Sunday, June 11, 2006

ချစ်သူ ပန်ဆင်ရန်

ချစ်သူပန်ဆင်ရန်


တောင်တန်းနဲ့သက်တန့်တွေမရှိတဲ့
မြို့လေးတစ်မြို့အကြောင်းပေါ့
သင်နဲ့သင့်ချစ်သူသာ
တကယ်လို့များမဝေးကြရင်
အရာရာဟာဆွတ်ပျံ့စရာမကောင်းခဲ့ဘူး
မိုးကိုမျှောမိတယ်
တောင်လေကိုမျှောမိတယ်
နတ်ဖွက်ထားတဲ့
၂ဂလုံးမြောက်နကဿခတ်ကိုမျှောမိတယ်
ချစ်သူမျက်ဝန်းဖျားမှာ
နတ်ဆိုးများနားခိုချိန်
ပျိုးခဲ့သောတိမ်ညိုတွေ
ဘယ်အချိန်မှာပြိုခဲ့မလဲ
စုန်ခဲ့သောလှေဟာလည်းမျောခဲ့ပြီ
လင်းခဲ့သောညတွေလည်းမှောင်ခဲ့ပြီ
ရွာခဲ့သောမိုးတွေလည်းစဲခဲ့ပြီ
သူမအိမ်အပြန်ပန်ဖို့ရန်
စိုက်ခဲ့သောပန်းတွေလည်းကြွေခဲ့ရပြီလေ။
 

လင်းဆက်


Technorati Tags: ,

No response to “ချစ်သူ ပန်ဆင်ရန်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz