မြန်မာ ဘလော့ခ်တွေကို စတင်တဲ့အခါ ယူနီကုဒ်နဲ့ စတင်ခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ယူနီကုဒ် သုံးစွဲခြင်းကြောင့် Search Engine တွေမှာ တက်ဖို့ ပိုမို မြန်ဆန်ပါတယ်။ မြန်မာ ဘလော့ခ်တွေ များပြား လာဖို့ အတွက် ကျွန်တှောတို့ နေ့တစ်မြန်မာ ဖိုရမ်မာများက တတ်အားသရွေ့ အကူအညီပေးဖို့ ရည်ရွယ်ထား ကြပါတယ်။ မြန်မာ ဘလောခ့် တစ်ခု ပြုလုပ်ခြင်းဟာ မခက်ခဲပါဘူး။ ဘလော့ခ်ဟာ ဝဘ်ဆိုဒ်လို Static သဘော မဆောင်ဘဲ Dymanic သဘောမျိုး ဆောင်ပြီး အမြဲ သက်ဝင် လှုပ်ရှားနေတဲ့အတွက် ဒီနှစ်တွေမှာ ဘလောခ့် သုံးစွဲသူတွေ အများအပြား ဖြစ်လာပါတယ်။ တစ်နေ့တာ အဖြစ်အပျက်တွေ၊ မှတ်တမ်းတွေ၊ အကြောင်းအရာတွေ အားလုံးကို ဒိုင်ယာရီ မှတ်စု သဘောမျိုးနဲ့လည်း သိမ်းဆည်း ထားနိုင်လို့ အလွန်ပဲ အဆင်ပြေပါတယ်။ မြန်မာ ဘလော့ခ်ဂါ အားလုံးနဲ့ ၊ လုပ်ချင်သူ အားလုံးအတွက် မရှိမဖြစ် လိုအပ်တဲ့ Application တွေကို မျှဝေလိုက်ပါတယ်။
1. Firefox Version 1.0.5ဒီ မီးလျှံမြေခွေး ဗားရှင်းဟာ အမှန်ဆိုရင်တော့ ဟောင်းနေပါပြီ။ ဒါပေမယ့် မြန်မာ ဘလောခ့် လုပ်ချင်သူ အားလုံးအတွက် မရှိမဖြစ် အရေးပါလှပါတယ်။ ဗားရှင်း အသစ်များမှာ ဇှောဂျီ ယူနီကုဒ်နဲ့ ကီးဘုတ်ဟာ ကောင်းမွန်စွာ အလုပ်မလုပ်ပါဘူး။ စာတွေကို တလွဲ ပှေါစေပါတယ်။ ဒါကြောင့် ဒီဗားရှင်း အဟောင်းကိုပဲ သုံးကြရပါတယ်။ ဒီဗားရှင်းကို ဒေါင်းလုဒ် လုပ်ပြီးတဲ့ အခါ မီးလျှံမြေခွေးမှာ အလိုအလျောက် Auto Update လုပ်တတ်တာကိုလည်း ပိတ်ထားပေးရပါမယ်။ အဲဒီအတွက် Tool>Option>Advanced>Update မှာ Search Engine ကလွဲပြီး ကျန်တဲ့ Check Box တွေကို Uncheck လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဖိုင်းယားဖောက်စ်ရဲ့ ဒီဗားရှင်းကို သုံးတာဟာ မြန်မာ ဘလော့ခ် လုပ်ချင်သူများအတွက်သာ ဖြစ်တယ် ဆိုတာကိုတော့ မှတ်သားစေချင်ပါတယ်။ [
Download Firefox 1.0.5 ]
2. Zawgyi Keyboard and Font
မီးလျှံမြေခွေးနဲ့ တွဲဖက်ပြီး အကောင်းဆုံး အသုံးပြုနိုင်တာ ဇှောဂျီ ကီးဘုတ်နဲ့ ဖောင့်ဖြစ်ပါတယ်။ အခြားသော ဘယ်ယူနီကုဒ်ကမှ ဇှောဂျီလောက် မြန်မာဘလော့ခ် လုပ်ဖို့ အဆင် မပြေသေးပါ။ ဇှောဂျီမှာမှ အခြား ဇှောဂျီ ကီးဘုတ်တွေကို မသုံးဘဲနဲ့ Alpha Zawgyi ကီးဘုတ်ကိုသာ သုံးစွဲသင့်ပါတယ်။ အခြားသော ယူနီကုတ် ကီးဘုတ်တွေ ထည့်သွင်းထားရင် ဇှောဂျီ ကီးဘုတ်က အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရင်သွင်းထား တာတွေရှိရင် အကုန်လုံး Uninstall လုပ်ပစ်လိုက်ပါ။ ပြီးရင် ဇှောဂျီ ကီးဘုတ်နဲ့ ဖောင့်ကို ဒီနေရာက ရယူပါ။ [
Keyboard ] [
Font ] [
လက်ကွက် ]
ဖောင့်ထည့်သွင်းပုံနဲ့ အသုံးပြုပုံကို သိချင်ရင် ဒီနေရာမှာ ဖတ်ပါ [
Link 1 ] [
Link 2 ]
အခြား ဒီဖောင့်နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ သိချင်ရင် ဒီကို သွားပါ [
Link ]
3. Blogging Supportအဓိက အသုံးအများဆုံး ၂ ခု ရှိပါတယ်။ တစ်ခုက အခု ကျွန်တှောတို့ သုံးစွဲနေတဲ့ Blogspot ဖြစ်ပါတယ်။ နောက်တစ်ခုက Wordpress ဖြစ်ပါတယ်။ Wordpress က ပိုပြီး ပရှောဖက်ရှင်နယ်လ် ဆန်ပါတယ်။ ကုဒ်ဒင်း ကျွမ်းကျင်သူတွေ၊ PHP ဘာသာစကား ကျွမ်းကျင်သူတွေ သုံးစွဲသင့်ပါတယ်။ Blogspot မှာတော့ လွယ်လွယ်ကူကူ Template တွေ ပြင်လို့ ရပါတယ်။ Wordpress ကတော့ သူတို့ Domain မှာ သုံးနေသရွေ့ အဲဒီ Level ကို ဆင်းပြင်လို့ မရပါဘူး။ လွယ်လွယ်ကူကူ သုံးချင်သူများ အနေနဲ့ Blogspot ကို သုံးစွဲဖို့ အကြံပြုလိုပါတယ်။ [
Blogspot ] [
Wordpress ]
4. Shout Box
အလွယ်တကူ Chatting သဘောမျိုး သုံးနိုင်တဲ့ Chat Box လေးကို သုံးစွဲချင်တယ်ဆိုရင် Cbox ဆိုတဲ့ ဟာလေးကို သုံးစွဲ နိုင်ပါတယ်။ အကောင့်တစ်ခု ဖွင့်ပြီး Post များ အားလုံးကို ထိန်းချုပ် နိုင်ပါတယ်။ IP trace လုပ်လို့ ရပါတယ်။ IP Lock လုပ်လို့လည်း ရပါတယ်။ [
C Box ]
5. Counter

ကောင်တာ သုံးစွဲခြင်းဟာ ကိုယ့်ဆီကို လူဘယ်နှစ်ယောက် လာလဲ ဆိုတာ သိနိုင်သလို ဘယ်သူတွေ ဘယ်ကနေ လာတယ် ဆိုတာကိုလည်း သိနိုင်ပါတယ်။ သုံးစွဲမိသမျှထဲမှာ စိတ်ကျေနပ်မှု အရဆုံးကတော့ Stat Counter ပဲ ဖြစ်ပါတယ်။ အခမဲ့ အကောင့် ရယူနိုင်ပါတယ်။ ကိုယ်ပိုင် ကွန်ပြူတာကနေ မိမိ ဝဘ်ဆိုဒ်ကို ဝင်တဲ့ အကြိမ်အရေ အတွက်များကို Count မလုပ်စေချင်ရင် ကိုယ့် IP Address ကို ထည့်သွင်း မရေတွက်ဖို့ တားဆီး ထားနိုင်ပါတယ်။ [
Stat Counter ]
6. Technorati
ဝဘ်ဆိုဒ်တွေ ဘလော့ခ်တွေမှာ Tagging ဟာ အလွန်အရေး ပါပါတယ်။ Technorati ရဲ့ ကုဒ်ဒင်းကို ထည့်သွင်းထားမယ် ဆိုရင် ကိုယ့်ဆိုဒ်ကို ဘယ်သူတွေကနေ လင့်ခ် ချိတ်ဆက် ထားတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါ့အပြင် Technorati ဟာ ကိုယ့် ပိုစ့်တွေထဲက အဓိက စာလုံးတွေကို Tag လုပ်ပေးနိုင်လို့ အလွန် အသုံး ဝင်ပါတယ်။ Search Box လေး တစ်ခုလည်း ရနိုင်ပါတယ်။ [
Technorati ]
ပိုစ့်ထဲက စာလုံး တစ်လုံးကို Tag လုပ်ချင်တဲ့ အခါ ဒီလို ကုဒ်ဒင်းလေး ရိုက်ထည့် ပေးရပါတယ်။ ဥပမာ ကိုယ် တခ် လုပ်ချင်တဲ့ စာလုံးက Technorati ဆိုပါစို့-
[ a href="http://technorati.com/tag/
technorati" rel="tag"]
Technorati[/a]
ဒီလိုလေး ရိုက်ထည့် ပေးရုံပါပဲ။ မှတ်ချက် - " [ " သကေဿငတ နေရာမှာ "<" နဲ့ ">" ကိုပြောင်းလဲ အသုံး ပြုပါ။
7. Photo Hosting

ကိုယ့် ဘလော့ခ်မှာ ပုံတွေ တင်ချင်တဲ့ အခါ ဘလော့ခ်ဂါက အခမဲ့ ပေးတင်ပါတယ်။ ဒါပေမယ့် ကြာပါတယ်။ အကောင်းဆုံက Image Shark ဆိုတဲ့ အခမဲ့ Photo တွေကို Hosting လုပ်ပေးတဲ့ ဆိုဒ်လေးကို သုံးစွဲတာပါပဲ။ ဘာအကောင့်မှ ထူးထူးထွေထွေ လုပ်နေစရာ မလိုပါဘူး။ သူ့ဆီမှာ တင်ပြီး လင့်ခ်လေးကို ဘလော့ခ်မှာ သွင်းလိုက် ရုံပါပဲ။ အင်မတန် မြန်ပြီး အင်မတန် လွယ်ကူ ပါတယ်။
[
Image Shark ]
8. Haloscan

လက်ရှိ ဘလော့ခ်ဂါမှာ အသင့် ပါပြီးဖြစ်တဲ့ Comment စနစ်ဟာ ကောင်းပါတယ်။ ဒါပေမယ့် သူ့အားနည်းချက်က IP trace လုပ်လို့ မရတာနဲ့ Track Back လုပ်လို့ရတဲ့ Function မပါတာပါဘဲ။ အခု ကျွန်တှော သုံးနေတဲ့ Comment စနစ်က Haloscan ကနေ ယူသုံးထားတာပါ။ Comment တွေတိုင်းကို Control လုပ်နိုင်ပါတယ်။ အသစ်ရောက်လာတဲ့ Comment တွေကိုလည်း RSS feed အနေနဲ့ ကြည့်နိုင်ပါတယ်။ ဘလော့ခ်ဂါ သုံးစွဲသူများ အနေနဲ့ အထူးအထွေ လုပ်စရာ မလိုပါဘူး။ အကောင့်တစ်ခု ရယူပြီး ကိုယ့်ဘလော့ခ် လင့်ခ်ကို အဲဒီမှာ သွင်းပေးလိုက်ရင် သူက အလိုလို ကုဒ်ဒင်းကို သွင်းပေးသွား ပါလိမ့်မယ်။ [
Haloscan ]
9. Firefox Extension

ကျွန်တှောတို့ မြန်မာဘလော့ခ်ဂါများ မီးလျှံမြေခွေးကို အသုံးပြုခြင်းဟာ စာရိုက်ရုံ သက်သက် အတွက်သာ မက အလွန် အသုံးဝင်တဲ့ Extension များကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီ Extension များထဲက ဘလော့ခ် အတွက် အကောင်းဆုံး Extension ကတော့ Performancing ဖြစ်ပါတယ်။ ဒါကို သုံးစွဲခြင်း အားဖြင့် Blogger New Post မှာ စာသွား ရိုက်စရာ မလိုဘဲနဲ့ Performancing ကနေ တိုက်ရိုက် ရိုက်လို့ ရနိုင်တာပါပဲ။ အဲဒီအတွက် ဘလော့ခ်ဂါ ဝဘ်ဆိုဒ်ကို ဖွင့်စရာ မလိုပါဘူး။ Tag လုပ်ချင်တယ် ဆိုရင်လည်း အဲဒီကနေ Technorati ဒါမှမဟုတ် Del.icio.us ကို တိုက်ရိုက် လုပ်ပေး နိုင်ပါတယ်။ Tag Code တွေကိုလည်း အလိုအလျှောက် ထုတ်ပေး နိုင်ပါတယ်။ အခု စာတွေကို ရိုက်ထားတာ အဲဒီကနေ ဖြစ်ပါတယ်။ အဲဒီ ဝဘ်ဆိုဒ်ကနေ Performancing Metric ဆိုတာကိုလည်း အကောင့်ဖွင့်ပြီး အသုံးပြု နိုင်ပါသေးတယ်။ Traffic Checking အတွက် ဖြစ်ပါတယ်။ [
Performancing]
10. Favicon

Webpage တစ်ခုကို ဖွင့်လိုက်တဲ့ အခါ Browser ရဲ့ Address Bar မှာ အရုပ်လေးတွေ ပှေါချင်တယ် ဆိုရင် ဒီနေရာမှာ ဖတ်ရှု လေ့လာ နိုင်ပါတယ်။ [
Favicon ]
ကျွန်တှော အသုံး ပြုမိတဲ့ ဟာတွေကို သိသမျှ ရေးသားထားတာ ဖြစ်ပါတယ်။ အားလုံး လွယ်လွယ်ကူကူ အသုံးပြု နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ မရှင်းလင်းတာတွေ ရှိခဲ့မယ် အခြား ကောင်းမွန်တဲ့ Application လေးတွေ ရှိခဲ့မယ် ဆိုရင် နေ့တစ်မြန်မာ ဖိုရမ်မှာ [
Link ] လာရောက် ပါဝင် ဆွေးနွေး နိုင်ပါတယ်။ ပျှောရွှင် ကြပါစေ။