Wednesday, June 21, 2006

21.06.06

21.06.06

ခုတလော စိတ်တွေ သိပ်မကောင်းဘူး။ တစ်ခုခုကို အှောပစ်လိုက် ချင်ပေမယ့် ငါ့စိတ်တွေက မွန်းကြပ်နေတယ်။ အှောလို့ မရဘူး။ မနက် ၁၁ နာရီမှာ အိပ်စက်ပြီး ညနေ ၇ နာရီမှာ အိပ်ယာထတယ်။ ဘောလုံးပွဲ ကြည့်တယ်။ တစ်ညလုံး ကွန်ပြူတာ လုပ်တယ်။ ဖိုတိုရှောပ့် ကျူတိုရီရယ်လ်တွေ အများကြီး လုပ်ဖြစ်တယ်။ ငါမသိသေးတာတွေ အများကြီး ရှိသေးတယ်။ ဆက်လုပ်ရမယ်။ ငါ့မျက်လုံးတွေက အိပ်ချင်နေတယ်။ ဒါပေမယ့် ငါ့ဦးနှောက်က အိပ်ခွင့် မပေးဘူး။ ဆက်လုပ်ရမယ်။ ငါမသိသေးတာတွေ အများကြီး ရှိသေးတယ်။ အိပ်ပစ်လိုက်ရင် တစ်ရက် ကုန်သွားမယ်။ ဒီလိုနဲ့ ငါ့အတွက့် ရက်တွေ တစ်ရက်ပြီး တစ်ရက် ကုန်သွားတယ်။ အရမ်း အိပ်ချင်လာတဲ့အခါ ကှောဖီသောက်တယ်။ ပြီးရင် ဆက်လုပ်တယ်။ တစ်ခါတစ်လေ ကျရင် ငါ ၂၄ နာရီပတ်လုံး ကုလားထိုင်ပှေါမှာ ရှိနေဖြစ်တယ်။ တစ်ခါတစ်ခါ ပင်ပန်းလွန်းပြီး အိပ်ပျှောသွားတယ်။ မိုးတွေကလည်း ခုတလော ရွာရွာနေတယ်။ ငါ့စိတ်ထဲမှာ အရာရာက လေးလံနေတယ်။ အိပ်ရမယ့် အချိန်တွေကို နှမြောတယ်။ ဆံပင်တွေက ရှည်ရှည်လာတယ်။ ဂစ်တာတီးတာ အသံတွေက ကြောင်နေတယ်။ ငါ့သီချင်း ကီးတွေကို ငါမေ့နေတယ်။ ငါ့အသံတွေက စီးကရက်ကြောင့် အရင်လို မကောင်းတော့။ ကဗျာတစ်ပုဒ် ကြိုးစား ရေးကြည့်တယ်။ ပြီးသွားတဲ့အခါ အရသာ မရှိလို့ အားလုံး ဖျက်ပစ်လိုက်တယ်။ ငါပြောတာကို နားလည်သူ ဘာလို့ မရှိခဲ့သလဲ။


Technorati Tags: , ,

No response to “21.06.06”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz