Wednesday, June 28, 2006

28.06.06

တကယ်ဆို ကိုယ့်ကိုကိုယ် တှောတှောကြီး မုန်းတီး နေမိတယ်။ အိမ်မှာ အခန့်သား နေနေရတဲ့ ဘဝကို မလိုချင်ဘူး။ ကိုယ်တတ်တဲ့ ပညာက အသက်မွေးလို့ ရပါရဲ့နဲ့ ပိုက်ဆံ မရှာနိုင်သေးဘူး။ သူငယ်ချင်း တွေက မေးတယ်။ ဘာလို့ နိုင်ငံခြားမှာ အလုပ် မလုပ်ချင် တာလည်းတဲ့။ ငါလည်း ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်။ နံပါတ်၁ ကုလားပြည်က လူတွေနဲ့ မဆက်ဆံချင်လို့။ နံပါတ်၂ သူများဆီ အောက်ကျို့ မခံချင်လို့။ နံပါတ်၃ ငါ့တိုင်းပြည်က အလုပ် မဖြစ်လို့။ မြန်မာပြည် ပြန်စရာလည်း ပိုက်ဆံ မရှိဘူး။ ဝယ်ချင်တာ လေးတွေလည်း ကိုယ်ပိုင်ငွေနဲ့ မဝယ်နိုင်သေးဘူး။ စိတ်ညစ်တယ် ပြောရင် လူတွေက မယုံမကြည် ကြည့်ကြတယ်။ တကယ်ဆို ဆေးလိပ်ငွေ့တွေကို အနံ့ မခံ နိုင်လောက်အောင် တှောတှော ရွံရှာ မုန်းတီးမိနေပြီ။ ဒါပေမယ့် ခုတလော တှောတှော သောက်ဖြစ်တယ်။ သေပစေ။ သေလည်း အေးတာပဲ။ မိဘတွေကိုလည်း ငါ့အတွက် ပိုက်ဆံ မကုန်စေချင် တော့ဘူး။ အလကားပဲ။ ငါမျှောလင့် တာတွေလည်း ဖြစ်မလာခဲ့ဘူး။ စဉ်းစားကြည့်တော့ ငါ့မှာ အပြစ် အများကြီး ရှိတယ်။ ငါစိုက်ပျိုးတာ ငါရိတ်သိမ်းရတာပဲ။ တန်ပါတယ်။ တတ်နိုင်သမျှ ငါဘာမှ မလုပ်နိုင်တဲ့အခါ သူများကို ဒုကဿခ မပေးဖြစ်အောင် ကျိုးစားမယ်။ စကဿငာပူမှာ ကျောင်းပြန်သွား တက်သင့် မတက်သင့် အလေးအနက် စဉ်းစားရမယ်။ အချိန် ၁ လလောက် ရသေးတယ်။ ငါ့ညီမလေးလည်း ဒီမှာ ကျောင်းတက် နေတော့ အိမ်က ငါ့ကို စကဿငာပူ ပို့ရရင် မလွယ်ဘူး။

ဟိုမှာ ကျောင်းတက်တယ်ဆိုတာ လွယ်တာ မဟုတ်ဘူး။ အလုပ် လုပ်တယ် ဆိုတာကလည်း မလွယ်ဘူး။ တစ်ခါက ငါ အလုပ် လုပ်ဖူးပါတယ်။ ကြက်ကြှော ရောင်းတဲ့ ဆိုင်မှာ။ တစ်နာရီကို ၆ ဒှေါလာ ခွဲလောက် ရတယ်။ လူလည်း မများဘူး။ ဒါပေမယ့် တစ်နေ့ ငါကြက်သား လှီးနေရင်းနဲ့ စဉ်းစားမိတယ်။ ဪ ပန်းချီဆွဲချင် ဒီဇိုင်းလုပ်ချင် ကဗျာရေးချင်တဲ့ လက်ဟာ ကြက်သား ခုတ်နေရပါလားလို့။ တှောတှောလေး ခါးသီးသွားတယ်။ အဲဒီ အကြှောဟာ စားရင်သာ ကောင်းတာ။ လုပ်ရတဲ့သူ အဖို့ကတော့ ၆ နာရီလောက် ကြှောပြီးသွားရင် တစ်ကိုယ်လုံးမှာ ဆီနံ့တွေ စွဲနေတယ်။ အမ်အာတီ ရထား တက်မစီးချင်ဘူး။ တှောကြာ ကိုယ့်ကြောင့် သူများ အနှောက်အယှက် ဖြစ်မှာ စိုးလို့။ အဲဒါနဲ့ အလုပ်ပြီးတဲ့ ည၁ဝနာရီခွဲမှာ အဲဒီမှာ ရေချိုးပြီးမှ ပြန်ရတယ်။ ခေါင်းကို နေ့တိုင်း လျှောရတယ်။ နို့မိုဆို အနံ့ မပျောက်လို့။ ဒါတောင် ငါက အစိုးရ ကျောင်းသား မို့လို့။ အပြင်ကျောင်းတက်ပြီး တရားမဝင် အလုပ် လုပ်ရတဲ့ ငါ့သူငယ်ချင်းတွေ ရှိသေးတယ်။ သူတို့ဆို ပိုဆိုးသေးတယ်။ အလုပ်ကလည်း လုပ်သာ လုပ်ရတာ။ လခထုတ်တာနဲ့ အိမ်လခ၊ ရေမီး၊ အင်တာနက်ဖိုး၊ ဖုန်းဘီလ်၊ ရထားကဒ်၊ ဘတ်စ်ကားကဒ်၊ အသုံးအဆောင် စရိတ် စတာတွေနဲ့ ကုန်သွားရော။ ဒီလိုနဲ့ နောက်တစ်လ လုပ်ရပြန်ရော။ တစ်ခါတစ်လေ ပိုက်ဆံက မရှိ၊ အလုပ်ကလည်း ပျက်လို့ မရတဲ့အချိန် ကျောင်းပရောဂျတ်တွေ လုပ်ခိုင်းရင် လူကို ရူးနေတာပဲ။ စကဿငာပူမွာ ငါညမအိပ္ခဲ့ရတဲ့ညေတြ အေတာှမ်ားတယ္။ တစ်ခါတစ်လေ ကျောင်းသွားတဲ့ ရထားပှေါမှာ ၄၅ မိနစ်လောက် အိပ်ရတယ်။ တစ်ခါတော့ အမ်အာတီ စတေရှင်မှာ အိပ်ပျှောသွားတယ်။ ငါယူတဲ့ ဘာသာရပ်က မြန်မာလူမျိုး မရှိတာမို့ အကူအညီ တောင်းစရာ သူငယ်ချင်းလည်း မရှိဘူး။ ပိုက်ဆံပြတ်ရင် အငတ်နေရတယ်။

ကျောင်းတက်ခါက ပထမဆုံး စီမီစတာမှာ အတှောလေး ရုန်းကန်ရတယ်။ ဘာသာရပ်က မခက်ခဲပေမယ့် စလုံးတွေရဲ့ စင်းဂလစ်ရှ် ဒဏ်ကို အတှောလေး ခံရတယ်။ ခုချိန်ထိ စင်ကာပူ စင်းဂလစ်ရှ်ကို ယောင်လို့တောင် နားမထောင်ချင်ဘူး။ ဘယ်တုန်းကမှလည်း ပြောဖို့ မကြိုးစားဘူး။ တစ်ခါတော့ ကျောင်းတွေ ပိတ်ခါနီး ပရောဂျတ်တွေ ပြည့်နှက်နေချိန် ပိုက်ဆံက ပြတ်သွားတယ်။ အိမ်ကိုလည်း တောင်းရတာ အားနာတာနဲ့ ကတ်သတ်ပြီး နေတယ်။ ကြက်ဥ တစ်ကဒ်၊ ကှောဖီတစ်ထုပ်နဲ့ ခေါက်ဆွဲထုပ်တွေ ဝယ်ထားပြီး အဲဒါနဲ့ စားရတယ်။ ဒီလိုနဲ့ နောက်ဆုံး ကြက်ဥတစ်လုံးနဲ့ ခေါက်ဆွဲ တစ်ထုပ် ကျန်တယ်။ ဒါတောင် တစ်ရက်ကို တစ်ထုပ်လောက်ပဲ စားတာ။ အရမ်းဗိုက်ဆာလာလို့ ခေါက်ဆွဲပြုတ်ပြီး ကြက်ဥကို ဖောက်ထည့်လိုက်တာ ကြက်ဥက နဲနဲ မကောင်းတော့ဘူး။ စားမိလိုက်တဲ့ အချိန်မှာ ဒီကြက်ဥ မလတ်တော့ဘူးဆိုတာ သိလိုက်တယ်။ ဒါပေမယ့် ခေါက်ဆွဲကို သွန်ပစ်ရင် စားစရာ မရှိတော့လို့ ဒီလိုပဲ ဆက်စား လိုက်ရတယ်။ ဒီခေါက်ဆွဲကိုတော့ တစ်သက် မေ့မယ် မထင်တော့ဘူး။ အိမ်ကတော့ မသိပါဘူး။ လူပင်ပမ်း စိတ်ပင်ပမ်း ဖြစ်နေတဲ့ အချိန်မှာ လူမှုရေး ပြသဿသနာတွေက တက်တယ်။ စုံနေတာပဲ။ ပြန်မတွေးချင်ပါဘူး။ စကဿငာပူဆိုတာ ၃ ရက်လောက် အလည်လာရင်သာ ကောင်းတဲ့ နေရာ။ ပိုက်ဆံပေါရင် ရှော့ပင်းထွက်လို့ ကောင်းတဲ့ နေရာ။ အလုပ်လုပ်ဖို့တော့ ယောင်လို့တောင် စိတ်မကူးမိဘူး။ စင်ကာပူကလူတွေလည်း ကြည့်လို့ကို မရဘူး။ နားနား ကပ်ကပ်ပြောတဲ့ တရုတ်အသံတွေ ပိုလို့တောင် စိတ်ကုန် မိသေးတယ်။ အခါအခွင့် သင့်ရင်တော့ တစ်ခေါက်လောက်တော့ ပြန်ရောက်ဦး မှာပေါ့လေ။ တစ်နေ့နေ့ပေါ့။ ဒီနေ့ တှောတှော စိတ်ဓါတ် ကျနေမိတယ်။ ဒီလို ရေးလိုက်ရတော့ နဲနဲ ပေါ့သွားတယ်။ အတူတူ ဒုကဿခ ခံခဲ့ကြတဲ့ ငါ့သူငယ်ချင်း ကျှောသီနဲ့ သူသူ တို့ကိုလည်း သတိရ နေမိတယ်။ နောက်ရက်တွေ အင်တာနက် သုံးနိုင်ဖို့ မသေချာတော့ပါ။ တစ်ခုခု လုပ်ရမယ်။ ငါ့စိတ်တွေကို ပြန်လည် တည်ဆောက် နိုင်ပါစေ။

No response to “28.06.06”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz