Friday, June 9, 2006

ဂူဂယ်လ်အတ်က မြန်မာပြည် မြေပုံအသစ်များ
















ကျွန်တှော့ဆီကို အွန်လိုင်း အကိုတစ်ယောက် ဆီကနေ မေးလ်လာပါတယ်။ ဂူဂယ်လ်အတ်က မြန်မာပြည် မြေပုံမှာ အရည်အသွေးမြင့် ပုံတွေ အများကြီး ထပ်ထည့် လိုက်ပြီတဲ့။ အဲဒါနဲ့ အားပါးတရ သွားကြည့် မိပါတယ်။ ဟုတ်ပါရဲ့ဗျာ။ ကျွန်တှော ခဏခဏ မျှောလင့်မိတဲ့အတိုင်း ဒီတစ်ခါ အများကြီးပါပဲ။ အဓိက မြို့ကြီးတွေကို မြင်ရပါပြီ။ ရှမ်းပြည် ဘက်မှာ အများဆုံး တွေ့ရပါတယ်။ ရန်ကုန်လည်း မြင်ရပြီ။ အထက်က ပုံကတော့ ရွှေတိဂုံ စေတီတှောကြီးကို ဖူးမြင်ရတဲ့ ပုံပါ။ ထူးထူးဆန်းဆန်း မနဿတလေးတော့ မပါသေးပါဘူး။ ရွှေမြို့တှော အသစ် ပျဉ်းမနားကြီးကိုလည်း ပြတ်သားစွာ တွေ့ရပါပြီ။ မြန်မာပြည်ရဲ့ ရှေးဟောင်း မြို့တှောဟောင်း တစ်ချို့ကိုလည်း ပြတ်သားစွာ မြင်ရပြီ။ ကောင်းပါလေ့ဗျာ။ ကျွန်တှောတော့ အလုပ်ရသွားပြီ။ မြန်မာပြည်က လူတွေရော၊ မြန်မာပြည်နဲ့ အဝေးမှာ ရောက်နေတဲ့ သူတွေရော ကိုယ်နေခဲ့တဲ့ နေရာလေးတွေ အမှတ်တရ နေရာလေးတွေကို အလွမ်းပြေ ကြည့်နိုင်ပြီပေါ့ဗျာ။ ပြောပြပေးတဲ့ ကိုဘိုဘိုကို ကျေးဇူးတင်ပါတယ် ခင်ဗျား။ အားလုံးပဲ Google Earth လေးကို အလျှင်အမြန် ဖွင့်ကြည့် လိုက်ကြပါတော့။ မရှိသေးသူတွေလည်း ဒီနေရာမှာ ဒေါင်းလုဒ်လုပ်ပြီး ကြည့်နိုင်ပါတယ် ခင်ဗျား။

[ Google Earth ]

Tags : Myanmar Map , Google Earth

No response to “ဂူဂယ်လ်အတ်က မြန်မာပြည် မြေပုံအသစ်များ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz