Tuesday, June 13, 2006

သံသရာ ဆိုတာ

သံသရာ ဆိုတာ တွေးကြောက်နေရတဲ့ အရာလား


သံသရာဟာ အစက်ငါးစက်လို့ ဆိုကြပါစို့

ဝ. မရှိခြင်း
၁. ဘဝစခြင်း
၂. ဘဝရှင်သန်ခြင်း
၃. ဘဝသေဆုံးခြင်း
၎. သေဆုံးခြင်းရဲ့နောက်

ဒီလို ဆိုကြပါစို့။ ငါသိတာက ၁ ရယ် ၂ ရယ်။ တချိန်ချိန်မှာ ၃ လာမယ် ၄ လာမယ်။ ငါကိုယ်တိုင် မရွေးချယ်ရဘဲ ဘာကြောင့်များ ၁ ရယ် ၂ ရယ် ငါဖြစ်လာ ခဲ့ရသလဲ။ အဲဒီအတွက် ၃ နဲ့ ၄ ကို ငါကြုံရမယ်။ ဖြစ်လာရတာ မရှိခြင်း သုညကို ပြန်သွားဖို့တဲ့လား။ ဒါဟာ အဓိပဿပာယ် ကင်းမဲ့လွန်းတယ်။ ဒါဆို လူက ဦးတည်ချက် ရှိရှိနဲ့ ဖြစ်လာရတာလား။ မွေးလာတုန်းက ဘာမှမသိဘူး။ ဘာမှ မသိခြင်းက ကောင်းလိုက်တာ။ သိလာတာတွေ များလာတာနဲ့ အမျှ လောကဟာ နေရတာ ကျဉ်းကျပ်လာလိုက်တာ။ ငါနေလိုတဲ့ ဘဝဟာ လင်ယုတန်ရဲ့ ခရီးသွား တစ်ယောက်လို။ နေထိုင်ခြင်းကို ပေါ့ပေါ့လေး ထားချင်တဲ့သူ။ ဒါကြောင့် စေးဇန်းဟာ တောထဲသွားပြီး ဆွဲချင်တဲ့ ပန်းချီ ဆွဲနေတာ ဖြစ်မယ်။ အတှော စိတ်ချမ်းသာမယ့် အလုပ်တစ်ခုလို့ ငါ ထင်နေမိတယ်။ ကမဿဘာဦးမွာ ဘယ္သူမွ ပညာမတတ္ဘူး။ သူတို့ အချင်းချင်းအတွက် သူတို့ အပြုအမူတွေက မရိုင်းပြဘူး။ ငါ့ရဲ့ ၁ အမှတ်လေးကို ရွှေ့ပြီး အဲဒီမှာ ဖြစ်ခဲ့ရ ကောင်းမှာ။


Technorati Tags: ,

No response to “သံသရာ ဆိုတာ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz