Saturday, June 24, 2006

ငှက်ကလေးပုံပြင်

Warning : Adult [18+]

အိမ်ဘေးမှာ ကျနေတဲ့ ငှက်ကလေး နှစ်ကောင်မှာ တစ်ကောင်က အပျံ တတ်သွားပြီဆိုတော့ တစ်ကောင်ပဲ ကျန်တော့တယ်။ အဲဒါကို ကြည့်နေရင်းနဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ ငှက်ကလေး ပုံပြင်ကို သွားသတိရတယ်။ ဆင်ဆာတော့ သိပ်မလွတ်ဘူးဗျာ။ ဒီတော့ ရိုးသားသူတွေ မဖတ်ကြနဲ့ဗျနှော့။ ကြိုပြောထားပါလေရဲ့။

တစ်ခါတုန်းက သားအဖ နှစ်ယောက် ရှိသတဲ့။ သမီးလေးက ၄ နှစ်လောက်ပဲ ရှိသေးတယ်။ တစ်နေ့တော့ သူတို့ သားအဖဟာ ကမ်းခြေမှာ ထွက်ပြီး လမ်းလျှောက် ကြသတဲ့။ အဖေ ဖြစ်သူက ဘောင်းဘီတိုလေးနဲ့ပေါ့။ သမီးက ပုစိကွေးလေး ဆိုတော့ လမ်းလျှောက်နေရင်းက လက်လှမ်းမီရာကို လက်ညှိုးထိုးပြီး- ဖေဖေ ဒါဘာလေးလဲဟင်လို့ မေးတယ်။ ဒီတော့ အဖေဖြစ်သူက အဲဒါ ငှက်ကလေးပေါ့ သမီးရယ်လို့ ပြန်ပြောတယ်။ ဒါဆိုရင် ငှက်ကလေး သမီးကို ပေးပါလား ဖေဖေရယ် သမီး ဆော့ချင်လို့ပါ ဆိုတော့ . မလုပ်နဲ့ သူက ငယ်သေးတယ် ပြီးတော့ ငှက်ဥလေးတွေ ကွဲသွားလိမ့်မယ်လို့ ပြောသတဲ့။ အဲဒီတော့ သမီး ဖြစ်သူက မကျေနပ် ပါဘူးတဲ့။ ဒီလိုနဲ့ ခဏနေတော့ သောင်ပြင်တစ်နေရာမှာ အဖေဖြစ်သူက ခဏအနားယူပြီး အိပ်လိုက်တယ်။ မကြာပါဘူး။ စူးစူးနစ်နစ် အှောသံ ကြားလို့ လူတွေ ပြေးလာ ကြတယ်။ အဲဒီမှာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ မေ့နေတဲ့ ဖခင်ဖြစ်သူကို တွေ့ကြရတယ်တဲ့။ အဲဒါနဲ့ ဆေးရုံ ပို့ပြီး ဘယ်လို ဖြစ်တာလည်း ဆိုတာ သမီးလေးကို ဝိုင်းမေးကြတယ်။ အဲဒီမှာ သမီးလေးက ဘာပြန်ပြောသလဲ ဆိုတော့

သမီးကို ဖေဖေက ငှက်ကလေးနဲ့ ပေးမဆော့ဘူးလေ။ အဲဒါနဲ့ ဖေဖေ အိပ်နေတုန်း ငှက်ကလေးကို သမီး ခိုးပြီး ဆော့တယ်။ သမီးက ငှက်ကလေးကို အသံမြည်ပြပါလို့ ပြောတာကို ငှက်ကလေးက အသံ မမြည်ဘူး။ အဲဒါနဲ့ သမီးလည်း စိတ်ဆိုးပြီး ငှက်ကလေး လည်ပင်းကို ညှစ်လိုက်တယ်တဲ့။ အဲလို ညှစ်ရလားဆိုပြီး ငှက်ကလေးက ခေါင်းထောင်ပြီး သမီးကို တံတွေးနဲ့ ထွေးတယ်လေ။ ဒါနဲ့ သမီးလည်း သူ့အမွှေးတွေ အကုန်လုံးကို ဖေ့ဖေ့ ဘောင်းဘီ အိတ်ထဲက မီးခြစ်နဲ့ မီးရှို့လိုက်တယ်။ နောက်ဆုံး မထူးပါဘူး ဆိုပြီး ဘေးနားက ကျောက်တုံးနဲ့ သူ့ ဥလေး တွေကိုပါ ထုခွဲ ပစ်လိုက်တာပေါ့လို့ ပြန်ပြောပါသတဲ့ဗျာ။ ဟားဟား။

ခင်ဗျားတို့လည်း ကမ်းခြေတွေဘာတွေ သွားမယ်ဆို ဒီကလေးမျိုး ဝေးဝေး ရှောင်ကြဗျို့။ ဒါမှမဟုတ် ငှက်မမွေးမိအောင် သတိထားပေါ့ဗျာ။ ဟားဟား။ တှောကြာ မီးမြှိုက် ခံနေရမယ်။


Technorati Tags: , ,

No response to “ငှက်ကလေးပုံပြင်”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz