Friday, July 7, 2006

Dont Steal My Blog



စိုင်းစိုင်း ဆိုတဲ့ ကိုအောင်အောင်ရေ။ ကျွန်တှော့ ဘလော့ခ်ဟာ ဘာတန်ဖိုးမှ မရှိပါဘူးဗျာ။ ဒါပေမယ့် ဒီဘလော့ခ်လေး ဖြစ်အောင် အချိန်အကြာကြီး ကုဒ်ဒင် မတတ်တဲ့ ကြားက ကြိုးစား လုပ်ထားရတာပါ။ မြန်မာဘလော့ခ်တိုင်းကို ချစ်ပါတယ်။ ဒါပေမယ့် ဒီလို အသင့် ကူးချ တာမျိုးကတော့ ကျွန်တှော့ကို အတှော စိတ်ပျက်စေပါတယ်ဗျာ။ ခင်ဗျား နိုင်ငံရေး လုပ်တာ ကိုယ့်စတိုင်လ်နဲ့ ကိုယ်လုပ်ပါ။ ဒီဘလော့ခ် လုပ်တာတောင် သူများဆီက အလွယ် ကူးချနေရင် ခင်ဗျားလိုလူမျိုး ပြောတဲ့ နိုင်ငံရေးစကား ဘာကို ယုံကြည်ရမလဲ။ Header ကအစ Footer အဆုံး အဲလို ကူးချတာကတော့ ရှက်ဖို့ ကောင်းပါတယ်ဗျာ။ ကျွန်တှော့ ဆိုဒ်ဟာ ကျွန်တှော့ သူငယ်ချင်းများကို လွတ်လပ်စွာ စကားပြောချင်လို့ ဘာအကြောင်းနဲ့မှ အပိတ်မခံနိုင်လို့ နိုင်ငံရေး လွတ်ကင်းအောင် လုပ်ထားတဲ့ ဆိုဒ်ပါ။ ဒါကို ခင်ဗျားက နိုင်ငံရေး ဘလော့ခ်မှာ ကျွန်တှော့ ပုံစံကို တစ်ပုံစံထည်း ယူခြင်းဟာ ကျွန်တှော့ကို အများကြီး ပြသဿသနာ ဖြစ်စေနိုင်ပါတယ်။ တစ်ခါကလည်း အဲလို လူတစ်ယောက်က ကူးယူတာ ခံရပြီးပါပြီ။ ကျွန်တှော မကြိုက်ပါ။ စိတ်အတှော ဆင်းရဲတယ်ဗျာ။ လေတယ် တကယ်ပဲ။ အောက်က စာသားများကတော့ အထက်ပါ ဘလော့ခ်ပိုင်ရှင် ရေးသားထားတဲ့ နိုင်ငံရေး ပိုစ့်တွေထဲက အချောင်သမားဆိုတဲ့ သဘော တရားလေးကို ဖွင့်ဆိုထားတဲ့ ထိပ်ဆုံးက ပိုစ့်လေးပါ။ ကျွန်တှောကတော့ နိုင်ငံရေး မသိပါဘူး။ ကျွန်တှောသိတာ သူများဆီက မတရားသဖြင့် အချောင်နှိုက်တာကို အချောင်သမားလို့ ခှေါတယ် ဆိုတာပါပဲ။

မြန်မာ ပညာရှင်များသည် ပညာရှင်ဟူသော ဘွဲ့ထူးနှင့် လားလားမျှ မထိုက်တန်သူများ ဖြစ်ပေသည်။ လက်ဝဲဝါဒီတို့က ပညာတတ်ဉာဉ် ဟူသော စကားလုံးဖြင့် အချောင်သမား ဝါဒကို ကျင့်သုံးသည့် ပညာရှင် ဆိုသူများကို ဝေဖန်တတ်သည်။ အခြေခံကျင့်ဝတ်စည်းမျဉ်း (Principle) မရှိဘဲ အခွင့်အလမ်း ကောင်းကိုသာ ချောင်းမြောင်း နေတတ်သည့် အမူအကျင့်မျိုးကို ဆိုလိုခြင်း ဖြစ်သည်။ စွန့်လွှတ် စွန့်စားရသည့် အလုပ်ဆိုလျှင် ဝေးဝေးက ရှောင်ခြင်း၊ ရပ်တည်ရမည့် နေရာနှင့် ပတ်သက်လျှင် ဘာမှ ပြတ်ပြတ်သားသား မရှိဘဲ တွေဝေ နေတတ်ခြင်း (ဤသည်ကိုပင် ဗုဒဿဓနည်းကျ အလယ်အလတ် လမ်းဖြစ်သယောင်ယောင် ပြောတတ်သေးသည်)၊ အခွင့်အလမ်း ရဖို့ဆိုလျှင် ရာဇဝတ်ကောင် အာဏာရှင် များအား “ကပ်ဖားယပ်ဖား” လုပ်ရန် ဝန်မလေးခြင်း စသည့် အောက်တန်းကျသော အမူအကျင့်ကို ဆိုလိုခြင်း ဖြစ်သည်။ စင်စစ် ယင်းအမူအကျင့် မျိုးကို ပညာတတ် ဉာဉ်ဟု ခှေါမည့်အစား အချောင်သမား ဉာဉ်ဟု ခှေါပြီး ယင်းဉာဉ်မျိုး ရှိသည့် ပညာရှင် ကိုလည်း အချောင်သမား ပညာရှင်ဟု ခှေါခြင်းသည်သာ အသင့်တှောဆုံး ဖြစ်ပါကြောင်း။


Screen Shot Here [ Click ]
Website Here [ http://sshangyi.blogspot.com ]

ဒီပုဂဿဂိုလ် ဘယ်သူလဲဆိုတာ ဘယ်ကလည်းဆိုတာ ကျွန်တှော အကုန် သိလိုက်ပါတယ်။ မပြောချင်တော့ပါ။ ဒါကတော့ ပထမဆုံး တစ်ခါ တိုက်ရိုက် ကူးယူတဲ့ ဘလော့ခ် အကြောင်းပါ။ [Tun Ye Aung]။

No response to “Dont Steal My Blog”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz