Tuesday, May 30, 2006

McLeod Ganj

Free Image Hosting at www.ImageShack.us

မေမ်ွာှလင့္ဘဲ တိဘက် ဒလိုင်းလားမားကြီး နေထိုင်တဲ့ Himachal Pradesh ပြည်နယ်ထဲက McLeod Ganj ဆိုတဲ့ တောင်ပှေါ မြို့လေးကို အလည်ရောက် ဖြစ်ခဲ့တယ်။ ဒီမြို့လေးဟာ မြန်မာပြည်ရဲ့ ကလောမြို့လေးလိုပဲ ထင်းရူးတောတွေ ကြားထဲမှာ တည်နေတဲ့ မြို့ငယ်လေး တစ်မြို့ပဲ ဖြစ်ပါတယ်။ တိဘက်လူမျိုးတွေ အများဆုံး နေထိုင်ကြတယ်။

တရုတ်ပြည် ကွန်မြူနစ်ပါတီက ယခင် တိဘက် လာဆာမြို့တှောဟောင်းကို သိမ်းပိုက်ပြီး လာမားရဟန်းတှော များနဲ့ ပြည်သူလူထုကို သတ်ဖြတ်ခဲ့ကြတဲ့ အခါ ဒလိုင်းလာမားဟာ အိနဿဒိယဘက်ကို ထွက်ပြေးခဲ့ရတယ်။ အဲဒီအချိန်မှာ အိနဿဒိယ ဝန်ကြီးချုပ် နေရူးကနေ ဒလိုင်းလားမားကြီးနဲ့ တိဘက်နွယ်ဖွားတွေကို ဒီဒေသလေးမှာ ခိုလှုံခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။ Little Lasa လို့လည်း သူတို့ ခှေါကြပါတယ်။

မက်ခ်လော့ မြို့လေးဟာ ပင်လယ်ရေပြင်အထက် ပေပေါင်း ၅၅၀၀ ကျှောမှာ တည်နေပါတယ်။ အရှေ့ဘက် နဲ့ မြောက်ဘက်မှာ တောင်တန်းတွေနဲ့ ကာဆီးထားတယ်။ ဟိမဝနဿတာ တောင်တန်းကြီး အစပြုရာ နေရာလည်း ဖြစ်ပါတယ်။ ကမဿဘာလှည့် ခရီးသွားများနဲ့ ပြည့်နေပါတယ်။ တောင်လာတက်သူများ၊ ယဉ်ကျေးမှု လာရောက် လေ့လာသူများနဲ့လည်း ပြည့်နေပါတယ်။ အများအားဖြင့်တော့ လနဲ့ချီပြီး လာရောက်နေထိုင်သူတွေ များပါတယ်။ တချို့ကလည်း တရားစခန်းတွေ ဝင်ကြတယ်။ တချို့ကလည်း အဲဒီနားက Triund ဆိုတဲ့ တောင်ကို လာတက်ကြတာပါ။ အဲဒီတောင်က ပေပေါင်း ၁၁၀၀၀ နီးပါး မြင့်ပါတယ်။ တောင်ဟာ မတ်စောက်တာကြောင့် ကွေ့ပတ် တက်ကြရပါတယ်။ အဲဒီတောင်ပှေါ ရောက်ရင်တော့ ပတ်ဝန်းကျင်က နှင်းတောင်တွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ကြ ရပါတယ်။

အဲဒီ ဒေသရဲ့ ယေဘုယျ ရာသီဥတုဟာ အေးမြနေပြီး နေထိုင်လို့ အတှောလေး ကောင်းပါတယ်။ မိသားစုလိုက် သွားရောက်နေထိုင်မယ် ဆိုရင်လည်း မီးဖိုချောင် ရေချိုးခန်း တစ်ပါတည်း ပါဝင်တဲ့ အခန်းလေးတွေကို သက်သက်သာသာ ငှားနေနိုင်ပါတယ်။ အစားအသောက် အနေနဲ့ကတော့ သစ်သီးဝလံများနဲ့ ကြက်သား ဆိတ်သား အများဆုံး ရနိုင်ပါတယ်။ တနဂဿငနွေ နေ့တွေမှာတော့ ဒေသခံတွေဟာ သက်သက်လွတ် စားလေ့ ရှိကြတယ်။ အဲဒီနေ့မှာ လာမားကြီးရဲ့ ကျောင်းတိုက်မှာ လာမားရဟန်းတှောတွေဟာ တရားစာများ စုပေါင်း ရွတ်ဖတ်တတ်ကြပါတယ်။ အဲလိုနေ့မျိုးဆို ကျောင်းဝန်းကြီး တစ်ခုလုံး လူတွေ ပြည့်နှက်နေတာပါပဲ။ အသေးစိတ်ကိုတော့ နောက်ရက်ကျမှ ထပ်မံ ရေးသား ပါဦးမယ်။

အိနဿဒိယကို အလည်လာမယ် ဆိုရင်ဖြင့် ဒီနေရာလေးဟာ မဖြစ်မနေ သွားရောက် လည်ပတ် သင့်တဲ့ နေရာတစ်ခု ဖြစ်တယ်ဆိုတာ လက်ဆင့်ကမ်း လိုက်ရကြောင်းပါ ခင်ဗျား။


Tags : McLeod Ganj , Diary

No response to “McLeod Ganj”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz