။ နှလုံးထဲမှာ စူးပြီး အောင့်တဲ့အထိ ဒုကဿခပေးတယ် ဆိုတာကိုလည်း သိပါတယ်။ ဆေးလိပ် သောက်နေရတဲ့အခါ သူများကို စကား မပြောဖြစ်တော့ဘူး။ စကားစကား ပြောဖန်များ စကားထဲက ဇာတိပြ ဆိုတဲ့ ကျမ်းစာစကား တွေကိုလည်း နားထောင်ရာ၊ လိုက်နာရာ ရောက်ကြောင်း၊ ငြင်းခုန် လိမ်ညာမှု တွေကနေ ပါးစပ်ပိတ် နေတဲ့အခါ အကုသိုလ်တရား မတိုးပွားဘူး ဆိုတဲ့အကြောင်း တွေကိုလည်း စာသံပေသံ ကျမ်းဂန် ကိုးကားချင် သူတွေကို ဆင်ခြေ ပေးလိုက်ချင်ပါတယ်။ ဘီယာ သောက်တယ် ဆိုတာကတော့ နှိုးစက်တစ်ခုလို့ ကျွန်တှောတို့ ဝါဒက သတ်မှတ်ထားပါတယ်။ စောက်ရူး ယဉ်ကျေးမှုမှာ တိတ်ဆိတ်ခြင်းက တန်ဖိုးရှိပါတယ်။ သိမ်းဆည်းခြင်းက တန်ဖိုးရှိပါတယ်။ မြိုသိပ်ခြင်းက တန်ဖိုးရှိပါတယ်။ ဘယ်အရာ ကိုမဆို တတ်နိုင်သမျှ မြိုသိပ်ရင်း တိုးတိုး တိတ်တိတ် နေတတ် ကြပါတယ်။ အဲဒါတွေ များလာတဲ့အခါ နှလုံးသားဟာ မွန်းကြပ် လာပါတယ်။ ဘယ်လောက် မွန်းကြပ်နေပါစေ၊ သူ့အသိစိတ်ကြောင့် သူဟာ ဘယ်သူ့ကိုမှ မဖွင့်ပြော တတ်ပါဘူး။ အဲဒီအချိန်မှာ သူဘီယာ သောက်ဖြစ်ပါတယ်။ ဘီယာအရက် ဆိုတဲ့အရာဟာ မကောင်းမှန်း စောက်ရူးတွေက ခင်ဗျားတို့ထက် ပိုသိပါတယ်။ ဒါပေမယ့် အဲဒီလို သောက်လိုက် မိတဲ့အခါ သူ့စိတ်ကို ထိန်းချုပ် ထားတာတွေ အနည်းငယ် လျော့ပါးသွားတယ်။ အဲဒီအခါ သူနဲ့ အရမ်းခင်တဲ့ သူတစ်ယောက်စီမှာ အကန့်အသတ်ရှိတဲ့ ရင်ဖွင့်မှုတွေ လုပ်မိပါတယ်။ အဲဒီလို လုပ်မှ အနည်းငယ် စိတ်သက်သာရာ ရပါတယ်။ အဲဒါပြီးသွားချိန်မှာ နောက်လာမယ့် ခံစားမှုတွေအတွက် အဲဒီစောက်ရူးမှာ ခံစားစရာ နေရာနဲနဲ လစ်လပ်သွားပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ဆေးလိပ်သောက် အရက်သောက် သူအချင်းချင်း အနေအထား မတူညီဘူးဆိုတာ သတိထားစေလိုပါတယ်။ နောင်တစ်ချိန် လူတစ်ယောက် ဆေးလိပ်သောက် အရက်သောက် နေတာတွေ့ ရင် လူကောင်းလား စောက်ရူးလားဆိုတာ သေသေချာချာ အကဲခတ်ပြီးမှ ဆုံးဖြတ် စေလိုကြောင်းပါ။

(၁၁)
စောက်ရူး တစ်ကောင်ရဲ့ နှလုံးသားဟာ သူများထက် ဖြူစင်ပါတယ်။ သူများအပှေါမှာ မကောင်းတဲ့စိတ်ထား လုံးဝမရှိပါဘူး။ ခင်ဗျား လမ်းလျှောက် သွားရင်းနဲ့ နွံအိုင်တစ်ခုထဲမှာ အုန်းသီးတစ်လုံး တွေ့တယ် ဆိုပါစို့။ ခင်ဗျား လှည့်မကြည့်ဘဲ လမ်းဆက်လျှောက် သွားနိုင်ပါတယ်။ ပတ်ဝန်းကျင် အနေအထားကြောင့် ခင်ဗျားရွံရှာမယ် ဆိုရင်လည်း ရပါတယ်။ သူတို့တွေအတွက် ပတ်ဝန်းကျင်က အဓိက မဟုတ်ပါဘူး။ ခင်ဗျားက ကောက်ယူပြီး ခွဲကြည့်မယ်ဆိုရင် အဖြူရောင် အသားသက်သက်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ခင်ဗျား ရွံတယ်ဆိုတဲ့ ရွှံ့တွေ ပေကျံမနေပါဘူး။ သူတို့ရဲ့အပှေါယံဟာ သူများတွေ မစိမ့်ဝင် နိုင်လောက်အောင် မာတယ်ဆိုတာ ခင်ဗျားတို့ သိခဲ့မယ်ဆိုရင်ပေါ့။

(၁၂)
ဓါးဆိုတာ သွေးနေမှ ထက်တယ်တဲ့။ ဓါးအသစ် တစ်ချောင်းကို ကျွန်တှောသွေးပြီးရင်း သွေးနေမိပါတယ်။ ဘယ်သောအခါမှ အရင်အသစ် ကလောက် မထက်တော့တာကို ကျွန်တှော ဝမ်းနည်းစွာ ငေးနေမိပါတယ်။

(၁၃)
ကျွန်တှောက တှောမီရေမွှေးနံ့ကို မြတ်မြတ်နိုးနိုး ကြိုက်သူ ဖြစ်ပါတယ်။ အဝတ်များကို လျှောဖွတ်ပြီးတိုင်း ထိုရေမွှေးကို ရေပုံး တစ်ခုအတွင်း အစက် သုံးလေးစက်ချကာ အဝတ်များကို ထိုရေထဲမှာ ထည့်၍စိမ်ပြီး ရနံ့စွဲအောင်လုပ်တတ်သူလည်း ဖြစ်ပါတယ်။ တစ်ရက် အဝတ်များကို ပုံးထဲထည့်ပြီး ရေပိုက်ကို ဖွင့်ချ ထားလိုက်တယ်။ မေမေလှမ်းခှေါလို့ ခဏထားခဲ့ပြီး အပြင်ကို ထွက်ခဲ့ မိပါတယ်။ ပြန်ရောက်တဲ့ အချိန်မှာ ရေတွေအားလုံး ပြည့်လျှံကျနေပြီး ကျွန်တှော့ ရေမွှေးနံ့လေးတွေလည်း အကုန်ပါသွားခဲ့ပါပြီ။ လောကမှာ အရာရာတိုင်းကို အကန့်အသတ်နဲ့ ပေးမှ ကျွန်တှော လိုချင်တာတွေ ဖြစ်လာမယ်ဆိုတာ စောက်ရူးတစ်ကောင်ရဲ့ ဒိုင်ယာရီမှာတိုးလာခဲ့ရတယ်။ ပေးဆပ်တာတွေ များလွန်းပြီး ပြည့်လျှံသွားတဲ့အခါ ကျွန်တှော ဘာတွေများ ရခဲ့ရပါသလဲ။

(၁၄)
ကျွန်တှောက ကိုယ့်ကိုကိုယ် ချိန်ကိုက်ဗုံး တစ်လုံးလို့ နာမည်ပေးထားပါတယ်။ ဘဝရဲ့ အချိန် တှောတှောများများမှာ သင်တို့အားလုံး ကျွန်တှော့ဆီမှာ ဒေါသဆိုတာကို တွေ့ရမှာ မဟုတ်ပါဘူး။ အမြဲ ပြုံးနေတတ်တဲ့ စောက်ရူး တစ်ကောင်ရဲ့ စိတ်ထားဟာ ချိန်ကိုက်ဗုံး တစ်လုံး ဖြစ်ပါတယ်။ သူပေါက်ကွဲရာ အချိန်မရောက်မချင်း သူဟာဘယ်လိုမှ မပေါက်ကွဲပါဘူး။ ဆိုကြပါစို့။ ကျွန်တှောက ရာခိုင်နှုန်း ၁၀၀ မှာ ပေါက်မယ့် ချိန်ကိုက်ဗုံး တစ်လုံးလို့ ဆိုကြပါစို့။ လူတစ်ဦး က ကျွန်တှော့ကို ထိုးတယ်။ ကျွန်တှော မပေါက်ကွဲသေးဘူး။ ဒါပေမယ့် ကျွန်တှောက အဲဒီအဖြစ်ကို ရာခိုင်နှုန်း ၃၀ လို့သတ်မှတ်တယ်။ နောက်တစ်ခါ ကောင်မလေး တစ်ယောက်က ကျွန်တှော့ကို စိတ်ညစ်စေတယ်။ ကျွန်တှောက ၄၀ ထပ်တိုးလိုက်တယ်။ ရဝ ဖြစ်နေပြီ။ ကျွန်တှော မပေါက်ကွဲ သေးပါဘူး။ ဒီလိုနဲ့ တခုတခု ဖြစ်လာလိုက်တာ ၉၉ ရောက်လာပြီ ဆိုပါတော့။ အဲဒီအချိန်မှာ ဘာမဟုတ်တဲ့ ပြသဿသနာတစ်ခု ထဖြစ်တယ်။ ၁ ရာခိုင်နှုန်းပဲ ဖြစ်ပါစေ။ ကျွန်တှော ပေါက်ကွဲဖို့ အချိန်ရောက်သွားပြီ ဖြစ်ပါတယ်။ အခုဖြစ်တဲ့ ပြသဿသနာဟာ ဘာမှမဟုတ်ဘူးဆိုတာ ဟောဒီစောက်ရူးက လက်ခံပါတယ်။ ဒါပေမယ့် ၉၉ ဖြစ်နေခဲ့တဲ့ ကျွန်တှော့ရဲ့ ခံစားမှု တွေကိုတော့ လူကောင်းဆိုသူတွေ နားမလည်နိုင် ခဲ့ပါဘူး။ ကျွန်တှောက စောက်ရူး တစ်ကောင်ပါ။ လူကောင်းတွေနဲ့ ခြားနားချက်တွေ ရှိရင် နားလည်ကြပေါ့ ခင်ဗျား။

(၁၅)
ကျွန်တှော လျှောက်ခဲ့သော လမ်းများ မှားနေလျှင် ဂငယ်ကွေ့ ကွေ့ရန် သင်က တကူးတက ခွင့်ပြုနေစရာ မလိုပါ ဘုရားသခင်။


ငါ့လှေငယ်
လူမရှိသောကမ်းသို့ ငါ့ကိုဆောင်ယူပါ
ငါ့ညကိုငါမီးထွန်းမယ်
ငါ့ဂီတကိုငါသာနားထောင်မယ်
ငါ့ကဗျာကိုငါသီကျူးမယ်
ငါ့ဥယျာဉ်ကိုငါခုတ်ထွင်မယ်
တောင်လေလာပါ
မြောက်လေနှိုးပါ
ငါ့ဖြူစင်ခြင်းတိမ်ခိုးတို့ကို
မိုးစက်များစွာနဲ့အတူရွာချခွင့်ပြုပါ
အိပ်မက်တစ်ဆယ့်သုံး
အမှောင်ဖုံးနေခဲ့သောကမဿဘာ
အာရုဏ်ချိန်မှာကွယ်ခဲ့သောအလင်း
အသက်ရှင်သန်နေထိုင်ခြင်းဆိုသောအဓိပဿပာယ်
ငါနားမလည်နိုင်ခဲ့ဘူး

ငြီးငွေ့ခြင်းကဗျာမှ


ကျွန်တှော ....
စောက်ရူးတစ်ကောင် ဖြစ်ပါတယ်။ သင်တို့ ပတ်ဝန်းကျင်မှာ မဝင်ဆန့်ခဲ့ခြင်း အတွက် ဒီနေရာကနေ တောင်းပန်လိုက် ပါတယ်။ ဤနာမည်ကို မည်မျှ ခက်ခက်ခဲခဲ ရယူခဲ့ရကြောင်းကို အထက်မှာ သင်ဖတ်ရှု ခဲ့ပြီး ဖြစ်တဲ့အတွက် သင်ဟာ ဒီဘာသာဗေဒကို အတန်ငယ် နားလည်ပေးနိုင်ပါလိမ့်မယ်လို့ ကျွန်တှောက အနည်းငယ် မျှောလင့်မိ ပါတယ်။


ညီလင်းဆက်

စာကြွင်း - ကျွန်တှော့ရဲ့ တဲရော့ကဒ် သကေဿငတကလည်း The Fool ဖြစ်ပါတယ်။

Technorati Tags: , ,

One response to “စောက်ရူး- The Fool”

Aungthu Tun said...

Psychological research has been done on effectiveness of cursing words, so Linn Sex, you are still on the right side! :)

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz