Tuesday, June 6, 2006

06.06.06




သတိ ထားမိကြ မလားတော့ မသိပါဘူး။ ဒီနေ့ဟာ ၆ရက် ၆လ ၂၀၀၆ ဆိုတဲ့ ၆ခုစွန်း နေ့လေးပါ။ ဒီလို ရက်တွေ ထပ်တတ်တဲ့ ဂရက် ဂလ ၁၉၈၈ ခုနှစ်မှာတုန်းက မြန်မာပြည်ကြီးမှာ သွေးချောင်းစီးတဲ့ အရေးအခင်းကြီး တစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တှောတို့က ၃ တန်းကျောင်းသား တွေပေါ့။ ဒီလိုနဲ့ ၃တန်းကို ၂နှစ် တက်လိုက်ရတယ်။ ဘာပဲ ပြောပြော ဒီနေ့ဟာ နာမည်ကျှော ရုရှား ကဗျာဆရာကြီး ပုရှ်ကင် မွေးဖွားတဲ့ နေ့လည်း ဖြစ်ပါတယ်။ နိုဗယ်လ်ဆုရ ဂျာမန်စာရေး ဆရာကြီး သောမတ်စ်မန်း ရဲ့ မွေးနေ့လည်း ဖြစ်တယ်။ ကျွန်တှော့ အတွက်တော့ အမေရဲ့ မွေးနေ့လည်း ဖြစ်ပါတယ်။ ဒီဘလော့ခ်ကို ပြင်ဆင်လိုက်တာ ပိုစ့် ၆၀၀ အတိ ရှိတဲ့ နေ့လည်း ဖြစ်ပါတယ်ခင်ဗျား။

ဒီလို ၆သုံးလုံး ဂဏာန်းကို အချို့သော သူများက အလွန်သတိထား ကြပါသတဲ့။ အချို့ ကိုယ်ဝန်ဆောင် မိခင်များဟာ ဒီနေ့မှာ မွေးဖွားမှာ စိုးလို့ ရှောင်ကြပါသတဲ့။ ခရိယာန် ဘိုင်ဘယ်လ်မှာ 666 ဟာ မကောင်းတဲ့ စာတန် နတ်ဆိုးတွေနဲ့ ပတ်သတ်တဲ့ နံပါတ် ဖြစ်ပါတယ်တဲ့။ ဒါကြောင့် ဒီနေ့ကို မကောင်းဆိုးဝါးနေ့လို့ သတ်မှတ် ထားကြ ပါတယ်။

အခုအထိတော့ မိုးသားတွေလည်း ကြည်လင်နေဆဲ၊ ကောင်းကင်က ပြာဆဲ၊ ကျွန်တှောလည်း သီချင်းလေး နားထောင်ပြီး ဒီဘလော့ခ် ရေးနေဆဲ၊ အမေတို့လည်း အိပ်နေဆဲပါ။ အမေနိုးလာရင် ထူးထူးဆန်းဆန်း ဆုတောင်း စကားလေး ပြောပြီး ကန်တော့မယ်လို့ စဉ်းစားနေမိပါတယ်။ မဂဿငလာ မွေးနေ့ ဖြစ်ပါစေ အမေ။ စိတ်ချမ်းသာစွာနဲ့ ဘဝတစ်သက်တာလုံး ပျှောရွှင် နိုင်ပါစေ။ သူငယ်ချင်းများ အားလုံးလည်း ထူးထူးခြားခြား ဒီလိုနေ့လေးမှာ အမှတ်တရ ဖြစ်နိုင်ကြပါစေလို့။


Tags : Diary , Chaos , ,

No response to “06.06.06”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz