Sunday, June 11, 2006

ငါ့ကိုယ်ငါသာ နားအလည်ဆုံး

ကောင်းတယ် မကောင်းဘူး ဆိုတာ ဘယ်သူတွေ သတ်မှတ်ထား ခဲ့သလဲ။ လူတွေက လူတွေကို အချင်းချင်း သတ်မှတ်ပြဌာန်းလို့ အားမရတဲ့ အခါ ဘုရားသခင်တွေ ဘုရားရှင်တွေ သူတှောစင်တွေကို ဆွဲထည့်ကြတယ်။ ငါ့အတွက်တော့ အားလုံးဟာ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပဲ လိုတယ်လို့ မြင်မိတယ်။ ဗုဒဿဒဟာ သူ့အလုပ် သူလုပ်ပြီး လွတ်မြောက်ရာ လမ်းကြောင်းကို ရောက်ခဲ့တယ်။ ခရိယာန် အလိုအရ ဘုရားသခင်က သူ့အလုပ် သူလုပ်ပြီး ဖန်တီးတယ် ဖျက်ဆီးတယ်။ မာသာ ထရီဆာဟာ သူ့လုပ်ချင်တဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ရင်း ဂရုဏာရှင် ဖြစ်ခဲ့တယ်။ ဘင်လာဒင်က သူယုံကြည်ရာ ဖျက်ဆီးရေး သူလုပ်တယ်။ နွားကျောင်းသားက သူ့အလုပ် သူလုပ်ဖို့ နွားကျောင်းရမယ်။ အားလုံးဟာ ကိုယ့်အမြင်နဲ့ ကိုယ်မှန်တယ်။

ငါ့အတွက်တော့ ကိုယ့်ဘာသာ ဖြစ်လာတဲ့ ဘဝမှာ ဘယ်သူ့ရဲ့ ပြဌာန်းချက်နဲ့မှ မနေနိုင်ဘူး။ ငါနဲ့ ဘာမှ မဆိုင်ဘူး။ Self Enlightment ဟာ သူများဆီမှာ မရှိဘူး။ ငါ့ရဲ့ ကိုယ်ထဲမှာပဲ ရှိတယ်။ တစ်ခုခုကို လုပ်တဲ့ အခါ ကောင်းမကောင်းဆိုတာ လူက သိပါတယ်။ အစွဲဆိုတဲ့ အရာက အဲဒီ ကောင်းမကောင်း သိခြင်းကို ဝေဝါးစေတယ်။ ဒါကြောင့် အစွဲကင်းအောင် နေရမယ်။ ငါကောင်းတယ် မကောင်းဘူး ငါ့ဘာသာ မသတ်မှတ်ချင်ဘူး။ မကောင်းဘူးလို့ ယေဘုယျ သတ်မှတ်ထား လိုက်တယ်။ သူများ သတ်မှတ်ချက် ကိုတော့ သောက်ဂရုကို မစိုက်ဘူး။ ရင်ထဲတော့ အနည်းငယ် နာတာပေါ့။ ဒါပေမယ့်လည်း မင်းတို့ဘက်က ကြည့်ရင် တစ်မျိုး ငါ့ဘက်က ကြည့်ရင် တစ်မျိုး ဆိုတာကို လူတွေက နားမလည် ကြဘူး။

ငါ့စိတ်ဟာ အခုဆို အလွန် နေလို့ ကောင်းတယ်။ ဘယ်သူ့ အပှေါမှာမှ အလွန်ချစ်ခြင်း အလွန် မုန်းခြင်း မရှိတော့ဘူး။ သူများကို စကား မပြောချင်တဲ့ အခါ ငါတစ်ယောက်တည်း စကားပြောတယ်။ ငါ့ကို ငါက နားလည်တဲ့ အတွက် အထူးတလည် ငါလုပ်ချင်တာတွေ ငါဖြစ်ချင်တာတွေကို ရှင်းပြနေစရာ မလိုဘူး။ ငါပြောတဲ့ အတိုကောက် စကားလုံးတွေကို ငါက နားလည်တဲ့အတွက် အကျယ်ချဲ့ ရှင်းပြနေစရာ မလိုတဲ့ အတွက် အလွန်ပဲ သက်သာတယ်။ အလွန်ပဲ အားရမိတယ်။ ငါ့ခံစားချက်မျိုး သူများ မခံစားရအောင် ငါ့ကိုယ်ငါ မြှင့်တင်တယ်။ ငါနားမလည်တဲ့ ဘာသာရပ်များကို ကောင်းသည် ဆိုးသည် ငါမပြော၊ အကဲမဖြတ် ဖြစ်အောင် ကြိုးစားတယ်။ ငါသိချင်တဲ့ ဘာသာရပ်တွေကို လေ့လာတယ်။ အဲဒီအခါ သူများက ကိုယ့်ကို စကားပြော ဆွေးနွေးတဲ့အခါ သူတို့ မပင်ပန်း တော့ဘူး။ ငါ့ကို နားလည်အောင် အရှည်ကြီးတွေ မရှင်းပြရတဲ့အတွက် သူတို့လည်း သက်သာတယ်။ ငါဖြစ်ချင်တဲ့ ယူတိုးပီးရား ဟာ ဒါပါပဲ။ လူတွေဟာ သူများအတွက် မစဉ်းစားနဲ့ ကိုယ့်ကိုကိုယ် အရင်ဆုံး မြှင့်တင်သင့်တယ်။ အဲဒီလို မြှင့်တင်ခြင်းဟာ ကိုယ့်အတွက် ကောင်းသလို သူများအတွက်လည်း တစ်ချိန်တည်း အကျိုး ဖြစ်ထွန်းတယ်ဆိုတာ နားမလည်ကြဘူး။ မိမိကိုယ်ကို မြှင့်တင်တယ်ဆိုတာ ဝိသမ လောဘတွေ မတရားလုပ်ပြီး ချမ်းသာအောင် လုပ်ခြင်းမဟုတ်ဘူး။ အတွေးအခှေါ လုပ်ရပ်တွေကို မြှင့်တင်ခြင်းပဲ ဖြစ်တယ်။ ဘယ်သူ့ ဘဝတွင်မှ ငါမနေ၊ ငါ့ဘဝတွင်သာ ငါနေသည်။ ငါချင်း ထပ်နေလို့ အတဿတကြီးတယ်လို့ သူများတွေ ထင်မယ်ဆိုလည်း သူများ အယူအဆ ဖြစ်တဲ့အတွက် လုံးဝ ဂရု မစိုက်ပါ။




Technorati Tags: , , ,

No response to “ငါ့ကိုယ်ငါသာ နားအလည်ဆုံး”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz