Friday, June 9, 2006

How to make Glossy Buttons

How to make Glossy Buttons



ဒီလို လှတပတ Navigation ခလုတ်လေးတွေ လုပ်ချင်တဲ့ သူများ အတွက်ပါ။ ကျွန်တှော တတ်သလောက် ရှင်းပြပေး သွားပါမယ်။

ပထမဆုံး ဖိုတိုရှောပ့်ကနေ ဖိုင်အသစ်ဖွင့်ပါ။ ကိုယ်လုပ်ချင်တဲ့ အရွယ်အစား၊ အရေအတွက်ကို လိုက်ပြီးတော့ ပစ်ဇယ်လ်ဆိုက် ကို ရွေးချယ်ရပါမယ်။ ကျွန်တှော အခု လုပ်မှာက တစ်ခုချင်းစီ ၂၀၀ ပစ်ဇယ်လ် မို့ 600x70 နဲ့ ရီဆိုလူးရှင်း ၁၀၀ ကို ရွေးချယ်ထားပါတယ်။



ဖိုင်အသစ် ကျလာတဲ့ အခါ ဘေးက Ruler ကို Right-Click နှိပ်ပြီး Pixels ဆိုတာကို ရွေးချယ်ပေး ရပါမယ်။



ပြီးသွားရင် စနစ်တကျ ညီညီညာညာ ဖြစ်အောင်လို့ Guide Line လေးတွေ ပေးဖို့ လိုပါမယ်။ အဲဒီအတွက် Menu > New Guide ကို ရွေးချယ် ပေးရပါမယ်။



ကျွန်တှော အခု လုပ်မှာက ၂၀၀ ပစ်ဇယ်လ် ရှိတဲ့ ခလုတ် သုံးခု မို့လို့ Guide Line များကို 0,200,400,600 မှာ ထားပေးရမှာ ဖြစ်ပါတယ်။ Horizontal အတွက် 5 px နဲ့ 35 px နှစ်လိုင်း ထားပေးရပါမယ်။ ဒါပြီးသွားတဲ့ အခါ ဒီလို ပုံစံလေး ရပါမယ်။



ပြီးတဲ့အခါ Foreground Color ကို အနီရောင် ရွေးချယ်ပြီး Tools Box ထဲကနေ Rectangle Tool(U) ကို ရွေးချယ် ပေးရပါမယ်။



ပြီးရင် Guide Line ပေးထားတဲ့ အတိုင်း 200x35 ရှိတဲ့ အနီရောင် လေးထောင့် ကွက်လေးကို ဆွဲပါမယ်။



ပြီးရင် Tools Box ကနေ Rectangle Marquee ကို ရွေးပါ။



ပုံမှာ ပြထားတဲ့ အတိုင်း Guide Line ပြထားတဲ့ အတွင်းဘက် အကွက်လေးကို မှတ်သားပါ။ ပြီးရင် Shift+Clt+L (New Layer) အသစ်ကို ရယူရပါမယ်။



လေယာ အသစ် အပှေါမှာ Select လုပ်ပြီးရင် Tools Box ကနေ Gradient Tool ကို ရွေးချယ်ပေး ရပါမယ်။ Foreground Color ဟာ အနီရောင် ဖြစ်နေပြီး Background Color က အဖြူရောင် ဖြစ်နေရပါမယ်။ သဘောတရားက အပှေါပိုင်းကို ဖြူပြီး အောက်ပိုင်းကို အနီကျန်ခဲ့ဖို့ ဖြစ်ပါတယ်။ Blending Mood က Normal ဖြစ်ပြီး Opatacity က 50 ထားပေးရပါမယ်။



Guide Line ရဲ့ အလယ်မှတ် 100 ကနေ Gradient Tool ကို အောက်မှ အပှေါသို့ ဆွဲလိုက်တဲ့ အခါ ဒီလို ပုံလေး ရပါလိမ့်မယ်။



ပြီးသွားတဲ့အခါ အဲဒီ 100px Guide Line ရဲ့ဘေး 80 နဲ့ 120 နေရာများမှာ Guide Line နှစ်ခု နဲ့ အောက်ဘက် Horizontal 50px နေရာမှာ Guide Line တစ်ခု ထားပေးပါ။

အဲဒီနောက် Tools Box ထဲက Pen Tool ကို ရွေးချယ်ပါ။ သတ်မှတ်ထားတဲ့ အမှတ်တွေကနေ ဆွဲလိုက်တဲ့အခါ ဒီလို ပုံစံလေး ရလာပါလိမ့်မယ်။



တစ်ခု ပြီးသွားပါပြီ။ အထက်ပါ အဆင့်များအတိုင်း လေယာ အသစ်များ ရွေးချယ်ပြီး နောက်ထပ် ကာလာ နှစ်မျိုးနဲ့ သူ့ရဲ့ဘေးမှာ လုပ်တဲ့ အခါ ဒီလိုလေး ရလာပါတယ်။



ညာဘက် အောက်မှာ ပှေါနေတဲ့ Layer Box ကို ကြည့်မယ်ဆိုရင် ဒီအတိုင်း မြင်ရမှာ ဖြစ်ပါတယ်။



ဒီအဆင့်မှာ မျက်စိ အမြင် မရှုပ်အောင်လို့ လေယာတွေကို ပေါင်းပါမယ်။ ကီးဘုတ်ကနေ Clt ကီးကို နှိပ်ပြီး သက်ဆိုင်တဲ့ ကာလာတွေကို နှိပ်ပါ။ ပုံမှာ ပြထားတာ အနက် သုံးရောင်ကို Select လုပ်ထားတာ ဖြစ်ပါတယ်။ ပြီးရင် Clt+E ကို နှိပ်ပါ။ ဒီ Command ဟာ လေယာတွေကို ပေါင်းစည်းပေးတာ ဖြစ်ပါတယ်။ အခုဆို ဒီပုံလေး ရလာပါမယ်။ သက်ဆိုင်တဲ့ ကာလာ နာမည်တွေကို မှတ်ရလွယ်အောင် ပြောင်းပေးနိုင်ပါတယ်။



ပြီးတဲ့အခါ Layer Box ထဲက လေယာ တစ်ခုအပှေါမှာ Rightclick လုပ်ပြီး Blending Option ကို ရွေးချယ်ပေးရပါမယ်။ အရိပ်အများကြီး မထည့်လိုတဲ့ အတွက် အနည်းငယ်သာ ထည့်ပါမယ်။ ကျန် ခလုတ် လေယာ များအတွက်လည်း အထက်ပါအတိုင်း လုပ်ပေးရပါမယ်။



ပြီးတဲ့အခါ အဲဒီ ခလုတ်လေးတွေ အပှေါကို ရောင်ပြန်လေးဖြစ်အောင် လုပ်ဖို့အတွက် လေယာအသစ် ရယူပါ။ Tools Box ထဲကနေ Elliptical Marquee Tool ကို ရွေးချယ်ပြီး ဘဲဥပုံ ဆွဲပါ။ အဲဒီ နေရာကို အဖြူရောင် ဖြည့်ပါ။ ပြီးရင် Opticity ကို ၁၅ အထိ လျှော့ချလိုက်တဲ့အခါ ဒီလို မြင်ရပါလိမ့်မယ်။



အဲဒီ အပှေါကနေမှ ကိုယ်တပ်ချင်တဲ့ စာသားလေးတွေကို ရေးလိုက်တဲ့ အခါ ဒီလိုလေး ရလာမှာ ဖြစ်ပါတယ်။



ဒါကတော့ နောက်ဆုံး ထွက်လာတဲ့ ပုံလေးပဲ ဖြစ်ပါတယ်။




ဖိုတိုရှောပ့် မြန်မာဗားရှင်း Professional Tutorial များနဲ့ ပတ်သတ်ပြီး အများအပြား လေ့လာလိုရင် မြန်မာ ဘလော့ဂ်ဂါ တစ်ဦးဖြစ်တဲ့ ကိုမောင်လှရဲ့ Mg Hla Blog မှာ သွားရောက် လေ့လာ နိုင်ပါတယ်။ ဒါလေးတွေကတော့ အလွယ်လေးတွေ ဖြစ်ပါတယ် ခင်ဗျား။ ပျှောရွှင် ကြပါစေ။

No response to “How to make Glossy Buttons”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz