Sunday, June 11, 2006

အလံဖြူ

အလံဖြူ


ငါ့လက်ထဲကဓါးကိုချထားလိုက်တယ်
တောမှောရုံထဲက လမ်းလေးတစ်ခုမှာပါ
ရွာကလေးက တီးတိုးဆိုနေတုန်း
ချစ်ခြင်းတရားက မီးခိုးလိုအူနေခဲ့

မြစ်တွေစီးဆင်းရာအတိုင်း
ကမ်းတွေကကွေ့ကောက်ရသတဲ့လား
ငါ့လက်ထဲကဓါးကိုချထားလိုက်တယ်
ငါ့သွေးတွေကတော့ ချိုမြနေဆဲပါ

ဓါးနဲ့လူဟာ
အလံဖြူနဲ့မလိုက်ဖက်ဘူးတဲ့
သူမကပြောတယ်
ငါ့လက်ထဲကဓါးကိုချထားလိုက်တယ်

ကျောင်းတှောကချစ်သူ
ငါ့အတွက်စံပယ်ဖြူတစ်ခက်
သင့်လက်နဲ့ကမ်းလှဲ့ပါ
ငါဟာ ရာဇဝင်ကို
နှလုံးသွေးစက်နဲ့ ဖြန်းပက်စိုစွတ်စေချင်ခဲ့သူပါ။


လင်းဆက်
 


Technorati Tags: ,

No response to “အလံဖြူ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz