Friday, June 23, 2006

Mogu & Eros

မိုဂူ

ချစ်ခြင်း မေတဿတာဆိုတာ ရင်ထဲမှာ ရှိနေတဲ့ အရာ။ ရေးပြလို့ မရဘူး။ ပြောပြလို့ မရဘူး။ မလုံလောက်ဘူး ဆိုတာထက် မပီပြင်ဘူးလို့ ငါထင်မိတယ်။ ချစ်ခြင်း မေတဿတာဆိုတာ မျက်စိ မှိတ်လိုက်တိုင်း တိတ်တိတ်လေး သိနေတဲ့ အရာ။ မျက်ရည်တွေ မဟုတ်ဘူး။ စကားလုံးတွေ မဟုတ်ဘူး။ ရန်ပွဲတွေ မဟုတ်သလို ဘာမှ မဟုတ်ဘူး။ တစ်ခါတစ်ရံ ဘယ်သူမှ မကြားရတဲ့ အသံတွေလည်း မင်းကြားမှာပဲ မိုဂူ။ ချစ်ခြင်းတရားကို သက်သေ မပြနဲ့။ ချစ်ခြင်း တရားဟာ အမုန်းတရား မဟုတ်ဘူး။ တစ်ခါတုန်းက ငါက လူတစ်ယောက်ကို ချစ်တယ်။ ပြီးတော့ အရမ်းမုန်းသွားတယ်။ အဲဒီလိုနဲ့ ပူလောင်မှုကို ခံစားပြီးချိန်မှာ ငါ့စိတ်ဟာ အလွန်ကို ငြိမ်သက်သွားတယ်။ ငါ့ကို တစ်ချို့က ပြောတယ် အချစ်မရှိဘူးတဲ့။ ငါက ပြန်ပြောတယ် ငါ့မှာ အမုန်းတရား မရှိဘူးလို့။ ငါ့ဘဝမှာ ငါ့အပှေါ ကောင်းကြသူတွေ ရှိသလို စကားချိုချို လေးတွေနဲ့ ရက်စက် ကြသူတွေလည်း ရှိတယ်။ ငါမေးချင်တယ် မိုဂူ မင်းသိတဲ့ ချစ်ခြင်း တရားက ဘာလဲ ငါသိတဲ့ ချစ်ခြင်းတရားက ဘာလဲဆိုတာ။ မင်းဟာ ကွဲပြားတဲ့ အဓိပဿပာယ်ကို မသိဘူး။ ငါဖတ်ပြတဲ့ ကဗျာတစ်ပုဒ်ကို မင်းမသိဘူး၊ မင်းသိတဲ့ တန်ဖိုးတွေကို ငါမသိဘူး။ ပန်းတိုင်တစ်ခုဟာ တစ်လမ်းထဲ လျှောက်မှ ရောက်မှာတဲ့လာူး။ ပြိုင်နေတဲ့ လမ်းတွေမှာလည်း တူညီတဲ့ ပန်းတိုင်ဆိုတာ ရှိနိုင်ပါသေးတယ်။ ညာမောင်း မောင်းတဲ့ ငါ့ကားလမ်းမှာ ဘယ်မောင်း အတင်းလာ မောင်းချင်ရင် အနဿတရာယ်ဟာ မင်းပဲ တွေ့မှာပါ။ ငါက စိတ်ဆင်းရဲမှု ဒဏ်ကို နဲနဲမှ မခံနိုင်သူ။ ငါဟာ ဖြစ်တည်မှု ပဓါနဝါဒီ။ ငါဟာ ဂှေါဂင်။ ငါဟာ မိုဒီ။ ငါဟာ ဆီမွန်ဒီဗူးဗွား ချစ်သူ။ ငါဟာ သားရဲတွင်း။ ငါဟာ ဘာသာမဲ့။ ငါဟာ ယောနသံဇင်ယှော။ ငါဟာ ဂျှောဒါနိုဘရူနို။ ငါဟာ ဘုရားသခင်။ ငါဟာ စကားလုံးတွေထက် လက်တွေ့ကို ယုံကြည်သူ။ ဒါတွေ ဒီလောက် ပြောလည်း မင်းက နားမလည်ဘူး မိုဂူ။ ငါကလည်း ဒီလောက် ပြောလို့ နားမလည်ရင် ထပ်မပြောချင်သူ။ ဒီတော့ ငါသွားတော့မယ်။ မင်းရဲ့ သာယာတဲ့ အသံလေး ငါအမြဲ ကြားရပါစေ။ ငါ့မှာ အမုန်းတရား မရှိဘူး။ မင်းပျှောရွှင်ပါစေ။ ငါ့အကြောင်း တွေးလိုက်တိုင်း အဝေး တစ်နေရာက ချစ်ခြင်းတရားကို မင်းခံစားနိုင်သလို အဲဒီ ချစ်ခြင်းတရားဟာ အကျိုး လိုလားခြင်း ဆိုတာလည်း မင်းသိနိုင်ပါစေ။

ဒီလို ပြောပြီး ချိန်မှာ ကျွန်တှောဟာ သူ့ကို လေထဲကို လွှင့်တင်လိုက်တယ်။ တကယ်တော့ မိုဂူဆိုတာ ကျွန်တှော့ရဲ့ ငှက်ကလေး တစ်ကောင်ပဲ ဖြစ်ပါတယ်။ သူဟာ ကျွန်တော့ကို တွယ်တာပေမယ့် ကျွန်တှော ပြောတာတွေကို နားမလည်ရှာသူ အယူအဆ မတူသူ တစ်ဦးလည်း ဖြစ်ပါတယ်။


အီရောစ့်


Technorati Tags: , , ,

No response to “Mogu & Eros”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz