Wednesday, July 19, 2006

19.07.2006

ဘလော့ခ်ကို နဲနဲ ပြင်လိုက်တယ်။ မညီမညာ ဖြစ်နေတဲ့ Rss Feed Logo တွေကို အသစ် ပြန်လုပ်တယ်။ သူငယ်ချင်း တွေရဲ့လင့်ကို ပုံလေးတွေ လိုက်ထည့်တယ်။ ဘာမှသာ မဟုတ်ပေမယ့် တှောတှော အချိန်ကုန် လက်ဝင်ပါတယ်။ ဒီဆိုဒ်ကို ဘန်းထားပေမယ့် ဖိုင်းယားဖောက်စ် ကောင်းမှုနဲ့ အေးအေးဆေးဆေး ဝင်လို့ ရနေပါတယ်။ ဒီမှာရေးရင် ရွှေမြို့တှောကြီးမှာ လိုက်ဘန်းနေမှာ စိုးတာကြောင့် မရေးတော့ပါဘူး။ သိချင်ရင် မေးလ်နဲ့သာ မေးပါတော့။ Blogger Censorship လုပ်တာကို ဆနဿဒပြတဲ့ အဖွဲ့ကို မဲပေးလိုက်တယ်။ ဝင်ရောက် လှုံ့ဆှောတယ်။ တစ်ချို့ ISP တွေ ပြန်ဖွင့် ပေးနေပြီ ကြားတယ်။ ကျွန်တှော့ဆီမှာတော့ ပိတ်နေတုန်းပဲ။ အစိုးရက ဘက်ကလည်း သူတို့ ပြီးသွားရင် ပြန်ကောင်းပါမယ်လို့ ကြေငြာထားတာ တွေ့ရတယ်။ ဒီတော့ ဒီကကောင်တွေနဲ့အတူ ပြန်မဖွင့်မချင်း ဟိုအှောဒီအှော လုပ်လိုက်ဦးမယ်။ မှတ်မှတ်ယယ ဒီနေ့ အာဇာနည်နေ့။ ဟိုးအရင် ကလေး ဘဝကဆို နေ့လည်ပိုင်း မိုးလေးတွေ ဖွဲဖွဲဖွဲဖွဲ ရွာနေတတ်တယ်။ ရေဒီယိုက ဥဩဆွဲရင် မတ်တပ်ရပ် ငြိမ်သက်ပြီး ဗိုလ်ချုပ်တို့ကို အလေးပြုရတယ်။ ပြီးရင် ရေဒီယိုကနေ တို့ဗမာဆိုတဲ့ သီချင်းလာတယ်။ အခုဆို မကြားရတာ ကြာနေခဲ့ပြီ။


Technorati Tags: , ,

No response to “19.07.2006”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz