Sunday, June 25, 2006

ဗျောညွန့်

ဗျောညွန့်
တယောဦးတင်ရီ


မြို့လယ်ကမဏဿဍာပ်
အရပ်မှာတဲ့ကုသိုလ်
လက်ရမ်းကယ်ပျို
ရှင်လူပျိုတည်းတဲ့ကျောင်းအိုလို့ရွှဲ

အရှေ့ကိုလျှောက်ပါလို့
အနောက်ကိုတဲ့ မျှောလိုက်ရင်
ဪ အရှေ့ကို လျှောက်လိုက်ပါလို့
အနောက်ကိုတဲ့ မျှောလိုက်ရင်
တံခွန်တိုင်ရွှေကုကဿကား
ဘုရား ဘုရား ဘုရား ကိုမြင်

စာပုလွေ မောင်မှာပိုက်ပါလို့
စာပုလွေ မောင်မှာပိုက်ပါလို့
စာပုလွေ ဪ မောင်မှာပိုက်ပါလို့
ကျောင်းကြီးကိုတဲ့လိုက်မယ်ပြင်
ကျောင်းတှောကိုတဲ့ လိုက်မယ်ပြင်
ကျောင်းတှောကိုတဲ့ လိုက်မယ်ပြင်
ဘယ်စာ မောင်သင်မတုံးရယ်လို့
ဘယ်စာ မောင်သင်မတုံးရယ်လို့
ဘယ်စာ ဪ ဘယ်နှစ်ဝါ မောင်သင်မတုံးရယ်လို့
အမေလေးကို သံစုံနှောလို့
ပြော ပြော ပြောခဲ့ပါဦး

မမလေးတို့ ပျို့ဥယျာဉ်
မမလေးတို့ ပျို့ဥယျာဉ်
မမလေးတို့ ပျို့ဥယျာဉ်
အဝင်မှာသာပေတောင်း
အဝင်မှာသာပေတောင်း
အဝင်မှာ သာပေတောင်း
ဗောဓိရွှေကျောင်း
ဗော ဗောဓိရွှေကျောင်း
ဗောဓိရွှေကျောင်း။

ကျွန်တှော့ သွေးသားထဲမှာ ဘယ်လိုပဲ ရောခ့်၊ မှောဒန်ရောခ့်၊ အှောတာနေးတဗ် စတဲ့ ဂီတတွေ စီးဝင် နေပါစေ။ ဒီလို ရိုးရာ သီချင်းကို နားဆင် လိုက်ရချိန်မှာ အလွန်ကို ကြည်နူးမိပါတယ်။ ဒီသီချင်းဟာ မြန်မာ့ရိုးရာ ဂီတစစ်စစ် ဖြစ်ပါတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ ဗျောသံဆိုတဲ့ ကဗျာလေးကို အဘ စိန်ဗေဒါ အသက်သွင်းထားပြီး တယောဦးတင်ရီက တယောသံနဲ့ ကိုယ်တိုင် တီးခတ် သီဆို ထားတာပါ။ တောရွာတွေမှာ မောင်ရင်လောင်း ဝတ်တဲ့အခါ သီဆိုကြတဲ့ သီချင်းလေးပါ။ နံနက်စောစော အိပ်ယာနိုးချိန် ဒီသီချင်းလေး နားထောင်ရရင် အလွန် အရသာ ရှိပါတယ်။ နေ့တစ်ဖိုရမ်မှာ ဆရာကို တင်ပေးထားတဲ့ အဖိုးတန် သီချင်းများထဲက တစ်ပုဒ်ပဲ ဖြစ်ပါတယ်။


Via : Native> Myanmar Classical Music and Literature
Download Song [ Click ]


Technorati Tags: , , ,

No response to “ဗျောညွန့်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz